အလင်းပြပြီး၀င်လာတဲ့ CDM စစ်သားတွေကိုပန်ဆယ်လိုပြောပြီ

News

အလင်းပြပြီး၀င်လာတဲ့ CDM စစ်သားတွေကိုပန်ဆယ်လိုပြောပြီ

ဒီပိုစ့်မှာ အဓိက ရည်ရွယ်တာက စစ်တပ်CDM ကိစ္စ။

အခုအချိန်မှ စစ်တပ်က ထွက်လာတဲ့ စစ်သားတွေကို လက်ခံပေးတာ နားလည်လို့ရတယ်။ လက်နက်နဲ့အလင်းဝင်လာရင် ဆုချီးမြှင့်တာတို့၊ ဩဇီက လက်ခံပေးတာတို့တွေ လုပ်ပေးတာကိုလည်း နားလည်လို့ရတယ်။

ဒါဟာ ဒင်းတို့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ မဟုတ်ဘူး။ ကိုယ်တွေရဲ့ PDF လူငယ်တွေအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ။

ကိုယ်တွေဘက်ကို သတ်မယ့်သူတစ်ယောက် လျော့သလို ကိုယ်တွေဘက်က သတ်ရမယ့်သူတစ်ယောက်လည်း လျော့တယ်။ ဒီ့တော့ ကျေနပ်လွန်းလှတာ မဟုတ်ပေမယ့်၊ ကြည်ဖြူလွန်းလှတာ မဟုတ်ပေမယ့် လက်ခံတယ်။

ဒါပေမယ့် အခုအချိန်မှ အကျိုးမျှော်ကိုးမှုကြောင့်စစ်စေ၊ အပြင်းအထန်ခုခံပြီးမှ လက်နက်ချတာဖြစ်စေ။ ဒါမျိုးတွေကို CDMလို့ သတ်မှတ်တာကိုတော့ မကြည်ဖြူဘူး။ ဖိနှိပ်မှုတွေကြားက ပြည်သူနဲ့ရပ်တည်ခဲ့တဲ့ စစ်တပ်CDMတွေကို တန်ဖိုးကျစေတယ်။

ခုခံပြီး မနိုင်လို့ လက်နက်ချတာ စစ်သုံ့ပန်း။ စစ်သားCDM မဟုတ်ဘူး။

ခုခံပြီး မနိုင်လို့ လက်နက်ချတာ စစ်သုံ့ပန်း။ ပူးပေါင်းတာ မဟုတ်ဘူး။

တည့်တည့်ပြောရရင် တိုက်ပွဲမှာ ဖမ်းဆီးမိတဲ့ကောင်က လက်နက်ချအလင်းဝင်တာ မဟုတ်ဘူး၊ ပူးပေါင်းတာဆိုပြီး ဖျင်ယားနေတဲ့ စစ်ခွေးရဲ့စကားက လက်သင့်ခံစရာ မဟုတ်ဘူး။

အင်တာဗျူးကို ကြည့်ရသလောက် နားလည်လိုက်တာက အဲ့ဒီ့ဗိုလ်မှူးဆိုတဲ့ကောင်က ပြည်သူဘက်က ရပ်တည်တာလည်း မဟုတ်ဘူး။ ပြည်သူကို သတ်ရတာ မသာယာလို့လည်း မဟုတ်ဘူး။ အထက်ကကောင်တွေကို မကျေနပ်လို့ ထွက်လာတာ သီးသန့်ပဲ။

ရှင်းအောင် ပြောထားမယ်။ အဲ့လိုကောင်တွေကို CDM ဆိုပြီး လေးစားမှုလည်း တစ်ပြားဖိုးမှ မပေးနိုင်ဘူး။ လူပါးဝပြီး ပြောဆိုနေတာကိုလည်း သည်းမခံနိုင်ဘူး။

စစ်တပ်က ဗိုလ်မှူးအဆင့် ထွက်လာတယ် ဆိုတာနဲ့ အခြားအဆင့်တွေ ထွက်လာတာထက် ပိုဝမ်းသာအားရဖြစ်နေတယ်ရင် ခင်ဗျားတို့လည်း ဒင်းတို့ရာထူးတွေကို တဖက်လှည့်နဲ့ ဦးညွှတ်ခြင်းပဲ။

ကိုယ်ကတော့ ရှင်းတယ်။ အခုအချိန်မှာ စောက်တပ်ထဲက မင်းအောင်လှိုင်ကစပြီး အောက်ခြေ ထမင်းချက်ထိ တစ်တန်းတည်း MaALoe ပဲ။

ပိုကြီးတဲ့ကောင် ပိုMaALoe ပဲ။

အဲ့လိုရေးလို့ မကျေနပ်လည်း ဘောပဲ။

Leave a Reply

Your email address will not be published.