မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းရှိ၊မရှိကို တစ်အိမ်တက်ဆင်းလိုက်စစ်ဖို့ ဒု-စစ်ခေါင်းဆောင် စိုးဝင်း ပြော
ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်
စစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် မှတ် ပုံတင်နဲ့ အိမ်ထောင်စုစာရင်းရှိ၊ မရှိကို တဦးချင်းစီ အ လိုက် တအိမ်တက်ဆင်းလိုက်လံစစ်ဆေးရမယ်လို့ စစ်အာဏာသိမ်း ဒု-စစ်ခေါင်းဆောင် စိုးဝင်းက ပြောကြား လိုက်ပါတယ်။




ဧပြီလ ၁ ရက်နေ့က ဒု-စစ်ခေါင်းဆောင် စိုးဝင်း ဦးဆောင်ပြုလုပ်တဲ့မဲစာရင်းပြုစုရေးဆိုင်ရာအစည်းအဝေးမှာ ၄င်း တို့လက်အောက်ခံ ပြည်ထဲရေး၊ လဝက၊ ရွေးကောက်ပွဲ ကော်မရှင် အပါအဝင် ဝန်ကြီးဌာနတွေကို အခုလိုပြော ဆိုခဲ့တာပါ။
ဒု-စစ်ခေါင်းဆောင် စိုးဝင်းက ”၂၀၂၃ ခုနှစ်တွင် ကျင်းပရန်ရည်ရွယ်ထားသည့် ရွေးကောက်ပွဲကိုစာရင်း တိကျမှန် ကန်စေရန်အတွက် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင် အားဌာနများနှင့်ပူးပေါင်း၍ တဦးချင်းစီတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရှိမရှိ၊ အိမ်ထောင်စုစာရင်း လဝက ပုံစံ ၆၆/၆ ရှိ၊မရှိ တစ်အိမ် တက်တစ်အိမ်ဆင်းစိစစ်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့တာပါ။




ဒါ့အပြင် စစ်ကောင်စီရဲ့လူဝင်မှုကြီးကြပ်ရေးဌာနကလည်း ဧပြီ ၁ ရက်နေ့ကစပြီး ခရီးသွားလာ၊တည်းခိုရာတွေမှာ အရင်လို ထောက်ခံစာနဲ့မရတော့ဘဲ မှတ်ပုံတင်ရှိမှသာခွင့်ပြုမှာဖြစ်ပြီး ယာဥ်လိုင်းတွေကိုလည်း မှတ်ပုံ တင်ရှိမှ ကားစီးခွင့်ပြုဖို့လိုက်လံ ညွှန်ကြားထားတာပါ။
ဧပြီ ၁ ရက်နေ့ကစလို့ အဲ့ဒီမှတ်ပုံတင်စစ်ဆေးတာတွေကို စစ်ကောင်စီဘက်က စတင်ပြုလုပ်နေတာဖြစ်ပြီးတော့ ဒု-စစ်ခေါင်းဆောင် စိုးဝင်း အခုလို တအိမ်တက်ဆင်းထပ်မံစစ်ဆေးဖို့ မှာကြားခဲ့တာပါ။
Crd
#AyryarwaddyTimes
မွတ္ပုံတင္နဲ႔ အိမ္ေထာင္စုစာရင္းရွိ၊မရွိကို တစ္အိမ္တက္ဆင္းလိုက္စစ္ဖို႔ ဒု-စစ္ေခါင္းေဆာင္ စိုးဝင္း ေျပာ
ဧရာဝတီတိုင္းမ္
ဧၿပီ ၃ ရက္
စစ္ေကာင္စီက ျပဳလုပ္မယ့္ေရြးေကာက္ပြဲအတြက္ မွတ္ ပုံတင္နဲ႔ အိမ္ေထာင္စုစာရင္းရွိ၊ မရွိကို တဦးခ်င္းစီ အ လိုက္ တအိမ္တက္ဆင္းလိုက္လံစစ္ေဆးရမယ္လို႔ စစ္အာဏာသိမ္း ဒု-စစ္ေခါင္းေဆာင္ စိုးဝင္းက ေျပာၾကား လိုက္ပါတယ္။




ဧၿပီလ ၁ ရက္ေန႔က ဒု-စစ္ေခါင္းေဆာင္ စိုးဝင္း ဦးေဆာင္ျပဳလုပ္တဲ့မဲစာရင္းျပဳစုေရးဆိုင္ရာအစည္းအေဝးမွာ ၄င္း တို႔လက္ေအာက္ခံ ျပည္ထဲေရး၊ လဝက၊ ေရြးေကာက္ပြဲ ေကာ္မရွင္ အပါအဝင္ ဝန္ႀကီးဌာနေတြကို အခုလိုေျပာ ဆိုခဲ့တာပါ။
ဒု-စစ္ေခါင္းေဆာင္ စိုးဝင္းက ”၂၀၂၃ ခုႏွစ္တြင္ က်င္းပရန္ရည္ရြယ္ထားသည့္ ေရြးေကာက္ပြဲကိုစာရင္း တိက်မွန္ ကန္ေစရန္အတြက္ လူဝင္မႈႀကီး ၾကပ္ေရးႏွင့္ ျပည္သူ႔အင္ အားဌာနမ်ားႏွင့္ပူးေပါင္း၍ တဦးခ်င္းစီတိုင္း နိုင္ငံသားစိစစ္ေရးကတ္ရွိမရွိ၊ အိမ္ေထာင္စုစာရင္း လဝက ပုံစံ ၆၆/၆ ရွိ၊မရွိ တစ္အိမ္ တက္တစ္အိမ္ဆင္းစိစစ္ရမည္ျဖစ္ေၾကာင္း” ေျပာၾကားခဲ့တာပါ။




ဒါ့အျပင္ စစ္ေကာင္စီရဲ့လူဝင္မႈႀကီးၾကပ္ေရးဌာနကလည္း ဧၿပီ ၁ ရက္ေန႔ကစၿပီး ခရီးသြားလာ၊တည္းခိုရာေတြမွာ အရင္လို ေထာက္ခံစာနဲ႔မရေတာ့ဘဲ မွတ္ပုံတင္ရွိမွသာခြင့္ျပဳမွာျဖစ္ၿပီး ယာဥ္လိုင္းေတြကိုလည္း မွတ္ပုံ တင္ရွိမွ ကားစီးခြင့္ျပဳဖို႔လိုက္လံ ညႊန္ၾကားထားတာပါ။
ဧၿပီ ၁ ရက္ေန႔ကစလို႔ အဲ့ဒီမွတ္ပုံတင္စစ္ေဆးတာေတြကို စစ္ေကာင္စီဘက္က စတင္ျပဳလုပ္ေနတာျဖစ္ၿပီးေတာ့ ဒု-စစ္ေခါင္းေဆာင္ စိုးဝင္း အခုလို တအိမ္တက္ဆင္းထပ္မံစစ္ေဆးဖို႔ မွာၾကားခဲ့တာပါ။
#AyryarwaddyTimes
Crd