သင်္ကြန်အကတိုက်ရန်ပြင်ဆင်နေသည့် မုံရွာစီးပွားရေးတက္ကသိုလ်ဝင်းအတွင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်

News

သင်္ကြန်အကတိုက်ရန်ပြင်ဆင်နေသည့် မုံရွာစီးပွားရေးတက္ကသိုလ်ဝင်းအတွင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် သင်္ကြန်အကတိုက်ရန်ပြင်ဆင်နေသည့် မုံရွာစီးပွားရေးတက္ကသိုလ်ဝင်းအတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိကြောင်း Peeople’s Defence Force – South Monywaက အသိ​ပေးထုတ်ပြန်သည်။

ယမန်နေ့(ဧပြီ ၁ရက်)ည ၁၀နာရီခွဲခန့်တွင် Peeople’s Defence Force – South Monywa နှင့် Black Dragon Special Task Force တို့မှ ဦးဆောင်၍ အခြား မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်း ၅ ဖွဲ့ဖြစ်သော Golden Eagle Force၊ Knights Of The Red Land၊ Naung Yoe LDF၊Monywa Fighter Group (MFG)၊ ပတ္တမြားညီနောင်တို့နှင့်လက်တွဲကာ မုံရွာစီးပွားရေးတက္ကသိုလ်တွင် သင်္ကြန်အတွက် အကတိုက်ရန် ပြင်ဆင်နေကြသော အကြမ်းဖက်စစ်ကောင်စီ စစ်သားနှင့် ရဲသားများအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လျှော့တိုက်ဒုံး ၁၀လုံး၊ ၄၀(မမ) ၁၅လုံး၊ ၆၀(မမ)နှစ်လုံး၊ လက်ပစ်ဗုံး ၁၅လုံး၊ လက်လုပ် Short ဂမ်း – ၄လက် (ကျည် ၁၅တောင့်)၊ လက်လုပ် 7.62 – ၂လက် (ကျည် ၈တောင့်)၊ လက်လုပ် 5.56 – ၄လက် (ကျည်၁၈တောင့်)၊ M22 – ၁လက်(ကျည် ၉ တောင့်) ၊UZI – ၁ လက်(ကျည် ၃ တောင့်)နှင့် အင်အား၄၀ကျော် သုံးကာဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁ဝဦးမှ ၁၅ဦးဝန်းကျင် ထိခိုက်နိုင်ကြောင်း Peeople’s Defence Force – South Monywaက အသိပေးသည်။

May be an image of indoor

အဆိုပါ တိုက်ခိုက်မှုကြောင့် တက္ကသိုလ်ဝင်းရှိ အဆောက်အအုံတစ်ခုပေါ်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲ ပျက်စီးခဲ့ကြောင်းဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မတ်လ၃၀ရက် ညပိုင်းကလည်း မုံရွာစီးပွားရေးတက္ကသိုလ်ဝင်းရှိ သင်္ကြန်အတွက် အကတိုက်နေသော စစ်ကောင်စီဘက်တော်သားများကို PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

သၾကၤန္အကတိုက္ရန္ျပင္ဆင္ေနသည့္ မုံရြာစီးပြားေရးတကၠသိုလ္ဝင္းအတြင္း ပစ္ခတ္တိုက္ခိုက္မႈျဖစ္

စစ္ကိုင္းတိုင္း မုံရြာၿမိဳ႕တြင္ သၾကၤန္အကတိုက္ရန္ျပင္ဆင္ေနသည့္ မုံရြာစီးပြားေရးတကၠသိုလ္ဝင္းအတြင္း ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ထိခိုက္မႈမ်ားရွိေၾကာင္း Peeople’s Defence Force – South Monywaက အသိ​ေပးထုတ္ျပန္သည္။

ယမန္ေန႔(ဧၿပီ ၁ရက္)ည ၁၀နာရီခြဲခန္႔တြင္ Peeople’s Defence Force – South Monywa ႏွင့္ Black Dragon Special Task Force တို႔မွ ဦးေဆာင္၍ အျခား မဟာမိတ္ေတာ္လွန္ေရးအဖြဲ႕အစည္း ၅ ဖြဲ႕ျဖစ္ေသာ Golden Eagle Force၊ Knights Of The Red Land၊ Naung Yoe LDF၊Monywa Fighter Group (MFG)၊ ပတၱျမားညီေနာင္တို႔ႏွင့္လက္တြဲကာ မုံရြာစီးပြားေရးတကၠသိုလ္တြင္ သၾကၤန္အတြက္ အကတိုက္ရန္ ျပင္ဆင္ေနၾကေသာ အၾကမ္းဖက္စစ္ေကာင္စီ စစ္သားႏွင့္ ရဲသားမ်ားအား တိုက္ခိုက္ခဲ့ျခင္း ျဖစ္သည္။

ထို႔အျပင္ ေလၽွာ့တိုက္ဒုံး ၁၀လုံး၊ ၄၀(မမ) ၁၅လုံး၊ ၆၀(မမ)ႏွစ္လုံး၊ လက္ပစ္ဗုံး ၁၅လုံး၊ လက္လုပ္ Short ဂမ္း – ၄လက္ (က်ည္ ၁၅ေတာင့္)၊ လက္လုပ္ 7.62 – ၂လက္ (က်ည္ ၈ေတာင့္)၊ လက္လုပ္ 5.56 – ၄လက္ (က်ည္၁၈ေတာင့္)၊ M22 – ၁လက္(က်ည္ ၉ ေတာင့္) ၊UZI – ၁ လက္(က်ည္ ၃ ေတာင့္)ႏွင့္ အင္အား၄၀ေက်ာ္ သုံးကာဝင္ေရာက္ ပစ္ခတ္ခဲ့ေၾကာင္း၊ အၾကမ္းဖက္စစ္သားႏွင့္ ရဲတပ္ဖြဲ႕ဝင္ ၁ဝဦးမွ ၁၅ဦးဝန္းက်င္ ထိခိုက္နိုင္ေၾကာင္း Peeople’s Defence Force – South Monywaက အသိေပးသည္။

အဆိုပါ တိုက္ခိုက္မႈေၾကာင့္ တကၠသိုလ္ဝင္းရွိ အေဆာက္အအုံတစ္ခုေပၚသို႔ လက္နက္ႀကီးက်ေရာက္ ေပါက္ကြဲ ပ်က္စီးခဲ့ေၾကာင္းေဒသခံမ်ားက ေျပာသည္။
ၿပီးခဲ့သည့္ မတ္လ၃၀ရက္ ညပိုင္းကလည္း မုံရြာစီးပြားေရးတကၠသိုလ္ဝင္းရွိ သၾကၤန္အတြက္ အကတိုက္ေနေသာ စစ္ေကာင္စီဘက္ေတာ္သားမ်ားကို PDF ပူးေပါင္းအဖြဲ႕က လက္နက္ႀကီးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေသးသည္။

Crd

Leave a Reply

Your email address will not be published.