အရာတော်မြို့နယ် သစ်ကျင်းကြီးရွာရှိ စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်း တပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

News

အရာတော်မြို့နယ် သစ်ကျင်းကြီးရွာရှိ စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်း တပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

အရာတော်မြို့နယ် သစ်ကျင်းကြီးရွာရှိ စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်း တပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီတပ်သား ခုနစ်ဦးသေဟု ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် သက်ကြီးပြော

ရဲခေါင်/People’s Spring
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာရှိ စစ်ကောင်စီတပ် စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်

သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)ခေါင်းဆောင် သက်ကြီးက People’s Springသို့ ပြောသည်။

စခန်းသိမ်းတိုက်ပွဲမှာ ဧပြီ၁ ရက် နေ့လယ်၁ နာရီခန့်က ZERO ပြောက်ကျား တပ်ဖွဲ့(မြင်းခြံ) နှင့်အတူ သပြေညို၊ FALCON FORCE၊ အရာတော်ဘုန်းနိုင်၊ ပတ္တမြားညီနောင်အဖွဲ့များက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စခန်းကို ရွှေဘို နဲ့မုံရွာ ကတ္တရာလမ်းမကြီးပေါ်ကနေ ဝင်ပစ်တာ။သေတဲ့သူတွေ အလောင်းကို အာရာဖတ်ကားတစ်စီးနဲ့ တင်ပြေးတာ။ကျွန် တော်တို့လည်း လိုက်ပစ်သေးတယ်။ဒါပေမယ့် ပြည်သူတွေရှိနေတော့ ဆက်မလိုက်တော့တာ”ဟု ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) ခေါင်းဆောင်က ရှင်းပြသည်။

တိုက်ပွဲ ဖြစ်ပွားချိန်မှာ ၂ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ခုနစ် ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်။PDF ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက် မရှိခဲ့ကြောင်းလည်း ZERO ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

တိုက်ပွဲအတွင်း စစ်တပ်စခန်းကို သိမ်းဆည်းနိုင်ခဲ့သည့်အပြင် ဆိုင်ကယ်(၃) စီးသိမ်းဆည်း ရမိခဲ့ကာ စစ်ကောင်စီတပ်များက အယောင်ဆောင် အသုံးပြုလျက်ရှိသည့် လူနာတင်ယာဉ် လည်းလက်နက်ကြီးထိမှန် ပျက်စီးမီးလောင်ကျွမ်းခဲ့သည်။

(သိမ်းဆည်းရမိသည့် ယာဥ်များကို တွေ့ရစဥ်၊ ဓာတ်ပုံ – ZERO ပြောက်ကျား တပ်ဖွဲ့)

အရာေတာ္ၿမိဳ႕နယ္ သစ္က်င္းႀကီးရြာရွိ စစ္ေကာင္စီတပ္စခန္းကို PDF ပူးေပါင္း တပ္ဖြဲ႕ တိုက္ခိုက္သိမ္းပိုက္

စစ္ေကာင္စီတပ္သား ခုနစ္ဦးေသဟု ZERO ေျပာက္က်ားတပ္ဖြဲ႕ေခါင္းေဆာင္ သက္ႀကီးေျပာ

ရဲေခါင္/People’s Spring
စစ္ကိုင္းတိုင္း အရာေတာ္ၿမိဳ႕နယ္ သစ္က်င္းႀကီးေက်းရြာရွိ စစ္ေကာင္စီတပ္ စခန္းကို PDF ပူးေပါင္းတပ္ဖြဲ႕က တိုက္ခိုက္သိမ္းပိုက္ခဲ့ၿပီး စစ္ေကာင္စီတပ္သား ခုနစ္ဦးေသဆုံးေၾကာင္း ZERO ေျပာက္က်ားတပ္ဖြဲ႕(ျမင္းၿခံ)ေခါင္းေဆာင္ သက္ႀကီးက People’s Springသို႔ ေျပာသည္။

စခန္းသိမ္းတိုက္ပြဲမွာ ဧၿပီ၁ ရက္ ေန႔လယ္၁ နာရီခန္႔က ZERO ေျပာက္က်ား တပ္ဖြဲ႕(ျမင္းၿခံ) ႏွင့္အတူ သေျပညိဳ၊ FALCON FORCE၊ အရာေတာ္ဘုန္းနိုင္၊ ပတၱျမားညီေနာင္အဖြဲ႕မ်ားက လက္နက္ႀကီး၊လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

“စခန္းကို ေရႊဘို နဲ႔မုံရြာ ကတၱရာလမ္းမႀကီးေပၚကေန ဝင္ပစ္တာ။ေသတဲ့သူေတြ အေလာင္းကို အာရာဖတ္ကားတစ္စီးနဲ႔ တင္ေျပးတာ။ကၽြန္ ေတာ္တို႔လည္း လိုက္ပစ္ေသးတယ္။ဒါေပမယ့္ ျပည္သူေတြရွိေနေတာ့ ဆက္မလိုက္ေတာ့တာ”ဟု ZERO ေျပာက္က်ားတပ္ဖြဲ႕(ျမင္းၿခံ) ေခါင္းေဆာင္က ရွင္းျပသည္။

တိုက္ပြဲ ျဖစ္ပြားခ်ိန္မွာ ၂ နာရီေက်ာ္ၾကာျမင့္ခဲ့ၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ခုနစ္ ဦးေသဆုံးၿပီး ငါးဦးဒဏ္ရာရရွိခဲ့သည္။PDF ပူးေပါင္းတပ္ဖြဲ႕မွ အထိအခိုက္ မရွိခဲ့ေၾကာင္းလည္း ZERO ေျပာက္က်ားတပ္ဖြဲ႕က ဆိုသည္။

တိုက္ပြဲအတြင္း စစ္တပ္စခန္းကို သိမ္းဆည္းနိုင္ခဲ့သည့္အျပင္ ဆိုင္ကယ္(၃) စီးသိမ္းဆည္း ရမိခဲ့ကာ စစ္ေကာင္စီတပ္မ်ားက အေယာင္ေဆာင္ အသုံးျပဳလ်က္ရွိသည့္ လူနာတင္ယာဥ္ လည္းလက္နက္ႀကီးထိမွန္ ပ်က္စီးမီးေလာင္ကၽြမ္းခဲ့သည္။

(သိမ္းဆည္းရမိသည့္ ယာဥ္မ်ားကို ေတြ႕ရစဥ္၊ ဓာတ္ပုံ – ZERO ေျပာက္က်ား တပ္ဖြဲ႕)

Leave a Reply

Your email address will not be published.