စစ်တပ်ကကောင်တွေနဲ့ ခရိုနီအဆင့်သူဌေးတွေဆိုတဲ့ လူတန်းစားတွေရဲ့ Mindset က အတူတူပဲလို့ပြောလာတဲ့ပန်ဆယ်လို

News

စစ်တပ်ကကောင်တွေနဲ့ ခရိုနီအဆင့်သူဌေးတွေဆိုတဲ့ လူတန်းစားတွေရဲ့ Mindset က အတူတူပဲလို့ပြောလာတဲ့ပန်ဆယ်လို

သူတို့ကို ပြည်သူဘက်က ရပ်တည်ပါတို့၊ ပြည်သူ့ရင်ခွင်ခိုလှုံပါတို့နဲ့ မရဘူး။

ဒီကောင်တွေကို စည်းရုံးဖို့ နည်းက နှစ်နည်းပဲ ရှိတယ်။ တစ်နည်းက အကြောက်တရား၊ တစ်နည်းက မက်လုံးပဲ။

စစ်ခွေးတွေကို ခပ်စိတ်စိတ် ငရဲပို့နိုင်တာဟာ သူတို့ကို ပေးတဲ့ အကြောက်တရားပဲ။ ဩဇီကို ပို့ပေးမယ်ဆိုတာက သူတို့လိုချင်တဲ့ မက်လုံးပဲ။ ဒီနှစ်ခုကို အသေအချာ အရောက်ပေးလိုက်နိုင်ရင် ပြိုကျလာမှာ။

အခုတောင် စောက်တပ်ထဲမှာ ဩဇီဂယက်က အတော်ကြီးတယ်။ ဩဇီကိုပို့တာ မဟုတ်ပါဘူးဆိုပြီး အကြီးပိုင်းတွေကအစ ဆင်းစည်းရုံးနေရပြီ။

ခရိုနီအဆင့် သူဌေးတွေနဲ့ ပတ်သက်ပြီး တစ်နှစ်တာ ကာလမှာ နည်းလမ်းပေါင်းစုံ အပျော့နည်းနဲ့ လမ်းဖွင့်ပေးခဲ့ပြီးပြီ။ NUG ကို လျို့ဝှက်အခွန်ဆောင်ဖို့၊ Bond ဝယ်ဖို့ စသဖြင့်။

အခုအနေအထားကတော့ အကြောက်တရားအဆင့်ကို ကူးပြောင်းဖို့လိုအပ်လာပြီလို့ ယူဆတယ်။ စီးပွါးရှာစားချင်ရင် တော်လှန်ရေးကို အခွန်ဆောင်ရမယ်၊ ပူးပေါင်းမှ ဖြစ်မယ်ဆိုတဲ့ မက်ဆေ့ချ်ကို အရောက်ပေးရလိမ့်မယ်။

နောက်တဆင့်အနေနဲ့ကတော့ မက်လုံးပဲ။ ပြည်သူ့အစိုးရနဲ့ပူးပေါင်းသူတွေအနေနဲ့ တော်လှန်ရေးအောင်တဲ့အခါ ဘာပရော့ဂျက်တွေအတွက် ကြိုတင် Invest လုပ်လို့ရတယ် ဆိုတာမျိုး။

အခုတော်လှန်ရေးမှာ အကြီးအကျယ်ရုန်းနေတာက အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားပဲ။ Elite အလွှာ မပါဘူး။ ဒီအလွှာပါလာရင် ခဏလေး ပွဲပြတ်တယ်။

ဥပမာ- ကိုယ်တွေ ဒီရက်ထဲ တစ်နိုင်ငံလုံး ရုန်းနေကြတဲ့ Project Dragonfly လိုအရာမျိုးက Elite တွေ ပါလာရင် တစ်ရက်တည်းနဲ့ ဆယ်ခုလည်း ဖြစ်တယ်။

တော်လှန်ရေးအတွက် လူလတ်တန်းစားနဲ့ အခြေခံအလွှာကချည်း အနာခံနေရတာ စိတ်နာတယ်။ လူလတ်တန်းစားနဲ့ အခြေခံအလွှာ နာလာရင် Elite တွေလည်း မချောင်ဘူးဆိုတာ ပေးသိကြရမယ်။

စစ်ကောင်စီကို ကြောက်ရလို့ပါလို့ ဆင်ခြေနောက်မှာ ပုန်းကွယ်ပြီး အချောင်ခိုနေတဲ့ကောင်တွေအတွက် ပြည်သူကို ဆန့်ကျင်ခြင်းရဲ့ရလဒ်ကိုလည်း ကြောက်ရမယ်ဆိုတာ ပေးသိရတော့မှာ။Elite တွေအတွက် Strategy ကို စကိုစသင့်ပြီ။

Crd

Leave a Reply

Your email address will not be published.