သင်္ကြန်ပွဲတော်ကို စနိုက်ပါသမားများ ထားရှိရန် စစ်ကောင်စီညွှန်ကြားထားဟုဆို
ရန္ကုန္သၾကၤန္ပြဲေတာ္ကို စႏိုက္ပါသမားမ်ား ထားရွိရန္ စစ္ေကာင္စီၫႊန္ၾကားထားဟုဆို
အရမ္းအႏၲရာယ္မ်ား၍ ျပည္သူမ်ား သတိျပဳသင့္ရန္ လူငယ္တစ္ဦး အႀကံျပဳ




ရဲေခါင္/People’s Spring
ရန္ကုန္ၿမိဳ႕ မဟာသၾကၤန္ပြဲေတာ္ကို စည္းကားစြာက်င္းပ မည္ဟုဆိုေသာ္လည္း လုံၿခဳံေရးအရ ဗဟို၊အတြင္း၊အျပင္စည္းမ်ားအပါအဝင္ စႏိုက္ပါသမားမ်ားထားရွိရန္ အၾကမ္းဖက္စစ္ေကာင္စီ၏ ၫႊန္ၾကားစာ ထြက္ေပၚလာသည္။
အဆိုပါ ၫႊန္ၾကားစာကို Myanmar Police CDM Channel – MPCCသို႔ တပ္တြင္းဖရဲသီးမွတစ္ဆင့္ သတင္းေပးပို႔ျခင္းျဖစ္သည္။မဟာသၾကၤန္ပြဲေတာ္ကို ဧၿပီ ၁၃ ရက္မွ ၁၆ရက္ထိ ရကတ(ရန္ကုန္တိုင္း)၌ စည္းကားသိုက္ၿမိဳက္စြာက်င္းပသြားမည္ျဖစ္၍ လခရ (လုံၿခဳံေရး)အား အဆင့္ရွစ္ဆင့္ျဖင့္ ေဆာင္႐ြက္သြားရန္ ၫႊန္ၾကားစာ၌ ပါရွိသည္။
ဗဟိုစည္း လုံၿခဳံေရးကို ခလရ(၁၄၆)မွ အရာရွိတစ္ဦးအပါအဝင္ ေျခာက္ဦး၊စအရ (စစ္ေျမျပင္ အင္ဂ်င္နီယာတပ္ရင္း)(၉၀၅) မွ အရာရွိတစ္ဦးအပါအဝင္ကိုဦး ႏွင့္ ဗတထမွ အရာရွိႏွစ္ဦးအပါ ရွစ္ဦး (မနက္၊ညေန) တာဝန္ယူရမည္ျဖစ္သည္။




အတြင္းစည္းလုံၿခဳံေရးမွာ ကုန္းျမင့္သာ ဝန္းလုံၿခဳံေရး ႏွင့္ လူ/ယာဥ္ဝင္ထြက္စစ္ေဆးျခင္းအတြက္ ခလရ ၉၁ မွ တပ္ရင္းမႉးဦးစီး စစ္ေၾကာင္း တစ္ခုႏွင့္ တပ္ခြဲတစ္ခြဲက တာဝန္ယူရမည္ျဖစ္သည္။
အျပင္စည္းလုံၿခဳံေရးအတြက္ ရွစ္မိုင္ခုံးေက်ာ္တံတားအပါ ကုန္ျမင့္သာဝန္းအျပင္စည္းအား ရကဖ(ရဲကြပ္ကဲမႈတပ္ဖြဲ႕ )တပ္ခြဲတစ္ခြဲႏွင့္ ယထရ (ယာဥ္ထိန္းရဲ)တပ္စုတစ္စုကို တာဝန္ေပးထားသည္။




အလားတူ အျမင့္တင္လုံၿခဳံေရး(စႏိုက္ပါ)အဖြဲ႕ကို စမ္းေခ်ာင္း၊ေက်ာင္းလမ္းရွိ ေဆာက္လက္စအေဆာက္အဦး၌ ခမရ(၇၀၂)မွ အဖြဲ႕တစ္ဖြဲ႕ထားရွိမည္ဟု ၫႊန္ၾကားစာတြင္ ေဖာ္ျပသည္။
ေပါက္ၾကားလာေသာ ေၾကးနန္းစာအရတာဝန္ေဆာင္ ႐ြက္ၾကရမည့္ ဦးစီးေခါင္းေဆာင္၊ အင္ အား၊ ဖုန္းနံပါတ္ တို႔ကို စစ္ဦးစီးဌာန(စစ္ဆင္ေရးဌာနခြဲ)သို႔ ယမန္ေန႔(ဧၿပီ ၁ရက္) နံနက္ ၉နာရီအေရာက္ ျပန္လည္ေပးပို႔ရန္လည္း အေၾကာင္းၾကားထားသည္။




” စည္ကားေနတယ္ဆိုၿပီး ဟန္ျပလည္းလုပ္ခ်င္ေသးတယ္။ အရမ္းေၾကာက္ၿပီး စႏိုက္ပါသမားေတြလည္း ထားအုံးမယ္ဆိုေတာ့ ျပည္သူေတြအေနနဲ႔အရမ္းကို အႏၲရာယ္ရွိတယ္။ ကိုယ့္အိမ္တည္းမွာေနရင္ေတာင္ အသတ္ခံေနရတာ ဒီလိုအေျခအေနမ်ိဳးမွာ ဘာျဖစ္လာမလဲ မေျပာႏိုင္ဘူး။ သတိျပဳသင့္တယ္။ ထြက္ၿပီး ေပ်ာ္သင့္လား၊မေပ်ာ္သင့္လား ကိုယ့္ဘာသာပဲ စဥ္းစားၾကေပါ့”ဟု ရန္ကုန္ၿမိဳ႕ စမ္းေခ်ာင္းၿမိဳ႕နယ္မွ အသက္ ၃၀ေက်ာ္အ႐ြယ္ လူငယ္တစ္ဦးက ေျပာသည္။
ထို႔အျပင္ ေထာင္တြင္းသၾကၤန္အား လုံးဝ(လုံးဝ) ပူးေပါင္းပါဝင္မည္ မဟုတ္ဘဲ ျပည္သူတရပ္လုံးအေနျဖင့္လည္း စစ္ေကာင္စီဖန္တီးထားသည့္ ေပ်ာ္ပြဲ ႐ႊင္ပြဲမ်ား၌ ဝင္ေရာက္မပူးေပါင္းရန္ အင္းစိန္ေထာင္မွ ႏိုင္ငံေရးအက်ဥ္းသားမ်ားက ယမန္ေန႔ တိုက္တြန္းစာ ထုတ္ျပန္ထားသည္။




အလားတူ အၾကမ္းဖက္စစ္ေကာင္စီက က်င္းပမည့္ သၾကၤန္ပြဲေတာ္ကို ပါဝင္ဆင္ႏႊဲျခင္းမျပဳရန္ ႏွင့္ ျပည္သူ မ်ား ပါးနပ္ရန္လိုေၾကာင္း ၿမိဳ႕ျပ ေျပာက္က်ားတပ္ဖြဲ႕မ်ားႏွင့္ ေတာ္လွန္ေရးအင္အားစုမ်ားက လူထုေႏြဦးမွတဆင့္ အသိေပးသည္။
#လူထုေႏြဦး
ရန်ကုန်သင်္ကြန်ပွဲတော်ကို စနိုက်ပါသမားများ ထားရှိရန် စစ်ကောင်စီညွှန်ကြားထားဟုဆို




အရမ်းအန္တရာယ်များ၍ ပြည်သူများ သတိပြုသင့်ရန် လူငယ်တစ်ဦး အကြံပြု
ရဲခေါင်/People’s Spring
ရန်ကုန်မြို့ မဟာသင်္ကြန်ပွဲတော်ကို စည်းကားစွာကျင်းပ မည်ဟုဆိုသော်လည်း လုံခြုံရေးအရ ဗဟို၊အတွင်း၊အပြင်စည်းများအပါအဝင် စနိုက်ပါသမားများထားရှိရန် အကြမ်းဖက်စစ်ကောင်စီ၏ ညွှန်ကြားစာ ထွက်ပေါ်လာသည်။




အဆိုပါ ညွှန်ကြားစာကို Myanmar Police CDM Channel – MPCCသို့ တပ်တွင်းဖရဲသီးမှတစ်ဆင့် သတင်းပေးပို့ခြင်းဖြစ်သည်။မဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၆ရက်ထိ ရကတ(ရန်ကုန်တိုင်း)၌ စည်းကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်၍ လခရ (လုံခြုံရေး)အား အဆင့်ရှစ်ဆင့်ဖြင့် ဆောင်ရွက်သွားရန် ညွှန်ကြားစာ၌ ပါရှိသည်။
ဗဟိုစည်း လုံခြုံရေးကို ခလရ(၁၄၆)မှ အရာရှိတစ်ဦးအပါအဝင် ခြောက်ဦး၊စအရ (စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း)(၉၀၅) မှ အရာရှိတစ်ဦးအပါအဝင်ကိုဦး နှင့် ဗတထမှ အရာရှိနှစ်ဦးအပါ ရှစ်ဦး (မနက်၊ညနေ) တာဝန်ယူရမည်ဖြစ်သည်။




အတွင်းစည်းလုံခြုံရေးမှာ ကုန်းမြင့်သာ ဝန်းလုံခြုံရေး နှင့် လူ/ယာဉ်ဝင်ထွက်စစ်ဆေးခြင်းအတွက် ခလရ ၉၁ မှ တပ်ရင်းမှူးဦးစီး စစ်ကြောင်း တစ်ခုနှင့် တပ်ခွဲတစ်ခွဲက တာဝန်ယူရမည်ဖြစ်သည်။
အပြင်စည်းလုံခြုံရေးအတွက် ရှစ်မိုင်ခုံးကျော်တံတားအပါ ကုန်မြင့်သာဝန်းအပြင်စည်းအား ရကဖ(ရဲကွပ်ကဲမှုတပ်ဖွဲ့ )တပ်ခွဲတစ်ခွဲနှင့် ယထရ (ယာဉ်ထိန်းရဲ)တပ်စုတစ်စုကို တာဝန်ပေးထားသည်။




အလားတူ အမြင့်တင်လုံခြုံရေး(စနိုက်ပါ)အဖွဲ့ကို စမ်းချောင်း၊ကျောင်းလမ်းရှိ ဆောက်လက်စအဆောက်အဦး၌ ခမရ(၇၀၂)မှ အဖွဲ့တစ်ဖွဲ့ထားရှိမည်ဟု ညွှန်ကြားစာတွင် ဖော်ပြသည်။
ပေါက်ကြားလာသော ကြေးနန်းစာအရတာဝန်ဆောင် ရွက်ကြရမည့် ဦးစီးခေါင်းဆောင်၊ အင် အား၊ ဖုန်းနံပါတ် တို့ကို စစ်ဦးစီးဌာန(စစ်ဆင်ရေးဌာနခွဲ)သို့ ယမန်နေ့(ဧပြီ ၁ရက်) နံနက် ၉နာရီအရောက် ပြန်လည်ပေးပို့ရန်လည်း အကြောင်းကြားထားသည်။




” စည်ကားနေတယ်ဆိုပြီး ဟန်ပြလည်းလုပ်ချင်သေးတယ်။ အရမ်းကြောက်ပြီး စနိုက်ပါသမားတွေလည်း ထားအုံးမယ်ဆိုတော့ ပြည်သူတွေအနေနဲ့အရမ်းကို အန္တရာယ်ရှိတယ်။ ကိုယ့်အိမ်တည်းမှာနေရင်တောင် အသတ်ခံနေရတာ ဒီလိုအခြေအနေမျိုးမှာ ဘာဖြစ်လာမလဲ မပြောနိုင်ဘူး။ သတိပြုသင့်တယ်။ ထွက်ပြီး ပျော်သင့်လား၊မပျော်သင့်လား ကိုယ့်ဘာသာပဲ စဉ်းစားကြပေါ့”ဟု ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှ အသက် ၃၀ကျော်အရွယ် လူငယ်တစ်ဦးက ပြောသည်။
ထို့အပြင် ထောင်တွင်းသင်္ကြန်အား လုံးဝ(လုံးဝ) ပူးပေါင်းပါဝင်မည် မဟုတ်ဘဲ ပြည်သူတရပ်လုံးအနေဖြင့်လည်း စစ်ကောင်စီဖန်တီးထားသည့် ပျော်ပွဲ ရွှင်ပွဲများ၌ ဝင်ရောက်မပူးပေါင်းရန် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများက ယမန်နေ့ တိုက်တွန်းစာ ထုတ်ပြန်ထားသည်။




အလားတူ အကြမ်းဖက်စစ်ကောင်စီက ကျင်းပမည့် သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲခြင်းမပြုရန် နှင့် ပြည်သူ များ ပါးနပ်ရန်လိုကြောင်း မြို့ပြ ပြောက်ကျားတပ်ဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများက လူထုနွေဦးမှတဆင့် အသိပေးသည်။
#လူထုနွေဦ
Crd