တက္ကသိုလ်ဝင်တန်း‌ဖြေဆိုထားသူတွေကို တက္ကသိုလ်ဝင်ခွင့်လက်မခံကြောင်း ယာယီရတနာပုံတက္ကသိုလ်ကောင်စီကြေညာ…..

News

တက္ကသိုလ်ဝင်တန်း‌ဖြေဆိုထားသူတွေကို တက္ကသိုလ်ဝင်ခွင့်လက်မခံကြောင်း ယာယီရတနာပုံတက္ကသိုလ်ကောင်စီကြေညာ

အခုနှစ်မတ်လကုန်ပိုင်းကစတင်ဖြေဆိုနေတဲ့ စစ်ကောင်စီတက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုထားသူတွေကို တက္ကသိုလ်ဝင်ခွင့်လက်ခံမှာ မဟုတ်ဘူးလို့ ရတနာပုံတက္ကသိုလ် (ယာယီတက္ကသိုလ်ကောင်စီ)က ဒီကနေ့ ဧပြီ ၂ ရက်မှာထုတ်ပြန်ပါတယ်။

အခုအချိန်ဟာ တနိုင်ငံလုံးရဲ့တော်လှန်ရေးဖြစ်စဉ်တွေကို မျက်ကွယ်ပြုပြီး မိမိအကျိုးစီးပွားအတွက် စစ်ကောင်စီဖွင့်လှစ်တဲ့အတန်းတွေကို တက်ရောက်တာ၊ စစ်ကောင်စီလက်အောက်ခံ တက္ကသိုလ်ဝင်စာမေးပွဲတွေကိုဖြေဆိုတာတွေ

ပြုလုပ်နေသူတွေကိုတွေ့ရှိရတာကြောင့် စစ်ကောင်စီထောက်တိုင်အနေနဲ့ ပါဝင်သူဘယ်သူကိုမဆို ပြင်းထန်စွာရှုံ့ချတယ်လို့ ဖော်ပြပါတယ်။

လက်ရှိမှာစစ်ကောင်စီကနေ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကျင်းပနေသလို လာမယ့်မေလအတွင်းမှာလည်း တက္ကသိုလ်အတန်းစုံကိုပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

“အခြေခံကျောင်းတွေလည်း‌ပြန်ဖွင့်တယ်။စာမေးပွဲတွေလည်းဖြေနေကျတော့ CDM လား၊ Non လားသဲကွဲပြီ။ တက္ကသိုလ်ဆိုလည်း မာစတာတွေ၊ Q တန်းတွေလည်းဖွင့်ခဲ့ပြီးဆိုတော့ သဲကွဲပြီ။ အခုကတော့ တက္ကသိုလ်အတန်းစုံဖြစ်တဲ့အတွက်

CDM ‌ကျောင်းသားတွေဘယ်လောက်လက်တွေ့ရှိမလဲ။ ဒါကျွန်တော်တို့ ကျောင်းသားတွေကိုသွေးတိုးစမ်းနေတာဖြစ်တယ်။ ကျောင်းမတက်ကြဖို့လည်း ဆော်သြထားပြီးဖြစ်ပါတယ်။ အခုလို စစ်ကောင်စီလက်အောက် ကျောင်းတက်တာတွေကိုလည်း

လက်မခံဖို့ တခြားယာယီတက္ကသိုလ်ကောင်စီတွေကိုလည်း တိုက်တွန်းထားပါတယ်”လို့ ရတနာပုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုထက်မြတ်အောင်က ပြောပါတယ်။

ဒါ့အပြင် ယာယီတက္ကသိုလ်ကောင်စီတချို့ပူးပေါင်းကာ Burma Academy အွန်လိုင်းပလက်ဖောင်းကို စတင်ဖွဲ့စည်းပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ခန်းစာတွေ ဖွင့်လှစ်သင်ကြား‌ပေးနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)

ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုလက်မှတ်တွေ ပေးအပ်သွားမယ်လို့ သိရပါတယ်။

တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရက တက္ကသိုလ်ဝင်တန်းတွေအတွက် စစ်ကောင်စီစာမေးပွဲဝင်မဖြေရင်ဘာတွေဆောင်ရွပေးမလဲဆိုတာကို တိတိကျကျပြောတာမရှိဘူးဆိုတဲ့ ဝေဖန်ချက်တွေလည်းရှိနေပါတယ်။

Crd

zawgyi

တကၠသိုလ္ဝင္တန္း‌ေျဖဆိုထားသူေတြကို တကၠသိုလ္ဝင္ခြင့္လက္မခံေၾကာင္း ယာယီရတနာပုံတကၠသိုလ္ေကာင္စီေၾကညာ

အခုႏွစ္မတ္လကုန္ပိုင္းကစတင္ေျဖဆိုေနတဲ့ စစ္ေကာင္စီတကၠသိုလ္ဝင္တန္းစာေမးပြဲဝင္ေရာက္ေျဖဆိုထားသူေတြကို တကၠသိုလ္ဝင္ခြင့္လက္ခံမွာ မဟုတ္ဘူးလို႔ ရတနာပုံတကၠသိုလ္ (ယာယီတကၠသိုလ္ေကာင္စီ)က ဒီကေန႔ ဧၿပီ ၂ ရက္မွာထုတ္ျပန္ပါတယ္။

အခုအခ်ိန္ဟာ တႏိုင္ငံလုံးရဲ႕ေတာ္လွန္ေရးျဖစ္စဥ္ေတြကို မ်က္ကြယ္ျပဳၿပီး မိမိအက်ိဳးစီးပြားအတြက္ စစ္ေကာင္စီဖြင့္လွစ္တဲ့အတန္းေတြကို တက္ေရာက္တာ၊ စစ္ေကာင္စီလက္ေအာက္ခံ တကၠသိုလ္ဝင္စာေမးပြဲေတြကိုေျဖဆိုတာေတြ

ျပဳလုပ္ေနသူေတြကိုေတြ႕ရွိရတာေၾကာင့္ စစ္ေကာင္စီေထာက္တိုင္အေနနဲ႔ ပါဝင္သူဘယ္သူကိုမဆို ျပင္းထန္စြာရႈံ႕ခ်တယ္လို႔ ေဖာ္ျပပါတယ္။

လက္ရွိမွာစစ္ေကာင္စီကေန တကၠသိုလ္ဝင္တန္းစာေမးပြဲေတြက်င္းပေနသလို လာမယ့္ေမလအတြင္းမွာလည္း တကၠသိုလ္အတန္းစုံကိုျပန္လည္ဖြင့္လွစ္ဖို႔ ျပင္ဆင္ေနတာလည္းျဖစ္ပါတယ္။

“အေျခခံေက်ာင္းေတြလည္း‌ျပန္ဖြင့္တယ္။စာေမးပြဲေတြလည္းေျဖေနက်ေတာ့ CDM လား၊ Non လားသဲကြဲၿပီ။ တကၠသိုလ္ဆိုလည္း မာစတာေတြ၊ Q တန္းေတြလည္းဖြင့္ခဲ့ၿပီးဆိုေတာ့ သဲကြဲၿပီ။ အခုကေတာ့ တကၠသိုလ္အတန္းစုံျဖစ္တဲ့အတြက္

CDM ‌ေက်ာင္းသားေတြဘယ္ေလာက္လက္ေတြ႕ရွိမလဲ။ ဒါကြၽန္ေတာ္တို႔ ေက်ာင္းသားေတြကိုေသြးတိုးစမ္းေနတာျဖစ္တယ္။ ေက်ာင္းမတက္ၾကဖို႔လည္း ေဆာ္ၾသထားၿပီးျဖစ္ပါတယ္။ အခုလို စစ္ေကာင္စီလက္ေအာက္ ေက်ာင္းတက္တာေတြကိုလည္း

လက္မခံဖို႔ တျခားယာယီတကၠသိုလ္ေကာင္စီေတြကိုလည္း တိုက္တြန္းထားပါတယ္”လို႔ ရတနာပုံတကၠသိုလ္ေက်ာင္းသား သမဂၢ ဥကၠ႒ ကိုထက္ျမတ္ေအာင္က ကိုေျပာပါတယ္။

ဒါ့အျပင္ ယာယီတကၠသိုလ္ေကာင္စီတခ်ိဳ႕ပူးေပါင္းကာ Burma Academy အြန္လိုင္းပလက္ေဖာင္းကို စတင္ဖြဲ႕စည္းၿပီး သက္ဆိုင္ရာဘာသာရပ္အလိုက္ သင္ခန္းစာေတြ ဖြင့္လွစ္သင္ၾကား‌ေပးေနၿပီး အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG)

ပညာေရးဝန္ႀကီးဌာန အသိအမွတ္ျပဳလက္မွတ္ေတြ ေပးအပ္သြားမယ္လို႔ သိရပါတယ္။

တဖက္မွာလည္း အမ်ိဳးသားညီၫြတ္ေရးအစိုးရက တကၠသိုလ္ဝင္တန္းေတြအတြက္ စစ္ေကာင္စီစာေမးပြဲဝင္မေျဖရင္ဘာေတြေဆာင္႐ြက္ေပးမလဲဆိုတာကို တိတိက်က်ေျပာတာမရွိဘူးဆိုတဲ့ ေဝဖန္ခ်က္ေတြလည္းရွိေနပါတယ္။

Crd

Leave a Reply

Your email address will not be published.