ဖရူဆိုရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဝင်တိုက်ခိုက်ခဲ့သည့် မှတ်တမ်းဗီဒီယို KNDF ထုတ်ပြန် (ရုပ်/သံ)




ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ခမရ ၄၂၈ တပ်ရင်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ မတ်လ ၃၀ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်မှ ၃ နာရီ ၃၀ မိနစ်အချိန်အထိ ပစ်ခတ်တိုက်ခိုက်ရာ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၈ ဦး သေဆုံးကြောင်း သတင်းရရှိသည်။
ဖရူဆိုရှိ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၄)၊ PDF – ဖရူဆို၊ PDF – ဒီးမော့ဆို၊ အလယ်ပိုင်းတိုင်း ၁၁၀၁၊ နည်းပညာလက်ရုံးတပ် CTU တို့ ပူးပေါင်းတိုက်ခိSက်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း KNDF တပ်ရင်း (၄) က သတင်းထုတ်ပြန်ထားသည်။




Srouce – khit thit media
Zawgyi








Srouce – khit thit media
Crd