လိုအပ်နေတဲ့ နေရာတွေကို အလှူပေးဖို့အတွက်ရည်ရွယ်ပြီး သရုပ်ဆောင်ဒေါင်းက သူ့အနုပညာလက်ရာတွေကို ရောင်းချတဲ့ အစီအစဉ်ပြုလုပ်

News

လိုအပ်နေတဲ့ နေရာတွေကို အလှူပေးဖို့အတွက်ရည်ရွယ်ပြီး သရုပ်ဆောင်ဒေါင်းက သူ့အနုပညာလက်ရာတွေကို ရောင်းချတဲ့ အစီအစဉ်ပြုလုပ်

မတ် ၃၁ ၊ ၂၀၂၂
တော်လှန်ရေးကာလအတွင်းမှာ မြန်မာနိုင်ငံအတွင်းက လိုအပ်နေတဲ့ နေရာတွေကို အလှူပေးဖို့အတွက် ရည်ရွယ်ပြီးတော့ သရုပ်ဆောင်ဒေါင်းက သူ့အနုပညာလက်ရာတွေကို ရောင်းပြီး ရာနှုန်းပြည်လှူဒါန်းမယ့် အစီအစဉ်တစ်ခုကို ပြုလုပ်နေပါပြီ။

“ဒီ page လေးကိုကျွန်တော်စတင်ရတဲ့ရည်ရွယ်ချက်က ကျွန်တော်တတ်ကျွမ်းတဲ့ ၊ဝါသနာပါတဲ့ အနုပညာလေး တွေနဲ့ ကျွန်တော်တို့ တိုင်းပြည်အတွက်လို အပ်နေတဲ့တထောင့်တနေရာလေးမှာ အုတ်တချပ်သဲတပွင့်အနေနဲ့ပါ ဝင်ကူညီဖို့ရည်ရွယ်ပါတယ်။

ဒီ page မှာကျွန်တော့်လက်ရာ Art တွေနဲ့ ဖန်တီးထားတဲ့ အမှတ်တရ ပစ္စည်းလေးတွေကိုရောင်းပါမယ်။ ပစ္စည်းရောင်းရငွေအားလုံးရဲ့ 100% အမြတ်တွေကို ကျွန်တော်တို့ နိုင်ငံအတွက်လိုအပ်နေတဲ့နေရာတွေကိုလှူဒါန်းမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှရော နိုင်ငံအသီးသီးမှာ ရောက် ရှိနေ ကြသော မြန်မာနိုင်ငံသားညီအစ်ကိုမောင်နှမများအားလုံး တို့ခင်ဗျား ကျွန်တော်တို့နိုင်ငံဒုက္ခရောက်နေချိန်မှာ ပုံမှန်အသုံးပြုနေကျပစ္စညိးလေးများကို အလှူပစ္စည်းလေးများဖြင့် အစားထိုးသုံးစွဲရင်း အတူတကွလှူဒါန်းကြရ အောင်ဗျ” ဆိုပြီးတော့ သရုပ်ဆောင်ဒေါင်းက ပေ့ချ်မှာ ရေးထားပါတယ်။

ပေ့ချ်မှာတော့ မတ် ၃၀ ရက်မှာ ဒေါင်းကိုယ်တိုင် ပန်းချီအနုပညာ ဖန်တီးထားတဲ့ အိတ်လေးတွေ စတင်ရောင်းချ နေတာ တွေ့ရပါတယ်။

Crd

Unicode


မတ် ၃၁ ၊ ၂၀၂၂



မြန်မာနိုင်ငံမှရော နိုင်ငံအသီးသီးမှာ ရောက် ရှိနေ ကြသော မြန်မာနိုင်ငံသားညီအစ်ကိုမောင်နှမများအားလုံး တို့ခင်ဗျား ကျွန်တော်တို့နိုင်ငံဒုက္ခရောက်နေချိန်မှာ ပုံမှန်အသုံးပြုနေကျပစ္စညိးလေးများကို အလှူပစ္စည်းလေးများဖြင့် အစားထိုးသုံးစွဲရင်း အတူတကွလှူဒါန်းကြရ အောင်ဗျ” ဆိုပြီးတော့ သရုပ်ဆောင်ဒေါင်းက ပေ့ခ်ျမှာ ရေးထားပါတယ်။

ပေ့ခ်ျမှာတော့ မတ် ၃၀ ရက်မှာ ဒေါင်းကိုယ်တိုင် ပန်းချီအနုပညာ ဖန်တီးထားတဲ့ အိတ်လေးတွေ စတင်ရောင်းချ နေတာ တွေ့ရပါတယ်။

Crd

Leave a Reply

Your email address will not be published.