ကူမဲၿမိဳ႕၊သာလြန္သံလမ္း အေရွ႕ဘက္၊ ကြမ္းေနာင္ကုန္းၾကားမွ

News

ျမစ္ငယ္ PDF အတြက္ ေသြးေႂကြးဆပ္ မိုင္းဆြဲတိုက္ခိုက္

#DeltaNewsAgency

မႏၲေလးတိုင္း၊ ကူမဲၿမိဳ႕နယ္အတြင္း အၾကမ္းဖက္ရဲေတြကို မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ ၃ ဦးေသၿပီး ၂ ဦး ဒဏ္ရာရတယ္လို႔ ေက်ာက္ဆည္နဂါး ေျပာက္က်ားတပ္ဖြဲ႕က ထုတ္ျပန္ပါတယ္။

မေန႔ည ၁၀ နာရီေလာက္က ေက်ာက္ဆည္ခ႐ိုင္၊ ကူမဲၿမိဳ႕၊သာလြန္သံလမ္း အေရွ႕ဘက္၊ ကြမ္းေနာင္ကုန္းၾကားမွာ မိုင္းဆြဲခဲ့ျခင္းျဖစ္ေၾကာင္း ေက်ာက္ဆည္နဂါးနီ ေျပာက္က်ားတပ္ဖြဲ႕က ဒီကေန႔ထုတ္ျပန္ပါတယ္။

ကူမဲၿမိဳ႕ေပၚ ေနထိုင္သူတစ္ဦးက ‘ညကတည္းက အသံေတြၾကားေနရတယ္။ အခုမနက္ေရာက္ေတာ့ သူတို႔ထိထားေတာ့ ၿမိဳ႕ေပၚမွာ ေတာင္စစ္ေျမာက္စစ္နဲ႔ ျပည္သူကို ရန္လုပ္ေနတယ္’ လို႔ ဆိုပါတယ္။

အခုလို တိုက္ခိုက္မႈဟာ ေက်ာက္ဆည္နဂါးေျပာက္က်ားတပ္ဖြဲ႕ရဲ႕ မဟာမိတ္ျဖစ္တဲ့ ျမစ္ငယ္ PDF အတြက္ ေသြးေႂကြးဆပ္လိုက္တာလို႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

မတ္လ ၃၀ ရက္ေန႔မွာ ျမစ္ငယ္ PDF စခန္းကို အၾကမ္းဖက္စစ္တပ္က သာလြန္အင္အားနဲ႔ ဝင္ေရာက္စီးနင္းခဲ့ရာ PDF ရဲေဘာ္ ၂ ဦး က်ဆုံးၿပီး ၂၉ ဦး ဖမ္းဆီးခံခဲ့ရပါတယ္။

မြစ်ငယ် PDF အတွက် သွေးကြွေးဆပ် မိုင်းဆွဲတိုက်ခိုက်

#DeltaNewsAgency

မန္တလေးတိုင်း၊ ကူမဲမြို့နယ်အတွင်း အကြမ်းဖက်ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးသေပြီး ၂ ဦး ဒဏ်ရာရတယ်လို့ ကျောက်ဆည်နဂါး ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မနေ့ည ၁၀ နာရီလောက်က ကျောက်ဆည်ခရိုင်၊ ကူမဲမြို့၊သာလွန်သံလမ်း အရှေ့ဘက်၊ ကွမ်းနောင်ကုန်းကြားမှာ မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။

ကူမဲမြို့ပေါ် နေထိုင်သူတစ်ဦးက ‘ညကတည်းက အသံတွေကြားနေရတယ်။ အခုမနက်ရောက်တော့ သူတို့ထိထားတော့ မြို့ပေါ်မှာ တောင်စစ်မြောက်စစ်နဲ့ ပြည်သူကို ရန်လုပ်နေတယ်’ လို့ ဆိုပါတယ်။

အခုလို တိုက်ခိုက်မှုဟာ ကျောက်ဆည်နဂါးပြောက်ကျားတပ်ဖွဲ့ရဲ့ မဟာမိတ်ဖြစ်တဲ့ မြစ်ငယ် PDF အတွက် သွေးကြွေးဆပ်လိုက်တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မတ်လ ၃၀ ရက်နေ့မှာ မြစ်ငယ် PDF စခန်းကို အကြမ်းဖက်စစ်တပ်က သာလွန်အင်အားနဲ့ ဝင်ရောက်စီးနင်းခဲ့ရာ PDF ရဲဘော် ၂ ဦး ကျဆုံးပြီး ၂၉ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

Crd

 

Leave a Reply

Your email address will not be published.