ဦးကျော်သက်လင်း၏အမ CDMတွဲဖက်ပါမောက္ခဂျပန်တက္ကသိုလ်တွင်ဒေါက်တာဘွဲ့ရပြီး ဂျပန်ဘာသာဌာန၌အမြင့်မားဆုံးဘွဲ့ရသူဖြစ်လာ
-People’s Spring
လူသိများသည့်ရုပ်သံကြေညာသူအဖြစ်မှ CDMပြုလုပ်ပြီး PDF တပ်ဖွဲ့ဝင်ဖြစ်လာသော ဦးကျော်သက်လင်း၏ အစ်မ တွဲဖက်ပါမောက္ခဒေါ်ယဥ်မိုးသက်သည်ဂျပန်နိုင်ငံOkayama တက္ကသိုလ်မှ ဒေါင်တာဘွဲ့ရရှိသည်။




မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခဒေါ်ယဥ်မိုးသက်ကိုယ်တိုင်လည်း အာဏာသိမ်းစစ်ကောင်စီကိုဖီဆန်၍ CDM ပြုလုပ်ခဲ့သူဖြစ်ပြီးOkayamaတက္ကသိုလ်တွင် ဒေါက်တာဘွဲ့ရသည်မှာမြန်မာနိုင်ငံရှိ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ဂျပန်ဘာသာဌာနတွင်အမြင့်ဆုံးဘွဲ့ကို ပထမဆုံးရရှိသူ ဖြစ်လာသည်။
ဂျပန်နိုင်ငံ Okayama University မှ PhD ဘွဲ့ကို ရရှိခဲ့ပြီး ယင်းအတွက် ဂုဏ်ယူရကြောင်း ဒေါ်ယဥ်မိုးသက်၏ မိတ်ဆွေများက လူမှုကွန်ရက်၌ ရေးသားနေကြသည်။
” ကျွန်မတို့ လေးစားချစ်ခင်ရတဲ့ မြန်မာ့အသံဦးကျော်သက်လင်းရဲ့ အစ်မဖြစ်သူတွဲဖက်ပါမောက္ခ ဆရာမ ဒေါ်ယဥ်မိုးသက်သည်ဂျပန်နိုင်ငံ Okayama University မှ PhD ဘွဲ့ကို ရရှိခဲ့ပါပြီ။ ကျွန်မတို့ မြန်မာနိုင်ငံရှိ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ဂျပန်ဘာသာဌာနတွင် ပထမဆုံးရရှိသောအမြင့်ဆုံးဘွဲ့ဖြစ်ပါသည်” ဟု CDM ပြုလုပ်ထားသည့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခဒေါ်အေးအေးသင်းက ၎င်း၏ ဖေ့စ်ဘွတ်လူမှုကွန်ရက်၌ မတ်လ၂၈ ရက်တွင်ဂုဏ်ပြုရေးသားထားသည်။




ဌာနတစ်ခုတည်းတာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်ယဥ်မိုးသက်နှင့် ဒေါ်အေးအေးသန်းသည် စစ်အာဏာရှင် ဆန့်ကျင်ကာ CDM ပြုလုပ်ခဲ့၍ ရာထူးမှ ထုတ်ပယ်ထားကြောင်းအကြမ်းဖက်စစ်ကောင်စီက ကြေငြာထားသည်။၎င်းတို့နှစ်ဦးအပါအဝင် CDMပြုလုပ်ထားသည့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ပညာရေးဝန်ထမ်း ရှစ်ဦးကို ရာထူးမှ ထုတ်ပယ်ကြောင်း စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဇွန်လ ၁၁ရက်တွင် ထုတ်ပြန်ထားသည်။
ဂျပန်နိုင်ငံ Okayama University မှ PhD ဘွဲ့ ကို တွဲဖက်ပါမောက္ခဒေါ်ယဥ်မိုးသက်ရရှိခဲ့သည့်အပေါ် ပါဒေါ်ယဥ်မိုးသက်၏ တပည့်တစ်ဦးက ” ဒီထက်ဂုဏ်ယူစရာမရှိတော့ဘူး။ ဇူးတို့ကိုစာသင်ပေးခဲ့တဲ့ အပြုံးပိုင်ရှင်ဆရာမကဒီလိုကွဆိုပြီး proud မျိုးဒီတစ်ခါပိုင်ဆိုင်ဖူးပြီ” ဟု လူမှုကွန်ရက်၌ ရေးသားထားသည်။




မြန်မာ့အသံမှ ဦးစီအရာရှိ ဦးကျော်သက်လင်းသည် CDM ပြုလုပ်ပြီးနောက် ယခုအခါ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်(PDF)အဖြစ် လွတ်မြောက်နယ်မြေတွင် ရောက်ရှိတာဝန်ထမ်းဆောင်နေသည်။
ဦးေက်ာ္သက္လင္း၏အမ CDMတြဲဖက္ပါေမာကၡဂ်ပန္တကၠသိုလ္တြင္ေဒါက္တာဘြဲ႕ရၿပီး ဂ်ပန္ဘာသာဌာန၌အျမင့္မားဆုံးဘြဲ႕ရသူျဖစ္လာ
-People’s Spring
လူသိမ်ားသည့္႐ုပ္သံေၾကညာသူအျဖစ္မွ CDMျပဳလုပ္ၿပီး PDF တပ္ဖြဲ႕ဝင္ျဖစ္လာေသာ ဦးေက်ာ္သက္လင္း၏ အစ္မ တြဲဖက္ပါေမာကၡေဒၚယဥ္မိုးသက္သည္ဂ်ပန္နိုင္ငံ
Okayama တကၠသိုလ္မွ ေဒါင္တာဘြဲ႕ရရွိသည္။




မႏၲေလးနိုင္ငံျခားဘာသာတကၠသိုလ္မွ တြဲဖက္ပါေမာကၡေဒၚယဥ္မိုးသက္ကိုယ္တိုင္လည္း အာဏာသိမ္းစစ္ေကာင္စီကိုဖီဆန္၍ CDM ျပဳလုပ္ခဲ့သူျဖစ္ၿပီးOkayamaတကၠသိုလ္တြင္ ေဒါက္တာဘြဲ႕ရသည္မွာျမန္မာနိုင္ငံရွိ နိုင္ငံျခားဘာသာတကၠသိုလ္၊ ဂ်ပန္ဘာသာဌာနတြင္အျမင့္ဆုံးဘြဲ႕ကို ပထမဆုံးရရွိသူ ျဖစ္လာသည္။
ဂ်ပန္နိုင္ငံ Okayama University မွ PhD ဘြဲ႕ကို ရရွိခဲ့ၿပီး ယင္းအတြက္ ဂုဏ္ယူရေၾကာင္း ေဒၚယဥ္မိုးသက္၏ မိတ္ေဆြမ်ားက လူမႈကြန္ရက္၌ ေရးသားေနၾကသည္။
” ကၽြန္မတို႔ ေလးစားခ်စ္ခင္ရတဲ့ ျမန္မာ့အသံဦးေက်ာ္သက္လင္းရဲ့ အစ္မျဖစ္သူတြဲဖက္ပါေမာကၡ ဆရာမ ေဒၚယဥ္မိုးသက္သည္ဂ်ပန္နိုင္ငံ Okayama University မွ PhD ဘြဲ႕ကို ရရွိခဲ့ပါၿပီ။ ကၽြန္မတို႔ ျမန္မာနိုင္ငံရွိ နိုင္ငံျခားဘာသာတကၠသိုလ္၊ ဂ်ပန္ဘာသာဌာနတြင္ ပထမဆုံးရရွိေသာအျမင့္ဆုံးဘြဲ႕ျဖစ္ပါသည္” ဟု CDM ျပဳလုပ္ထားသည့္ မႏၲေလးနိုင္ငံျခားဘာသာတကၠသိုလ္မွ တြဲဖက္ပါေမာကၡေဒၚေအးေအးသင္းက ၎၏ ေဖ့စ္ဘြတ္လူမႈကြန္ရက္၌ မတ္လ၂၈ ရက္တြင္ဂုဏ္ျပဳေရးသားထားသည္။




ဌာနတစ္ခုတည္းတာဝန္ထမ္းေဆာင္ခဲ့သည့္ ေဒၚယဥ္မိုးသက္ႏွင့္ ေဒၚေအးေအးသန္းသည္ စစ္အာဏာရွင္ ဆန္႔က်င္ကာ CDM ျပဳလုပ္ခဲ့၍ ရာထူးမွ ထုတ္ပယ္ထားေၾကာင္းအၾကမ္းဖက္စစ္ေကာင္စီက ေၾကျငာထားသည္။၎တို႔ႏွစ္ဦးအပါအဝင္ CDMျပဳလုပ္ထားသည့္ မႏၲေလးနိုင္ငံျခားဘာသာတကၠသိုလ္မွ ပညာေရးဝန္ထမ္း ရွစ္ဦးကို ရာထူးမွ ထုတ္ပယ္ေၾကာင္း စစ္ေကာင္စီက ၂၀၂၁ ခုႏွစ္ ဇြန္လ ၁၁ရက္တြင္ ထုတ္ျပန္ထားသည္။
ဂ်ပန္နိုင္ငံ Okayama University မွ PhD ဘြဲ႕ ကို တြဲဖက္ပါေမာကၡေဒၚယဥ္မိုးသက္ရရွိခဲ့သည့္အေပၚ ပါေဒၚယဥ္မိုးသက္၏ တပည့္တစ္ဦးက ” ဒီထက္ဂုဏ္ယူစရာမရွိေတာ့ဘူး။ ဇူးတို႔ကိုစာသင္ေပးခဲ့တဲ့ အျပဳံးပိုင္ရွင္ဆရာမကဒီလိုကြဆိုၿပီး proud မ်ိဳးဒီတစ္ခါပိုင္ဆိုင္ဖူးၿပီ” ဟု လူမႈကြန္ရက္၌ ေရးသားထားသည္။




ျမန္မာ့အသံမွ ဦးစီအရာရွိ ဦးေက်ာ္သက္လင္းသည္ CDM ျပဳလုပ္ၿပီးေနာက္ ယခုအခါ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ဝင္(PDF)အျဖစ္ လြတ္ေျမာက္နယ္ေျမတြင္ ေရာက္ရွိတာဝန္ထမ္းေဆာင္ေနသည္။
Crd