ပြည်သူကျွေးတဲ့လစာစား ပြည်သူပေးတဲ့ အခွန်နဲ့လက်နက်ဝယ်ပြီးတော့ ပြည်သူ တွေကိုပြန်သ.တ်နေတဲ့ စစ်တပ်ကတော့ဒီပွဲမှာ နိုင်စရာအကြောင်းလုံး၀မရှိဘူး”လို့ပြောလာတဲ့ PDF လူငယ်လေးတစ်ဦး

News

ပြည်သူကျွေးတဲ့လစာစား ပြည်သူပေးတဲ့ အခွန်နဲ့လက်နက်ဝယ်ပြီးတော့ ပြည်သူ တွေကိုပြန်သ.တ်နေတဲ့ စစ်တပ်ကတော့ဒီပွဲမှာ နိုင်စရာအကြောင်းလုံး၀မရှိဘူး”လို့ပြောလာတဲ့ PDF လူငယ်လေးတစ်ဦး

ပြည်သူကျွေးတဲ့လစာစား ပြည်သူပေးတဲ့ အခွန်နဲ့လက်နက်ဝယ်ပြီးတော့ ပြည်သူ တွေကိုပြန်သတ်နေတဲ့ စစ်တပ်ကတော့ဒီပွဲမှာ နိုင်စရာအကြောင်းလုံး၀မရှိဘူး”

By ရန်ကုန်ခေတ်သစ်

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များသည် ဖွဲ့စည်းပြီး လပိုင်းအတွင်း စစ်ကောင်စီတပ်များကို တိုင်းရင်းသားလက်နက်ကိုင်များနှင့်အတူ ပူးတွဲတိုက်ခိုက်လျက်ရှိရာလက်ရှိတွင် နိုင်ငံတစ်ဝန်း စစ်ပွဲများစွာ တိုးပွားလာလျက်ရှိနေသည်။

တော်လှန်ရေးအတွက် အောင်ပွဲ ရရှိမှုများ ရှိသကဲ့သို့ လိုအပ်ချက်များလည်း ရှိနေရာ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က PDF တပ်ဖွဲ့မှ သင်တန်းမှူးတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ နာမည်နဲ့ တပ်ဖွဲ့အမည် သိပါရစေ။
ဖြေ။ ။ ကျနော့်အမည်က နိုင်လင်းဟိန်းပါ။ အဖွဲ့အစည်းကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပေါ့။

မေး။ ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဘာကြောင့်ဝင်ခဲ့တာလဲ။

ဖြေ။ ။ အကြောင်းရင်းက မတရားညှင်းပန်းနှိပ်စက်ခံရတဲ့အချက်ရယ်၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ပေါ့၊ အာဏာရှင်စနစ်ကို မြန်မာ နိုင်ငံမှာ မရှိစေချင်တဲ့စိတ်နဲ့ ဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်။

မေး။ ။ PDF ထဲဝင်ပြီးတဲ့နောက်ပိုင်း ဘာတွေလုပ်ဖြစ်လဲ။

ဖြေ။ ။ စပြီးရောက်လာတဲ့အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတာ မပေါ်သေးဘူး။ PDF ဆိုတာဖြစ်လာဖို့ကိုကြိုးစားပြီးတော့ ပထမဆုံး အပတ်စဉ် ၁ ကိုသင်တန်းမှူးအဖြစ်နဲ့ စစ်သင်တန်းစပေးခဲ့တယ်။

မေး။ ။ PDF ထဲမဝင်ခင် အရင်က စစ်တပ်မှာ တာဝန်ယူဖူးတယ်လို့သိရပါတယ်။

ဖြေ။ ။ အဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး အခုအချိန်မှာ ဘာမှ မပြောချင်သေးဘူး။
မေး။ ။ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက်ပိုင်း ဆောင်ရွက်နေတာတွေအပေါ်ဘယ်လိုမြင်လဲ။

ဖြေ။ ။ အောက်ခြေကိုတောင်တိုးတက်ပြောင်းလဲပေးနိုင်ခြင်းမရှိတဲ့စစ် တပ်က နိုင်ငံတော်ကြီးကို ပြောင်းလဲပေးမယ်ဆိုပြီး စကားလုံးတွေနဲ့‌ပြောနေတာကို ဘယ်လိုမှယုံကြည်စရာမရှိဘူး။
မေး။ ။ PDF ကနေသင်တန်းပြီးသွားတဲ့ သင်တန်းသားတွေနဲ့ရော ဘာတွေဆက်လုပ်ဖြစ်လဲ။
ဖြေ။ ။ သူတို့ကိုသင်တန်းပေးတယ်။ NUG ရဲ့ အောက်ကနေ သက် ဆိုင် ရာနေရာမှာ သက်ဆိုင်ရာတာဝန်တွေကို ထမ်းဆောင်ဖို့အတွက်ဆောင်ရွက်ပေးတယ်။ ကိုယ်တိုင်လည်း တပည့်အချို့နဲ့ EAO ဒေသမှာတိုက်ပွဲဝင်နေတယ်။

မေး။ ။ EAOတွေနဲ့အတူ တိုက်ပွဲဝင်နေတယ်ဆိုတော့ ဘယ်လို အခြေ အနေ လေးတွေရှိလဲ။
ဖြေ။ ။ EAO တွေကတော့ရှင်းပါတယ်။ သူတို့မှာ သူတို့ စစ်ရေး ရည် မှန်း ချက်တွေရှိတယ်။ အဲ့ဒါကို NUG အနေနဲ့ မြေပြင်မှာ လက်တွေ့ကျကျပူးပေါင်းပြီး ကြိုးစား လုပ်ဆောင် မယ်ဆိုရင် အောင်မြင်လာနိုင်ပါတယ်။

မေး။ ။ လက်ရှိအနေအထားအရ စစ်ရေးအခြေအနေက ဘယ်လောက်အထိဖြစ်လာနိုင်ပါသလဲ။
ဖြေ။ ။ ပိုပြီး တင်းမာလာဖို့ပဲရှိပါတယ်။ အဓိကက ပြည်သူတွေမထိခိုက်အောင် နံပါတ်တစ် ဦးစားပေးစဉ်းစားပြီးတော့ ဆောင်ရွက်ရတဲ့အတွက်ကြောင့်တချို့လုပ်ငန်းတွေမှာနည်းနည်းကြာနေသလိုရှိတယ်။ လက် နက်ခဲယမ်းပိုင်းဆိုင်ရာမှာလည်း လိုအပ်ချက်ရှိနေလို့ အရှိန်အဟုန်နှေးနေတဲ့သဘောပေါ့။ ဒါကိုလည်း လုပ်ဆောင်နေပါတယ်။ မကြာခင်အချိန်အတွင်းမှာဖြစ်လာဖို့ရှိပါတယ်။ ဘယ်လိုတွေလုပ်မလဲဆိုတာတော့ အသေးစိတ်မပြောပြတော့ပါဘူး။

မေး။ ။ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ရောပူးပေါင်းဆောင်ရွက်နေတာရှိပါသလား။
ဖြေ။ ။ ညီအစ်ကိုတွေ ရဲဘော် ရဲဘက်တွေ သူတို့ တပ်ရင်း တပ်ခွဲတွေရှိတယ်။ ကျွန်တော်ရဲ့ညီလေးကိုဟိန်း ဒုတပ်ခွဲမှူးအဖြစ် ဆောင်ရွက်နေတဲ့ Honor PDF နဲ့ ပူးပေါင်းလုပ်ဆောင်နေတာရှိသလို ကိုမန်းအောင်နိုင်ကြည် ဦးဆောင်တဲ့ MIU PDF တပ်ခွဲနဲ့ရောဆောင်ရွက်နေတာမျိုးရှိပါတယ်။

မေး။ ။ စစ်တပ်ရဲ့ ပြည်သူတွေအပေါ် ရက်စက်ယုတ်တဲ့ လုပ်ရပ်တွေအပေါ် ဘယ်လိုသုံးသပ်မလဲ။
ဖြေ။ ။ ပြည်သူကိုကြောက်အောင် လုပ်ပြနေတာပဲ။ ဒါပေမဲ့ ပြည်သူက ကြောက်မသွားဘူး။ တစ်နေ့ထက်တစ်နေ့ သူတို့ကို ပိုပြီးရွံလာကြတယ်။ တော်လှန်ချင်စိတ်တွေပဲပိုဖြစ်လာစေမှာ။ သူတို့အထိနာနေကြပြီ။ ပြည်သူ့အင်အားမှမပါရင် တိုင်းပြည်ကိုယ်စားပြုစစ်တပ်ကြီးပါလို့ဘယ်လောက် ကြေညာထား ကြေညာထား ဒီစစ်ရေးမှာက ဘယ်လိုမှနိုင် နိုင်တဲ့အခြေအနေမရှိဘူး။ ပြည်သူကျွေးတဲ့လစာစား ပြည်သူပေးတဲ့ အခွန်နဲ့လက်နက်ဝယ်ပြီးတော့ ပြည်သူတွေကိုပြန်သတ်နေတဲ့စစ်တပ်ကတော့ဒီပွဲမှာ နိုင်စရာအကြောင်းလုံး၀မရှိဘူး။

Crd

Leave a Reply

Your email address will not be published.