ဘယ်ယာဉ်မှ ဖြတ်သန်းခွင့်မပြုပဲ တိုက်ပွဲပြင်းထန်နေတဲ့ ကော့ကရိတ် မြဝတီလမ်း (ရုပ်သံ)

ရုပ်သံဖိုင်ကို အောက်ဆုံးမှာ ဖေါ်ပြထားပါတယ်
ကော့ကရိတ်-မြ၀တီလမ်း မည်သည့်ယာဥ်ကိုမှ ဖြတ်သွားလာခွင့်မပြုပါ။
လမ်းပိတ်ထားပါတယ်။ ဒီကနေ့ တက်လာတဲ့ကားတွေ ဘယ်လိုနေလဲ ၀င်ကြည့်ပါ….
.

Video နန်းမော်မော်ကြည်
ဆက်စပ်သတင်း…..
ခင်ဦးမြို့မရဲစခန်းကို PDF က ဒရုန်းဖြင့်နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့မရဲစခန်းကို ခင်ဦးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေး အဖွဲ့တစ်ဖွဲ့
ဖြစ်သည့် Royal Tiger Guerilla Force(RTGF)က ဒရုန်းဖြင့် နှစ်ကြိမ်တိဗုံးကြဲတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်မှ
သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂၅ ရက်နေ့တွင်တစ်ကြိမ် ၊ မတ်လ ၂၇ ရက်နေ့တွင် နှစ်ကြိမ်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ
သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရသူများ ရှိခဲ့ကြောင်း ခင်းဦး PDFတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“မနေ့ကဖြစ်စဉ်မှာ မျက်မြင်တွေပြောတာကတော့ အဲ့ဒီစခန်းပေါက်ရှေ့မှာ ဒဏ်ရာရတဲ့သူ ငါးယောက် လောက်တော့ရှိတယ်တဲ့။

အတိအကျသိနိုင်ဖို့စုံစမ်းဆဲပါ။၂၅ ရက်နေ့မှာတော့ ဗုံးကောကြဲတယ်။ မိုင်းကော ဆွဲတယ်။
အဲ့ဖြစ်စဉ်မှာသေတဲ့လူကတော့ ခြောက်ယောက်လောက်ရှိတယ်ဗျ”ဟု ၎င်းကပြောသည်။
ယမန်ည ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဥ်ဖြစ်ပွားခဲ့ပြီးနောက် ရဲစခန်းဘက်မှ လက်နက်ငယ်များဖြင့် ယမ်းသမ်းပစ်ခတ်ခဲ့သော်လည်း
PDF ဘက်က ခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ဒရုန်းကျပြီးတော့ လမ်းတွေမှာပိတ်ပြီးမှစစ်သားတွေ သေနတ်ကိုအကြာကြီး မိုးပေါ်မှာထောင်ပြီး ပစ်တာတွေရှိခဲ့တယ်။
မြို့ပေါ်မှာကင်းလှည့်တာတွေရှိတယ်”ဟု ခင်ဦးဒေသခံ တစ်ဦးကပြောသည်။
ခင်ဦးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် RTGF အဖွဲ့အနေဖြင့် ခင်ဦးမြို့တွင်းတွင်
စစ်ကောင်စီစခန်းများအားတိုက်ခိုက်ခြင်းသည် မတ် ၂၅ ရက်နေ့က ပထမဆုံး အကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Kachin News Group
Unicode
ဘယ်ယာဉ်မှ ဖြတ်သန်းခွင့်မပြုပဲ တိုက်ပွဲပြင်းထန်နေတဲ့ ကော့ကရိတ် မြဝတီလမ်း (ရုပ်သံ)

ကော့ကရိတ်-မြ၀တီလမ်း မည်သည့်ယာဥ်ကိုမှ ဖြတ်သွားလာခွင့်မပြုပါ။
လမ်းပိတ်ထားပါတယ်။ ဒီကနေ့ တက်လာတဲ့ကားတွေ ဘယ်လိုနေလဲ ၀င်ကြည့်ပါ….
.
Video နန်းမော်မော်ကြည်
ဆက်စပ်သတင်း…..

ခင်ဦးမြို့မရဲစခန်းကို PDF က ဒရုန်းဖြင့်နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိ
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့မရဲစခန်းကို ခင်ဦးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေး အဖွဲ့တစ်ဖွဲ့ ဖြစ်သည့်
Royal Tiger Guerilla Force(RTGF)က ဒရုန်းဖြင့် နှစ်ကြိမ်တိဗုံးကြဲတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်မှ

Crd