လူမင်း ပြေတီဦး ပိုင်တံခွန် အိန္ဒြာကျော်ဇင် ဖွေးဖွေးတို့ ဇာတ်ကားတွေနဲ့ ရုပ်ရှင်ရုံတွေ ပြန်လည် ဖွင့်လှစ်ရတဲ့ စကစရဲ့ အကြံစဥ် ပေါက်ကြားလာ

News

လူမင်း ပြေတီဦး ပိုင်တံခွန် အိန္ဒြာကျော်ဇင် ဖွေးဖွေးတို့ ဇာတ်ကားတွေနဲ့ ရုပ်ရှင်ရုံတွေ ပြန်လည် ဖွင့်လှစ်ရတဲ့ စကစရဲ့ အကြံစဥ် ပေါက်ကြားလာ

ကိုဗစ်ကပ်ရောဂါကြောင့် နှစ်နဲ့ချီ ပိတ်ထားခဲ့ရသော ရုပ်ရှင်ရုံတွေကို ကိုဗစ်နဲ့ နိုင်ငံရေး မငြိမ်သက်မှုတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေကြားကနေ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ပြောဆိုထုတ်ပြန်လာ

ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့တွင် လူမင်းနှင့်ရွှေမှုန်ရတီ တို့ သရုပ်ဆောင်ထားတဲ့ ဝေးမနေချင်ဘူး ဇာတ်ကားကို ပြသတော့မှာဖြစ်ပြီးအပတ်စဉ် သောကြာနေ့တိုင်း ဇာတ်ကားအသစ် လဲလှယ်သွားမယ်လို့ ရုပ်ရှင်အစည်းအရုံးက ဒီနေ့မှာ ထုတ်ပြန် လာပါတယ်။ ယနေ့ မတ်လ ၂၅ ရက်မှာ ရုပ်ရှင်အစည်းအဝေးက
အစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်ချက် ချခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၇ရက်မှာ Triple Six ထုတ်လုပ်ရေးရဲ့ သရုပ်ဆောင် လူမင်းနဲ့ ရွှေမှုန်ရတီ ပါဝင်တဲ့ဝေး မနေချင်ဘူး ဇာတ်ကား၊ ဧပြီလ၂၉ရက်မှာ သက်တန့်အိမ်ထုတ်လုပ်ရေးရဲ့ ပြေတီဦးနဲ့ ဖွေးဖွေးပါဝင်တဲ့ လိပ်ပြာထောင်ချောက်ဇာတ်ကား၊ မေလ ၆ရက်မှာတော့Dream Filming ထုတ်လုပ်ရေးရဲ့ သရုပ်ဆောင် ပိုင်တံခွန်နဲ့ အိချောပိုပါဝင်တဲ့ မှောင်တိုက်ဇာတ်ကား၊ မေလ၁၃ရက်မှာ ကာလာထုတ်လုပ်ရေးရဲ့ သရုပ်ဆောင်ပြေတီဦးနဲ့ ဝတ်မှုန်ရွှေရည်ပါဝင်တဲ့ ရွာဂေါ်ဇာတ်ကား၊မေလ၂၀ရက်မှာ ပါဝါကင်းထုတ်လုပ်ရေးရဲ့ သရုပ်ဆောင် အောင်ရဲလင်းနဲ့ အိနြ္ဒာကျော်ဇင်ပါဝင်တဲ့ အချိုဆုံး အချစ်အပြင်းဆုံးအချစ် ဇာတ်ကားနဲ့မေလ၂၇ရက်မှာ နယူးပွိုင့်ထုတ်လုပ်ရေးရဲ့ သရုပ်ဆောင် ပြေတီဦးနဲ့ခိုင်သင်းကြည် ပါဝင်သော ကမောက်ကမ သမီးယောက္ခမ ဇာတ်ကားတို့ ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ အစီအမံများနဲ့အညီ ပြုစုထားတဲ့ “ရုပ်ရှင်ပြသရာတွင် လိုက်နာဆောင်ရွက်ရမယ့် စံပြုသတ်မှတ်ချက် (Standard Operating Procedures-SOP)”နဲ့အညီလိုက်နာ ကျင့်သုံး ဆောင်ရွက်ပြီး ပထမအဆင့် ပြသရန် လျာထားတဲ့ ရုပ်ရှင်ရုံ(၆၀)ခန့်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့ (မြန်မာနှစ်ဆန်း ၁ ရက်နေ့)တွင် ပြန်လည်ဖွင့်လှစ်ပြသသွားမည်ဖြစ်တယ်လို့
စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန် ပြောကြား လာခဲ့တာပဲ ဖြစ်ပါတယ်။ အခုလိုအချိန်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေ သုံးသပ်ချက်များအရကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု၊ ပိုးတွေ့မှုနှုန်းနဲ့ သေဆုံးမှုနှုန်းတို့မှာ သိသာစွာကျဆင်းလာကြောင်း တွေ့ရှိရတဲ့အတွက်ကြောင့်ပြည်သူတွေ အပန်းပြေစေဖို့ ပြန်လည် ဖွင့်လှစ်ပေးတာ ဖြစ် ကြောင်းလည်း အကြောင်းပြချက်ပေးကာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို ရုပ်ရှင်ရုံတွေ ပြန်ဖွင့်တဲ့ အပေါ်မယ်ဆိုသော သတင်းများကြောင့်လူမှုကွန်ယက် ဖေ့ဘုတ်စ်စာမျက်နှာထက်မှာတော့ ဝေဖန်သံတွေနဲ့ ဂယက်ထ ပွဲဆူနေတာကို တွေ့ရပြီး လူမင်း ပြေတီဦး ပိုင်တံခွန် အိနြ္ဒာကျော်ဇင် ဖွေးဖွေး တို့ကဲ့သို့သောပြည်သူတွေနဲ့ တစ်သားထဲ ရှိခဲ့သော တော်လှန်ရေး အနုပညာရှင်တွေရဲ့ ဇာတ်ကားတွေနဲ့ ရုံတွေကို စတင် ပြန်လည်ဖွင့်လှစ်တာဟာ ဆိုရင်တော့ ဒီမင်းသား မင်းသမီးတွေကြောင့် ရုံတွေမှာ လူဝင်များခဲ့ရင်တိုင်း ပြည်ဟာ ပုံမှန်ပြန်ဖြစ်နေပြီဆိုသည့်သဘော သူတို့ရည်ရွယ်ချက် အောင်မြင်တယ်လို့ ထုတ်ပြန်ပြောဆိုမှုတွေ ပြုလာနိုင်သလို၊
အကယ်၍ ပြည်သူတွေက ရုပ်ရုပ်ဇာတ်ကားတွေ မကြည့် ရုံသို့လူမဝင်ခဲ့လျှင်လည်း တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့တဲ့
ဤအနုပညာရှင်တွေ ပြည်သူတွေဟာ မလိုလား အားမပေးတော့တဲ့ ပုံစံမျိုး သတင်းလွှင့် ပြောဆိုမှုတွေ ပြုလုပ်ချင်တဲ့အတွက် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူတို့ရည်ရွယ်ချက် အထမြောက်ဖို့အတွက်အခုလို အနုပညာရှင်များ၏ ဇာတ်ကားများကို ဦးစွာပထမဆုံး ရုံတင်ကာ ထုတ်သုံးလာခဲ့တာ ဖြစ်နိုင်တယ်ဆိုသော ဝေဖန်သံများလည်း ဆူဆူညံညံ ထွက်ပေါ် လာနေတာကို တွေ့မြင် ရပါတယ်။

ပရိသတ်ပြည်သူ အတော်များများကတော့ တော်လှန်ရေးမှာ တစ်တပ်တစ်အားဖြစ်စေခဲ့သော မင်းသားမင်းသမီးများ အနေဖြင့် မိမိတို့၏ဇာတ်ကားများ တင်သောအခါ ရုံမှာ လူမဝင်လျှင်လည်း
စိတ်မကောင်း မဖြစ်၊ အားမငယ်ဘဲ ပရိသတ်တွေက ချစ်မြဲချစ်လျှက်သာ ရှိကြောင်း နားလည်သိရှိစေလိုကြောင်းနှင့် ယခုလိုအချိန်အခါမှာ ရုံတင်တာမို့ သွားရောက် ကြည့်ရှု့မှု မပြုတာလျှင်သာ ဖြစ်ကြောင်း

၄င်းတို့၏ ဆန္ဒသဘောထားကို ရေးသား ပြောကြားထားတာ တွေကိုလည်း မြင်တွေ့ရပါတယ်။ ဖတ်ရှု့အားပေးနေသော ပရိသတ်ကြီးများလည်း ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ရင် ကြည့်မယ်/ လုံးဝ မကြည့်ဘူးဆိုသောမိမိတို့ရဲ့ ဆုံးဖြတ်ချက် ဆန္ဒ သဘောထားများကို ထုတ်ဖော်ပြောကြား မှတ်ချက်ပြု စကားလေးတွေ ဆိုပေးခဲ့ ကြပါအုံးနော်။ အားလုံး စိတ်သွားတိုင်း ကိုယ်ပါ လိုရာဆန္ဒများ ပြည့်ဝသော နေ့သစ်များ အမြန်ရောက်ပါစေသောဝ်။

Crd

Leave a Reply

Your email address will not be published.