တော်လှန်ရေးအောင်နိုင်ဖို့ ယခုချိန်ထိကူညီထောက်ပံ့နေတဲ့ချစ်ဇနီးလေးကို မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ဒရိုက်တာကိုပေါက်

News

တော်လှန်ရေးအောင်နိုင်ဖို့ ယခုချိန်ထိကူညီထောက်ပံ့နေတဲ့ချစ်ဇနီးလေးကို မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ဒရိုက်တာကိုပေါက်

ပရိတ်သတ်ကြီးရေဒရိုက်တာကိုပေါက်ကိုလူတိုင်းသိပြီးဖြစ်မှာပါ၊သူသာဒရိုက်တာအလုပ်ကိုကျွမ်းကျင်ပိုင်ဆိုင်စွာလုပ်နိုင်သူတစ်ယောက်ဖြစ်ပါ‌တယ်။

သူဟာအမှန်တရားအတွက်လွတ်မြောက်ရေးနယ်မြေမှာလက်နက်ကိုင်တိုက်ပွဲ၀င်နေသူတစ်ယောက်ဖြစ်ပါတယ်၊ချစ်ဇနီးလေးရဲ့မွေးနေ့ကိုယခုလိုပဲမွေးနေ့ဆုတောင်းပေးလာပါတယ်။

မွေးနေမှာ အသက်ရှည်အောင် ကျန်းမာအောင်နေပေးခဲ့တဲ့အတွက်ကျေးဇူးပါချစ်သူ❤️မွေးနေ့မှာ ကျန်းမာပါစေ❤️❤️❤️ကျနော် ဒီတော်လှန်ရေးခရီး ဒီအချိန်အထိ မှန်မှန်လျှောက်နိုင်ဖို့ဆိုတာ ကျနော်ချစ်ရတဲ့ သူ့ရဲ့ ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်တွေသာမရှိခဲ့ရင် သူများတွေလိုခံဝန်ထိုးပြီး ဖာသိဖာသာ နေဖြစ်နေမလား ကျနော်မသိပါဘူး။သူက းမိန်မသားဆိုတော့တစ်ခါတစ်ခါသိမ်ငယ်တတ်တယ်အားငယ်တတ်ပါတယ်။

ဒါပေမယ့်သူ့ရဲ့စိတ်ဓာတ်တွေက ကျောက်ဆောင်တစ်ခုလို ခိုင်မာပြီးဒီတော်လှန်ရေးအတွက်တော့ ကျနော့ရဲ့ အမာခံ နောက်တန်းခံစစ်မှူး ဖြစ်ခဲ့တယ်။

အနုပညာရှင်တော်လှန်ရေးသမားတွေရဲ့ ဇနီးတွေထဲမှာစစ်ကောင်စီနဲ့ပျူစောထီးတွေက
သေနတ်နဲ့လာပြီး ပစ်ခံရတာ ဒါရိုက်တာကိုပေါက် မိန်းမနဲ့ကျနော့သား၂ယောက်ပဲရှိပါတယ်။

သူတို့တွေသာအိမ်အပြင် ခြံထဲမှာသာ ရှိနေခဲ့ရင် ကျနော့မိသားစုဘဝက မတွေးဝံ့စရာပါ။
အခုကျနော်တို့မိသားစု ရိုးရိုးသားသား ဖြူဖြူစင်စင်နဲ့ရှာဖွေစုဆောင်းခဲ့တဲ့ အိမ်ကို ချိတ်ပိတ်ခဲ့လို့ ပြန်စရာအိမ်လည်းမရှိတော့ဘူး။

ကျနော့ရင်ဘတ်တွေ နာကျင်ရပါတယ်။

ကျနော်မောင်းတဲ့ကားကိုစီးပြီးသူတို့က သူတို့က ရှုတင်ကိုလိုက်ချင်တာတဲ့လေ။ဘယ်တော့ပြီးမယ်မှန်း မသိတဲ့တော်လှန်ရေးအတွက်ကျနော်ဖြေစရာစကားကတစ်နေ့ဖြစ်လာမှာပေါ့သားရယ်လို့ပဲဖြေခဲ့ရတယ်။

ကျနော်ချစ်ရတဲ့သား၂ယောက်ကို ကျန်းမာအောင် အသက်ရှင်အောင် ပြုစုပေးရတာ ဒီခေတ်ကြီးမှာ ကျနော်ချစ်ရတဲ့ ဇနီးအတွက် အများကြီး ခက်ခဲပါတယ်။ကျနော် သူ့ကိုချစ်တယ်။ကျနော် သူ့ကိုကျေးဇူးတင်တယ်။ဒီတော်လှန်ရေးခရီးကိုကျနော်တို့မိသားစု
ရဲရဲရင့်ရင့် ဆက်လျှောက်ပါအုံးမယ်။

Leave a Reply

Your email address will not be published.