Zawgyi








#AyeyarwaddyTimes
Unicode
စစ်ကောင်စီမှ နေတိုး၊လွင်မိုး၊ယုန်လေးတို့ကို တရားဝင်ကြေငြာ
ဧရာဝတီတိုင်းမ် မတ် ၂၇၊ ၂ဝ၂၂




မတ်လ ၂၇ ရက်နေ့ ယနေ့တွင် တော်လှန်ရေးနေ့ (စစ်တပ် အခေါ် တပ်မတော်နေ့) အထိမ်းအမှတ်အနေနဲ့ စစ်တပ်ဂုဏ်ပြုသီချင်းနှင့် ဇာတ်ကားများရိုက်ကူးသည့် သရုပ် ဆောင်မိားအပါအဝင် ဒါရိုက်တာ၊ ဓာတ်ပုံ၊ ဂီတ စသည့် အနုပညာရှင် နယ်ပယ်မှ ၄၈ ဦးကို လူမှုထူးချွန်ဆု အသီးသီး ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာမှ ထုတ်ပြန်ခဲ့သည်။
လူမှုထူးချွန်ဆု ပထမအဆင့်အနေဖြင့် အဆိုတော်များတွင် ဒေါ်နွဲ့ရည်ဝင်း၊ ဇော်မျိုးထွဋ္ဋ်၊ ဦးခင်မောင်ကြီး၊ ဝါးခယ်မရဲအောင်၊ ဒေါ်ရီရီသန့်၊ ဦးတင်ဦးလေးတို့ကိုလည်း ကောင်း၊ ဓာတ်ပုံဆရာများတွင် ဦးသန်းညွန့်(ပန်းသာ)၊ ဦးကိုကိုဌေး(ထိပ်တန်း)၊ ဦးချစ်မင်းသူ၊ ဦးကျောက်ဖြူ (ပဒေသာ)၊ ဦးစံအေး၊ ဦးစန်းမောင်၊




အနုပညာရှင်များတွင် ထွန်းအန္ဒြဗိုလ်၊ လွင်မိုး၊ ဦးနေအောင်၊ ဒေါ်ခင်သီတာထွန်း၊ ဒေါ်ခင်သန်းနု၊ ဒေါ်ဝါဝါဝင်းရွှေ၊ ဦးကျောက်လုံး၊ ဦးထွန်းဝေ၊ ရန်အောင်၊ ကျော်ဟိန်း၊ မို့မို့မြင့်အောင်၊ ဒေါ်ချိုပြုံး တို့ကိုလည်းကောင်း၊ ဒါရိုက်တာများတွင် ဦးခင်မောင်ဦး/စိုးသိန်းထွဋ်၊ ဦးမောင်တင်ဦးတို့ကိုလည်း ကောင်း၊ အတတ်ပညာရှင်များတွင် ဦးဇော်မင်း(ဟံသာမြေ)၊ ဦးမြင့်ခိုင်(မော်ကွန်းရုပ်ရှင်)၊ ဦးငြိမ်းမင်းတို့ကို လူမှုထူးချွန်ဆု ပထမအဆင့် ပေးအပ်ခဲ့သည်။
ဒုတိယအဆင့်အနေဖြင့် ဒါရိုက်တာ မောင်ဝဏ္ဏ၊ သ ရုပ် ဆောင် ဒေါ်မြင့်မြင့်ခိုင်၊ ရဲအောင်၊ ဇော်လင်း၊ ကျော်ရဲအောင်၊ မြတ်ကေသီအောင်၊ မေသဉ္ဇာဦး၊ ခိုင်သင်းကြည်၊ ဆိုင်း စိန်မွတ်တား၊စန္ဒယားတင်ဝင်းလှိုင်၊အတတ် ပညာရှင် ဦးကြည်မင်းသိန်းတို့ကိုအသီးသီး ပေးအပ်ခဲ့သည်။




တတိယအဆင့်အနေဖြင့် ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်)၊ သရုပ်ဆောင် ခန့်စည်သူ၊ ဖိုးသော ကြာ၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ယဉ်လတ်နှင့် အဆိုတော်ယုန်လေးတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
#AyeyarwaddyTimes