တပ္တြင္းစည္းလုံးေရးကို တပ္မေတာ္ေန႔မိန႔္ခြန္းမွာ အေလးထားမွာၾကားေန

News

တပ္တြင္းစည္းလုံးေရးကို တပ္မေတာ္ေန႔မိန႔္ခြန္းမွာ အေလးထားမွာၾကားေန

အၾကမ္းဖက္အဖြဲ႕အစည္းေတြနဲ႔ သူတို႔ကိုေထာက္ခံပံ့ပိုးေနတဲ့အဖြဲ႕အစည္းေတြကို ေတြ႕ဆုံေဆြးေႏြးမွာမဟုတ္ဘဲ ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းသည္အထိ ႏွိမ္နင္းမယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာလိုက္ပါတယ္။

ဒီကေန႔ က်ေရာက္တဲ့ ၇၇ ႏွစ္ေျမာက္ တပ္မေတာ္ေန႔အခမ္းအနား မိန႔္ခြန္းမွာ ေျပာလိုက္တာပါ။

လက္ရွိအၾကမ္းဖက္မႈေတြဟာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းတခ်ိဳ႕ဆီက ျမစ္ဖ်ားခံလာတာေတြ႕ရၿပီး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြအေနနဲ႔ အၾကမ္းဖက္အဖြဲ႕အစည္းေတြကို မကူညီမေထာက္ပံ့ဖို႔ လည္း စစ္ေခါင္းေဆာင္ကတိုက္တြန္းလိုက္ပါတယ္။

ဒါ့အျပင္ တပ္မေတာ္ေန႔အခမ္းအနား မိန႔္ခြန္းမွာ တပ္တြင္းစည္းလုံးေရးကို အေလးထားမွာၾကားခဲ့ပါတယ္။

ျပည္ပက်ဴးေက်ာ္သူေတြနဲ႔ ကိုယ္က်ိဳးရွာႏိုင္ငံေရးသမားအင္အားစုေတြဟာ တပ္မေတာ္ကိုၿပိဳကြဲေအာင္ ျပည္တြင္းျပည္ပမွ နည္းလမ္းေပါင္းစုံနဲ႔လုပ္ေဆာင္ေနၾကတာျဖစ္တဲ့အတြက္ တပ္တြင္းစည္းလုံးေရးအၿမဲရွိေနဖို႔လိုအပ္မွာျဖစ္တယ္လို႔ တပ္ခ်ဳပ္ကေျပာပါတယ္။

စစ္ေရးေလ့လာေစာင့္ၾကည့္သူေတြကေတာ့ CDM လုပ္တဲ့အထဲ တပ္မေတာ္အရာရွိေတြပါ ပါလာလို႔ တပ္ခ်ဳပ္အေနနဲ႔ တပ္တြင္းစည္းလုံးေရးကို အေလးထားမွာၾကားေနတာလို႔ သုံးသပ္ပါတယ္။

ဒါ့အျပင္တပ္ခ်ဳပ္ရဲ႕ မိန႔္ခြန္းထဲ အေရးေပၚကာလၿပီးရင္ က်င္းပမယ့္ေ႐ြးေကာက္ပြဲမွာ တပ္မေတာ္ကကူညီေပးဖို႔ကိုလည္း မွာၾကားသြားခဲ့ပါတယ္။ဘီဘီစီ မြန်မာပိုင်း

Crd

Unicode

တပ်တွင်းစည်းလုံးရေးကို တပ်မတော်နေ့မိန့်ခွန်းမှာ အလေးထားမှာကြားနေ

အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သူတို့ကိုထောက်ခံပံ့ပိုးနေတဲ့အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးမှာမဟုတ်ဘဲ နိုင်ငံတည်ငြိမ်အေးချမ်းသည်အထိ နှိမ်နင်းမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၇၇ နှစ်မြောက် တပ်မတော်နေ့အခမ်းအနား မိန့်ခွန်းမှာ ပြောလိုက်တာပါ။

လက်ရှိအကြမ်းဖက်မှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ဆီက မြစ်ဖျားခံလာတာတွေ့ရပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို မကူညီမထောက်ပံ့ဖို့ လည်း စစ်ခေါင်းဆောင်ကတိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် တပ်မတော်နေ့အခမ်းအနား မိန့်ခွန်းမှာ တပ်တွင်းစည်းလုံးရေးကို အလေးထားမှာကြားခဲ့ပါတယ်။

ပြည်ပကျူးကျော်သူတွေနဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးသမားအင်အားစုတွေဟာ တပ်မတော်ကိုပြိုကွဲအောင် ပြည်တွင်းပြည်ပမှ နည်းလမ်းပေါင်းစုံနဲ့လုပ်ဆောင်နေကြတာဖြစ်တဲ့အတွက် တပ်တွင်းစည်းလုံးရေးအမြဲရှိနေဖို့လိုအပ်မှာဖြစ်တယ်လို့ တပ်ချုပ်ကပြောပါတယ်။

စစ်ရေးလေ့လာစောင့်ကြည့်သူတွေကတော့ CDM လုပ်တဲ့အထဲ တပ်မတော်အရာရှိတွေပါ ပါလာလို့ တပ်ချုပ်အနေနဲ့ တပ်တွင်းစည်းလုံးရေးကို အလေးထားမှာကြားနေတာလို့ သုံးသပ်ပါတယ်။

ဒါ့အပြင်တပ်ချုပ်ရဲ့ မိန့်ခွန်းထဲ အရေးပေါ်ကာလပြီးရင် ကျင်းပမယ့်ရွေးကောက်ပွဲမှာ တပ်မတော်ကကူညီပေးဖို့ကိုလည်း မှာကြားသွားခဲ့ပါတယ်။ဘီဘီစီ မွနျမာပိုငျး

Crd

Leave a Reply

Your email address will not be published.