Brentford ဘောလုံးအသင်းမှ ဟားငါးကောင်အဖွဲ့ကို ဂုဏ်ပြု




အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် Brentford ဘောလုံးအသင်းမှ အသင်းသားတွေ လက်မှတ် ရေးထိုးထားတဲ့ ဘောလုံး ဝတ်စုံတစုံကို တော်လှန်ရေးနယ်မြေ ရောက်ရှိနေတဲ့ လူရွှင်တော် ဟားငါးကောင်အဖွဲ့ထံသို့ အမှတ်တရ ဂုဏ်ပြုလက်ဆောင် ပေးပို့လိုက်တယ်လို့ သိရပါတယ်။
ဟားငါးကောင်အဖွဲ့ဟာ နွေဦးတော်လှန်ရေးမှာ အမှန်တရားဘက်က ရပ်တည်ကာ စစ်အာဏာရှင်ကို ဆန့်ကျင် တိုက်ပွဲဝင်နေတဲ့အတွက် Brentford အသင်းက ဂုဏ်ပြုတာလို့လည်း သိရပါတယ်။




ဟားငါးကောင်အဖွဲ့က “အမှန်တရားဘက်ကသာ ရပ်တည်ရင် မြန်မာပြည်သူတွေကသာမက ကမ္ဘာကြီးကပါ ပစ်မထားပါဘူးဆိုတာ သက်သေပါပဲ။ ကျနော်တို့ တော်လှန်ရေးအတွက် ပိုပြီး ဆက်လက် ကြိုးစားပါ့မယ်” လို့ ပြောပါတယ်။
တိုင်းကျော်၊ ပိုးလေး၊ တိုးကျော်၊ ဝိုင်းကျော်၊ ပြည်ကျော်တို့ ပါဝင်တဲ့ ဟားငါးကောင်အဖွဲ့ဟာတော်လှန်ရေး နယ်မြေ တနေရာမှာ စစ်အာဏာရှင်ကို အနုပညာ လက်နက်နဲ့ တော်လှန်နေတဲ့လူရွှင်တော်အဖွဲ့ ဖြစ်ပါတယ်။




အင်္ဂလန် ပရီးမီးယားလိဂ် အဆင့် ၁၅ မှာ ရပ်တည်နေတဲ့ Brentford ဘောလုံးအသင်းဟာ မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးထောက်ခံကြောင်းသူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားခဲ့တဲ့ ဘောလုံး အသင်းတသင်း ဖြစ်ပါတယ်။
Brentford ေဘာလုံးအသင္းမွ ဟားငါးေကာင္အဖြဲ႕ကို ဂုဏ္ျပဳ
ဧရာဝတီ၊ မတ္ ၂၆၊ ၂၀၂၂
အဂၤလန္ ပရီးမီးယားလိဂ္ ကလပ္ Brentford ေဘာလုံးအသင္းမွ အသင္းသားေတြ လက္မွတ္ ေရးထိုးထားတဲ့ ေဘာလုံး ဝတ္စုံတစုံကို ေတာ္လွန္ေရးနယ္ေၿမ ေရာက္ရွိေနတဲ့ လူရႊင္ေတာ္ ဟားငါးေကာင္အဖြဲ႕ထံသို႔ အမွတ္တရ ဂုဏ္ျပဳလက္ေဆာင္ ေပးပို႔လိုက္တယ္လို႔ သိရပါတယ္။




ဟားငါးေကာင္အဖြဲ႕ဟာ ေႏြဦးေတာ္လွန္ေရးမွာ အမွန္တရားဘက္က ရပ္တည္ကာ စစ္အာဏာရွင္ကို ဆန္႔က်င္ တိုက္ပြဲဝင္ေနတဲ့အတြက္ Brentford အသင္းက ဂုဏ္ျပဳတာလို႔လည္း သိရပါတယ္။
ဟားငါးေကာင္အဖြဲ႕က “အမွန္တရားဘက္ကသာ ရပ္တည္ရင္ ျမန္မာျပည္သူေတြကသာမက ကမၻာႀကီးကပါ ပစ္မထားပါဘူးဆိုတာ သက္ေသပါပဲ။ က်ေနာ္တို႔ ေတာ္လွန္ေရးအတြက္ ပိုၿပီး ဆက္လက္ ႀကိဳးစားပါ့မယ္” လို႔ ေျပာပါတယ္။




တိုင္းေက်ာ္၊ ပိုးေလး၊ တိုးေက်ာ္၊ ဝိုင္းေက်ာ္၊ ျပည္ေက်ာ္တို႔ ပါဝင္တဲ့ ဟားငါးေကာင္အဖြဲ႕ဟာေတာ္လွန္ေရး နယ္ေၿမ တေနရာမွာ စစ္အာဏာရွင္ကို အႏုပညာ လက္နက္နဲ႔ ေတာ္လွန္ေနတဲ့လူရႊင္ေတာ္အဖြဲ႕ ျဖစ္ပါတယ္။
အဂၤလန္ ပရီးမီးယားလိဂ္ အဆင့္ ၁၅ မွာ ရပ္တည္ေနတဲ့ Brentford ေဘာလုံးအသင္းဟာ ျမန္မာ့ေႏြဦးေတာ္လွန္ေရးကို အားေပးေထာက္ခံေၾကာင္းသူတို႔ရဲ့ လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေရးသားခဲ့တဲ့ ေဘာလုံး အသင္းတသင္း ျဖစ္ပါတယ္။




Crd