“တပ်မတော်နေ့မှာ စစ်တပ်ကို ပစ်မှတ်ထား အရေးယူဖို့ HRW တိုက်တွန်း”
မတ်လ ၂၇ ရက်နေ့မှာ ကျင်းပမယ့် စစ်ကောင်စီရဲ့ တပ်မတော်နေ့ဟာ မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ အကြမ်းဖက်ရက်စက်မှုတွေအပေါ် ပိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်နိုင်ဖို့ နိုင်ငံတကာ အစိုးရတွေအတွက် အခွင့်အလမ်းတစ်ရပ်ပဲလို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) အဖွဲ့က ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။




စစ်ကောင်စီအဖွဲ့ဝင်တွေ၊ စစ်တပ်က အဆင့်မြင့်အရာရှိတွေနဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေအပေါ် စီးပွားရေးအရ ပြင်းထန်တဲ့ အရေးယူမှုတွေကို နိုင်ငံတကာအစိုးရတွေက လုပ်သင့်တယ်လို့လည်း Human Rights Watch အဖွဲ့က တိုက်တွန်းပါတယ်။
ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုတွေ တစ်ကမ္ဘာလုံးက ပိတ်ပင်ရေး အရေးပေါ်ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်သင့်တယ်၊ မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ ICC နိုင်ငံတကာတရားရုံးက ကိုင်တွယ်ဖို့ကိုပါ လုံခြုံရေးကောင်စီက တိုက်တွန်းသင့်တယ်လို့ Human Rights Watch အဖွဲ့က ဆိုပါတယ်။




ကိုယ့်ရဲ့ ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်နေတဲ့ မြန်မာစစ်တပ်ရဲ့ တပ်မတော်နေ့ အခမ်းအနားတွေကို နိုင်ငံတကာ အစိုးရတွေက ပါဝင်တက်ရောက်မယ့်အစား မြန်မာစစ်ဗိုလ်တွေနဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေ ကို ပစ်မှတ်ထားပြီး အရေးယူဒဏ်ခတ်သင့်တယ်လို့ Human Rights Watch အဖွဲ့ရဲ့ သုတေသီ ဒေါ်မန်နီမောင်က တိုက်တွန်းပါတယ်။
ပြီးခဲ့တဲ့နှစ် တပ်မတော်နေ့မတိုင်ခင် တစ်ရက်အလိုက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ မပါဝင်ဖို့ မြန်မာ့ရုပ်မြင်သံကြားက သတိပေး ကြေညာခဲ့ပါတယ်။ နောက်တစ်ရက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ချေမှုန်းမှုကြောင့် ဆန္ဒပြသူ ၁၆၃ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့လည်း Human Rights Watch အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Crd
Unicode
“တပ္မေတာ္ေန႔မွာ စစ္တပ္ကို ပစ္မွတ္ထား အေရးယူဖို႔ HRW တိုက္တြန္း”
မတ္လ ၂၇ ရက္ေန႔မွာ က်င္းပမယ့္ စစ္ေကာင္စီရဲ့ တပ္မေတာ္ေန႔ဟာ ျမန္မာစစ္တပ္က က်ယ္က်ယ္ျပန႔္ျပန႔္ က်ဴးလြန္ေနတဲ့ အၾကမ္းဖက္ရက္စက္မႈေတြအေပၚ ပိုျပင္းထန္တဲ့ အေရးယူမႈေတြ လုပ္နိုင္ဖို႔ နိုင္ငံတကာ အစိုးရေတြအတြက္ အခြင့္အလမ္းတစ္ရပ္ပဲလို႔ လူ႔အခြင့္အေရး ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕ (Human Rights Watch) အဖြဲ႕က ဒီကေန႔ သတင္း ထုတ္ျပန္ပါတယ္။




စစ္ေကာင္စီအဖြဲ႕ဝင္ေတြ၊ စစ္တပ္က အဆင့္ျမင့္အရာရွိေတြနဲ႔ စစ္တပ္ပိုင္လုပ္ငန္းေတြအေပၚ စီးပြားေရးအရ ျပင္းထန္တဲ့ အေရးယူမႈေတြကို နိုင္ငံတကာအစိုးရေတြက လုပ္သင့္တယ္လို႔လည္း Human Rights Watch အဖြဲ႕က တိုက္တြန္းပါတယ္။
ကုလသမဂၢ လုံျခဳံ ေရးေကာင္စီအေနနဲ႔ ျမန္မာနိုင္ငံကို လက္နက္ေရာင္းခ်မႈေတြ တစ္ကမၻာလုံးက ပိတ္ပင္ေရး အေရးေပၚဆုံးျဖတ္ခ်က္တစ္ရပ္ ခ်မွတ္သင့္တယ္၊ ျမန္မာနိုင္ငံရဲ့ အေျခအေနေတြဟာ ICC နိုင္ငံတကာတရား႐ုံးက ကိုင္တြယ္ဖို႔ကိုပါ လုံျခဳံေရးေကာင္စီက တိုက္တြန္းသင့္တယ္လို႔ Human Rights Watch အဖြဲ႕က ဆိုပါတယ္။




ကိုယ့္ရဲ့ ျပည္သူေတြကို ရက္ရက္စက္စက္ ဖိႏွိပ္ေနတဲ့ ျမန္မာစစ္တပ္ရဲ့ တပ္မေတာ္ေန႔ အခမ္းအနားေတြကို နိုင္ငံတကာ အစိုးရေတြက ပါဝင္တက္ေရာက္မယ့္အစား ျမန္မာစစ္ဗိုလ္ေတြနဲ႔ စစ္တပ္ပိုင္ စီးပြားေရးလုပ္ငန္းေတြ ကို ပစ္မွတ္ထားၿပီး အေရးယူဒဏ္ခတ္သင့္တယ္လို႔ Human Rights Watch အဖြဲ႕ရဲ့ သုေတသီ ေဒၚမန္နီေမာင္က တိုက္တြန္းပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ တပ္မေတာ္ေန႔မတိုင္ခင္ တစ္ရက္အလိုက စစ္အာဏာသိမ္းမႈ ဆန႔္က်င္ေရး ဆႏၵျပပြဲေတြမွာ မပါဝင္ဖို႔ ျမန္မာ့႐ုပ္ျမင္သံၾကားက သတိေပး ေၾကညာခဲ့ပါတယ္။ ေနာက္တစ္ရက္မွာေတာ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြရဲ့ အၾကမ္းဖက္ ေခ်မႈန္းမႈေၾကာင့္ ဆႏၵျပသူ ၁၆၃ ဦးထက္မနည္း ေသဆုံးခဲ့ရတယ္လို႔လည္း Human Rights Watch အဖြဲ႕ရဲ့ ဒီကေန႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
Crd