NLDပါတီနှင့်SNLDပါတီကို(၃)နှစ်ရပ်ဆိုင်မည်ဟု သတင်းစာရှင်းလင်းပွဲတွင်ပြော….

News

NLDပါတီနှင့်SNLDပါတီကို(၃)နှစ်ရပ်ဆိုင်မည်ဟု သတင်းစာရှင်းလင်းပွဲတွင်ပြော….

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ပါတီ ဖျက်သိမ်းသည့်ကိစ္စကို မတ်လ (၂၇) ရက်နေ့အပြီးတွင် အရေးယူဆောင်ရွက်မည်ဟု အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ယနေ့ပြောဆိုလိုက်သည်။

ယနေ့ မတ်လ (၂၄) ရက်နေ့ နေပြည်တော်၌ ပြုလုပ်သည့် အကြမ်းဖက်စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့၏ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီပါတီတွေကို စစ်ဆေးဖို့အတွက် ပထမအကြိမ် အကြောင်းကြားရာမှာ (၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၄)မှာ အကြောင်းကြားခဲ့ပေမဲ့လည်း စစ်ဆေးခံဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒါကြောင့် ဒီပါတီ (၂) ပါတီကို မတ်လ (၉)ရက်နေ့မှာ လာရောက်စစ်ဆေးဖို့ အကြောင်းကြားပေမယ့် မလာခဲ့ပါဘူး”ဟု ၎င်းက ပြောသည်။

၎င်းတို့၏ ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ လာရောက်အစစ်ဆေးခံသည့် ပါတီများကို သုံးနှစ်အထိ ယာယီရပ်ဆိုင်းမည်ဖြစ်ကာ ပါတီကို ဖျက်သိမ်းသည်အထိ ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ဆိုသည်။

Crd

Unicode

NLD နှင့် SNLD ပါတီကို မတ်လ (၂၇) ရက်နေ့ပြီးလျှင် (၃) နှစ်ရပ်ဆိုင်းမည်ဟု စစ်ကောင်စီပြော





Leave a Reply

Your email address will not be published.