မင်းအောင်လှိုင်ကို ဖယ်ရှားပြီး ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မယ့် ခေါင်းဆောင်ကို မျှော်လင့်နေ ကြပြီ




အကြမ်းဖက်စစ်တပ်အတွင်းမှာတော့ မင်းအောင်လှိုင်ကို ဖယ်ရှားပြီး စစ်တပ်ထဲမှာ ပြုပြင်ပြောင်းလဲရေး ဖော် ဆောင်မယ့်ခေါင်းဆောင်မျိုးကို မျှော်လင့်နေကြပြီလို့ CDM ပြုလုပ်လာခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး ဗညားကျော်က ပြောကြားလိုက်ပါတယ်။
“စစ်သားတွေအပါအဝင် တပ်မိသားစုတွေ ပြည်သူတွေကြားထဲကို မသွားရဲတော့ဘူး။ တချို့ဆိုရင် သူတို့မိဘရှိတဲ့ နေရပ်တွေ့ကိုတောင်မှ ပြန်ဖို့ကို မပြန်ရဲတော့တဲ့ အနေအထားမျိုးတွေပေါ့နော်။




ဒီလိုအခြေအ နေမှာ တပ်တွင်းကလူတွေကလည်း ဘယ်လိုဖြစ်လာလဲဆိုတော့ တပ်အတွင်းမှာလည်း ပြုပြင်ပြောင်းလဲရေးတွေ ပေါ့နော်။ ဒီလိုမျိုးကို ဖော်ဆောင်မယ့်ခေါင်းဆောင်မျိုးကို မျှော်လင့်လာကြတယ်ပေါ့နော် ကျနော်ထင်ပါတယ်။” လို့ လွတ်လပ်တဲ့ အာရှအသံရေဒီယိုအစီအစဉ်နဲ့အင်တာဗျူးမှာ အခုလို ပြောကြားလိုက်တာပါ။
ဒုတိယဗိုလ်မှူးကြီး ဗညားကျော်က DSA အပတ်စဉ် ၄၆ ကနေ ၂၀၀၃ ခုနှစ်မှာ ကျောင်းဆင်းခဲ့သူပါ။ CDM မပြုလုပ်ခင်မှာ တပ်မတော်သိပ္ပံနဲ့ နည်းပညာသုတေသနဌာနရဲ့ ကထိက အဖြစ်နဲ့ သုတေသနတွေ လုပ်ဆောင်နေ သူတစ်ဦးလည်းဖြစ်ပါတယ်။




ရုရှားနိုင်ငံမှာ ရူပဗေဒဘာသာရပ်နဲ့ အထူးပြုဘွဲ့ရခဲ့သူတစ်ဦးဖြစ်ပြီး လေဆာနဲ့ ဟိုလိုဂရက်ဖ်တီနည်းပညာကို အထူးပြုလေ့လာခဲ့တယ်လို့လည်း သူကပြောပါတယ်။
လက်ရှိအချိန်မှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်မှာ ထုတ်ပြန်ထားသလောက် လူအင်အား မရှိတဲ့အပေါ်မှာလည်း အခုလို မှတ်ချက်ပေး ပြောကြားထားတာ တွေ့ရပါတယ်။




“သူတို့ထုတ်ပြန်သလောက် ရှိမယ်လို့ မထင်ဘူးဗျ။ အာဏာသိမ်းဖြစ်စဉ် ဖြစ်ပြီးတော့ အခုဆိုရင် ပိုတောင်ဆိုးသေး တာပေါ့။ အာဏာသိမ်းဖြစ်စဉ် ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ စစ်တပ်ထဲကို ဝင်တဲ့သူကလည်း အရမ်းနည်းသွားပြီ။
နောက်ပြီး ဒီနေ့လက်ရှီဖြစ်နေတဲ့ အခြေအနေတွေနဲ့က စစ်တပ်ကလည်း ထိခိုက်ကျဆုံး ဒဏ်ရာရမှုတွေက များ နေတဲ့အခါကျတော့။ အကြမ်းဖျဉ်းကတော့ ကျနော်ထင်တယ် ၂ သိန်းနဲ့ ၃ သိန်းဝန်းကျင် ကြားထဲမှာလောက်ပဲ ရှိ မယ်လို့ ကျနော်ထင်တယ်ဗျ။ ” လို့ ဒုတိယဗိုလ်မှူးကြီး ဗညားကျော်ကပြောပါတယ်။




ဗိုလ်ချုပ်နဲ့ အထက်အဆင့်တွေ CDM ပြုလုပ်လာဖို့အတွက်ကတော့ သူတို့ကိုယ်တိုင် ယုံကြည်ချက်နဲ့ သူတို့ရဲ့ ပြည်သူအပေါ်မှာထားတဲ့ ရပ်တည်ချက်တွေအပေါ် အခြေခံပြီး စွန့်လွှတ်အနစ်နာခံမှုတွေ လုပ်နိုင်ဖို့ လိုတယ်ဆိုပြီး တော့လည်း မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။
ဒါပေမယ့်လည်း အကြမ်းဖက်စစ်တပ်အတွင်းမှာ ရာထူးမြင့် လေ ချည်နှောင်ထားတဲ့ ရုန်းထွက်မရနိုင်တဲ့ အကြောင်းတရားတွေ များတယ်ဆိုပြီးတော့လည်း ပြောထားတာ တွေ့ရပါတယ်။




CRD