ခ်နင္း ထိုးေကြၽးေတာ့မယ့္ အကြက္ေတြဒါကိုမွ ဆက္ၿပီး ကြၽန္ခံခ်င္သပဆိုလည္းကိုယ့္ထိုက္နဲ႔ကိုယ္ခံၾကေပေတာ့မၾကာေတာ့ဘူးႀကိဳးစင္နဲ႔ ေယာ႐ုဝ တခုခု ျမန္းေတာ့မွာ ေသခ်ာေနၿပီေဂါင္းႀကီးတို႔
တပ္မေတာ္အေနနဲ႔ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္ခဲ့တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာဆိုခဲ့တဲ့အေပၚ စစ္ေကာင္စီ ျပန္ၾကားေရး ဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက မတ္လ ၂၄ ရက္ ဒီကေန႔ ေနျပည္ေတာ္သတင္းစာရွင္းလင္းပြဲမွာ ျငင္းဆိုလိုက္ပါတယ္။




လူမ်ိဳးတုံးသတ္ျဖတ္မႈ မရွိေပမဲ့ တာ၀န္ထမ္းေဆာင္တဲ့ေနရာမွာ စစ္သည္တဦးခ်င္းစီအေနနဲ႔၊ အစုအဖြဲ႕အငယ္ေတြအေနနဲ႔ မွားယြင္းတာမ်ိဳး ရွိေကာင္းရွိႏိုင္ၿပီး ဒါေတြနဲ႔ပတ္သက္လို႔လည္း တရားဥပေဒအရ အေရးယူေဆာင္႐ြက္ၿပီးျဖစ္တယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။
ျမန္မာစစ္တပ္ဟာ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈေတြက်ဴးလြန္ခဲ့တယ္လို႔ အေမရိကန္အစိုးရက အတည္ျပဳသတ္မွတ္လိုက္တဲ့ အေၾကာင္း အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး အန္တိုနီဘလင္ကန္က မတ္ ၂၁ ရက္ေန႔က ေျပာၾကားခဲ့တာပါ။




ဒါနဲ႔ပတ္သက္ၿပီး ဒုတိယ၀န္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက “တပ္မေတာ္တရပ္လုံးအေနနဲ႔ ဂ်ီႏိုဆိုက္ က်ဴးလြန္ခဲ့တာမရွိဘူး။ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဳးလြန္ခဲ့တာ မရွိဘူး။ ရွိစရာလည္း အေၾကာင္းမရွိဘူး။”လို႔ေျပာပါတယ္။
အခုလို အေမရိကန္ရဲ႕ ေၾကညာခ်က္နဲ႔ပတ္သက္ၿပီး စစ္ေကာင္စီအေနနဲ႔ လုပ္စရွိတာ ဆက္လုပ္သြားမယ္လို႔လည္း ေျပာပါတယ္။
“က်ေနာ္တို႔ လုပ္႐ိုးလုပ္စဥ္အတိုင္း လုပ္စရာရွိတာပဲလုပ္မယ္၊ ကန႔္ကြက္စရာရွိတာ ကန႔္ကြက္မယ္။ ရပ္တယ္စရာရွိတာ ရပ္တည္မယ္။ အဲဒါကို ဂ႐ုစိုက္ၿပီး လုပ္ေနလို႔ရွိရင္ေတာ့ လုပ္စရာအလုပ္ေတာင္ ရွိမွာမဟုတ္ဘူး။ ဒါေၾကာင့္ က်ေနာ္တို႔အေနနဲ႔ ရပ္တည္သြားမွာကေတာ့ ျပည္တြင္းအင္အားကို ခိုင္မာေအာင္လုပ္မယ္၊ ျပည္တြင္းအင္အားကို တည္ေဆာက္မယ္။ ဒါနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ တည္ၿငိမ္ေအးခ်မ္းေရးလုပ္ငန္းေတြ ဆက္လက္ေဆာင္႐ြက္သြားမယ္” လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။




တပ္မေတာ္အေနနဲ႔ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္ခဲ့တာမရွိဘူးလို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ စစ္ေကာင္စီႏိုင္ငံျခားေရးဌာနကလည္း ထုတ္ျပန္ေၾကညာထားပါတယ္။
ျမန္မာစစ္တပ္ဟာ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္ဆိုၿပီး ဂမ္ဘီယာႏိုင္ငံကလည္း ျမန္မာႏိုင္ငံကို တရားစြဲထားပါတယ္။DVB
Crd
Unicode
ချနင်း ထိုးကျွေးတော့မယ့် အကွက်တွေဒါကိုမှ ဆက်ပြီး ကျွန်ခံချင်သပဆိုလည်းကိုယ့်ထိုက်နဲ့ကိုယ်ခံကြပေတော့မကြာတော့ဘူးကြိုးစင်နဲ့ ယောရုဝ တခုခု မြန်းတော့မှာ သေချာနေပြီဂေါင်းကြီးတို့
တပ်မတော်အနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တဲ့အပေါ် စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက မတ်လ ၂၄ ရက် ဒီကနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုလိုက်ပါတယ်။




လူမျိုးတုံးသတ်ဖြတ်မှု မရှိပေမဲ့ တာဝန်ထမ်းဆောင်တဲ့နေရာမှာ စစ်သည်တဦးချင်းစီအနေနဲ့၊ အစုအဖွဲ့အငယ်တွေအနေနဲ့ မှားယွင်းတာမျိုး ရှိကောင်းရှိနိုင်ပြီး ဒါတွေနဲ့ပတ်သက်လို့လည်း တရားဥပဒေအရ အရေးယူဆောင်ရွက်ပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်လို့ အမေရိကန်အစိုးရက အတည်ပြုသတ်မှတ်လိုက်တဲ့ အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မတ် ၂၁ ရက်နေ့က ပြောကြားခဲ့တာပါ။
ဒါနဲ့ပတ်သက်ပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “တပ်မတော်တရပ်လုံးအနေနဲ့ ဂျီနိုဆိုက် ကျူးလွန်ခဲ့တာမရှိဘူး။ လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်ခဲ့တာ မရှိဘူး။ ရှိစရာလည်း အကြောင်းမရှိဘူး။”လို့ပြောပါတယ်။




အခုလို အမေရိကန်ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီအနေနဲ့ လုပ်စရှိတာ ဆက်လုပ်သွားမယ်လို့လည်း ပြောပါတယ်။
“ကျနော်တို့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်စရာရှိတာပဲလုပ်မယ်၊ ကန့်ကွက်စရာရှိတာ ကန့်ကွက်မယ်။ ရပ်တယ်စရာရှိတာ ရပ်တည်မယ်။ အဲဒါကို ဂရုစိုက်ပြီး လုပ်နေလို့ရှိရင်တော့ လုပ်စရာအလုပ်တောင် ရှိမှာမဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ ရပ်တည်သွားမှာကတော့ ပြည်တွင်းအင်အားကို ခိုင်မာအောင်လုပ်မယ်၊ ပြည်တွင်းအင်အားကို တည်ဆောက်မယ်။ ဒါနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားမယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
တပ်မတော်အနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့တာမရှိဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စစ်ကောင်စီနိုင်ငံခြားရေးဌာနကလည်း ထုတ်ပြန်ကြေညာထားပါတယ်။




မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံကလည်း မြန်မာနိုင်ငံကို တရားစွဲထားပါတယ်။DVB
Crd