ပုဒ္မ ၂၄ ျဖင့္ အမႈဖြင့္ခံရတဲ့ ေဇကမၻာခင္ေရႊသားအဖႏွစ္ဦးရဲ့ ေနာက္ဆက္တြဲသတင္း
ေဇကမၻာဦးခင္ေရႊနဲ႔ သားျဖစ္သူကို ဖမ္းဆီးၿပီး အင္းစိန္ေထာင္ပို႔




မတ္လ ၂၂-၂၀၂၂
ေဇကမၻာဦးခင္ေရႊနဲ႔ သားျဖစ္သူ ကိုေဇသီဟ ကို ဗဟန္းၿမိဳ႕နယ္က ေနအိမ္မွာ ဒီကေန႔ ရဲတပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးၿပီးေနာက္ အင္းစိန္အက်ဥ္းေထာင္ကိုပို႔လိုက္တယ္လို႔ ရဲအသိုင္းအဝိုင္းကသိရပါတယ္။




ေဇကမၻာဦးခင္ေရႊနဲ႔သားျဖစ္သူ ကိုေဇသီဟ တို႔ကို ဒီကေန႔ မနက္ပိုင္းက ဗဟန္းၿမိဳ႕နယ္၊ ေရႊေတာင္ၾကား (၁)ရပ္ကြက္၊ တကၠသိုလ္ရိပ္သာလမ္းက ေနအိမ္မွာ ဖမ္းဆီးခဲ့တာျဖစ္တယ္လို႔ ရဲအရာရွိတဦးက ေျပာပါတယ္။
သူတို႔ႏွစ္ဦးကို ကာကြယ္ေရးဝန္ႀကီးဌာနပိုင္အေဆာက္အဦးကိစၥေတြနဲ႔ပတ္သက္ၿပီး ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္မွ ဒုဗိုလ္မႈႀကီးတဦးက ေဖေဖာ္ဝါရီ ၁၁ ရက္က ဗဟန္းၿမိဳ႕မရဲစခန္းမွာတိုင္ၾကားခဲ့တဲ့အမႈနဲ႔ ဖမ္းဆီးခဲ့တာျဖစ္တယ္လို႔ သူကေျပာပါတယ္။
“ဦးခင္ေရႊေရာ သူ႔သားေရာ စခန္းမွာမရွိဘူး၊ အင္းစိန္ေထာင္ကိုပို႔လိုက္ပါၿပီ”လို႔ အဲ့ဒီရဲအရာရွိက ေျပာပါတယ္။




ေဇကမၻာဦးခင္ေရႊနဲ႔အေပါင္းအပါေတြကို ေရွးေဟာင္းအေဆာက္အအုံမ်ားကာကြယ္ထိန္းသိမ္းေရးဥပေဒပုဒ္မ ၂၄ နဲ႔ေဖေဖာ္ဝါရီ ၁၁ ရက္က ဗဟန္းၿမိဳ႕နယ္ရဲစခန္းမွာ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္က အမႈဖြင့္တိုင္ၾကားခဲ့တာျဖစ္တယ္လို႔ ရဲအသိုင္းအဝိုင္းကသိရပါတယ္။
လက္ရွိမွာေတာ့ ေဇကမၻာဦးခင္ေရႊနဲ႔သားျဖစ္သူ ေဇသီဟကို စစ္တပ္နဲ႔ရဲေတြက ဗဟန္းၿမိဳ႕မရဲစခန္းကေန အင္းစိန္အက်ဥ္းေထာင္ကိုပို႔ေဆာင္လိုက္တယ္လို႔ သိရပါတယ္။
#voiceofmyanmar #VOM #ေဇကမၻာဦးခင္ေရႊ #သားျဖစ္သူ #ဖမ္းဆီးခံရ
unicode
ပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ခံရတဲ့ ဇေကမ္ဘာခင်ရွှေသားအဖနှစ်ဦးရဲ့ နောက်ဆက်တွဲသတင်း
ဇေကမ္ဘာဦးခင်ရွှေနဲ့ သားဖြစ်သူကို ဖမ်းဆီးပြီး အင်းစိန်ထောင်ပို့




မတ်လ ၂၂-၂၀၂၂
ဇေကမ္ဘာဦးခင်ရွှေနဲ့ သားဖြစ်သူ ကိုဇေသီဟ ကို ဗဟန်းမြို့နယ်က နေအိမ်မှာ ဒီကနေ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီးနောက် အင်းစိန်အကျဉ်းထောင်ကိုပို့လိုက်တယ်လို့ ရဲအသိုင်းအဝိုင်းကသိရပါတယ်။




ဇေကမ္ဘာဦးခင်ရွှေနဲ့သားဖြစ်သူ ကိုဇေသီဟ တို့ကို ဒီကနေ့ မနက်ပိုင်းက ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။
သူတို့နှစ်ဦးကို ကာကွယ်ရေးဝန်ကြီးဌာနပိုင်အဆောက်အဦးကိစ္စတွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှုကြီးတဦးက ဖေဖော်ဝါရီ ၁၁ ရက်က ဗဟန်းမြို့မရဲစခန်းမှာတိုင်ကြားခဲ့တဲ့အမှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။
“ဦးခင်ရွှေရော သူ့သားရော စခန်းမှာမရှိဘူး၊ အင်းစိန်ထောင်ကိုပို့လိုက်ပါပြီ”လို့ အဲ့ဒီရဲအရာရှိက ပြောပါတယ်။




ဇေကမ္ဘာဦးခင်ရွှေနဲ့အပေါင်းအပါတွေကို ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၄ နဲ့ဖေဖော်ဝါရီ ၁၁ ရက်က ဗဟန်းမြို့နယ်ရဲစခန်းမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်က အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်တယ်လို့ ရဲအသိုင်းအဝိုင်းကသိရပါတယ်။
လက်ရှိမှာတော့ ဇေကမ္ဘာဦးခင်ရွှေနဲ့သားဖြစ်သူ ဇေသီဟကို စစ်တပ်နဲ့ရဲတွေက ဗဟန်းမြို့မရဲစခန်းကနေ အင်းစိန်အကျဉ်းထောင်ကိုပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။




#voiceofmyanmar #VOM #ဇေကမ္ဘာဦးခင်ရွှေ #သားဖြစ်သူ #ဖမ်းဆီးခံရ