မင်းအောင်လှိုင်ကို ဖယ်ရှားပြီး စစ်တပ်ထဲ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မယ့် ခေါင်းဆောင်ကို မျှော်လင့်နေ ကြပြီလို့ CDM ဒုတိယဗိုလ်မှူးကြီး ဗညားကျော်ပြောကြား
အကြမ်းဖက်စစ်တပ်အတွင်းမှာတော့ မင်းအောင်လှိုင်ကို ဖယ်ရှားပြီး စစ်တပ်ထဲမှာ ပြုပြင်ပြောင်းလဲရေး ဖော် ဆောင်မယ့်ခေါင်းဆောင်မျိုးကို မျှော်လင့်နေကြပြီလို့ CDM ပြုလုပ်လာခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး ဗညားကျော်က ပြောကြားလိုက်ပါတယ်။




“စစ်သားတွေအပါအဝင် တပ်မိသားစုတွေ ပြည်သူတွေကြားထဲကို မသွားရဲတော့ဘူး။
တချို့ဆိုရင် သူတို့မိဘရှိတဲ့ နေရပ်တွေ့ကိုတောင်မှ ပြန်ဖို့ကို မပြန်ရဲတော့တဲ့ အနေအထားမျိုးတွေပေါ့နော်။
ဒီလိုအခြေအ နေမှာ တပ်တွင်းကလူတွေကလည်း ဘယ်လိုဖြစ်လာလဲဆိုတော့ တပ်အတွင်းမှာလည်း ပြုပြင်ပြောင်းလဲရေးတွေ ပေါ့နော်။
ဒီလိုမျိုးကို ဖော်ဆောင်မယ့်ခေါင်းဆောင်မျိုးကို မျှော်လင့်လာကြတယ်ပေါ့နော် ကျနော်ထင်ပါတယ်။” လို့ လွတ်လပ်တဲ့ အာရှအသံရေဒီယိုအစီအစဉ်နဲ့အင်တာဗျူးမှာ အခုလို ပြောကြားလိုက်တာပါ။
ဒုတိယဗိုလ်မှူးကြီး ဗညားကျော်က DSA အပတ်စဉ် ၄၆ ကနေ ၂၀၀၃ ခုနှစ်မှာ ကျောင်းဆင်းခဲ့သူပါ။




CDM မပြုလုပ်ခင်မှာ တပ်မတော်သိပ္ပံနဲ့ နည်းပညာသုတေသနဌာနရဲ့ ကထိက အဖြစ်နဲ့ သုတေသနတွေ လုပ်ဆောင်နေ သူတစ်ဦးလည်းဖြစ်ပါတယ်။
ရုရှားနိုင်ငံမှာ ရူပဗေဒဘာသာရပ်နဲ့ အထူးပြုဘွဲ့ရခဲ့သူတစ်ဦးဖြစ်ပြီး လေဆာနဲ့ ဟိုလိုဂရက်ဖ်တီနည်းပညာကို အထူးပြုလေ့လာခဲ့တယ်လို့လည်း သူကပြောပါတယ်။
လက်ရှိအချိန်မှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်မှာ ထုတ်ပြန်ထားသလောက် လူအင်အား မရှိတဲ့အပေါ်မှာလည်း အခုလို မှတ်ချက်ပေး ပြောကြားထားတာ တွေ့ရပါတယ်။
“သူတို့ထုတ်ပြန်သလောက် ရှိမယ်လို့ မထင်ဘူးဗျ။ အာဏာသိမ်းဖြစ်စဉ် ဖြစ်ပြီးတော့ အခုဆိုရင် ပိုတောင်ဆိုးသေး တာပေါ့။
အာဏာသိမ်းဖြစ်စဉ် ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ စစ်တပ်ထဲကို ဝင်တဲ့သူကလည်း အရမ်းနည်းသွားပြီ။
နောက်ပြီး ဒီနေ့လက်ရှီဖြစ်နေတဲ့ အခြေအနေတွေနဲ့က စစ်တပ်ကလည်း ထိခိုက်ကျဆုံး ဒဏ်ရာရမှုတွေက များ နေတဲ့အခါကျတော့။




အကြမ်းဖျဉ်းကတော့ ကျနော်ထင်တယ် ၂ သိန်းနဲ့ ၃ သိန်းဝန်းကျင် ကြားထဲမှာလောက်ပဲ ရှိ မယ်လို့ ကျနော်ထင်တယ်ဗျ။ ” လို့ ဒုတိယဗိုလ်မှူးကြီး ဗညားကျော်ကပြောပါတယ်။
ဗိုလ်ချုပ်နဲ့ အထက်အဆင့်တွေ CDM ပြုလုပ်လာဖို့အတွက်ကတော့ သူတို့ကိုယ်တိုင် ယုံကြည်ချက်နဲ့ သူတို့ရဲ့ ပြည်သူအပေါ်မှာထားတဲ့ ရပ်တည်ချက်တွေအပေါ် အခြေခံပြီး စွန့်လွှတ်အနစ်နာခံမှုတွေ လုပ်နိုင်ဖို့ လိုတယ်ဆိုပြီး တော့လည်း မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။
ဒါပေမယ့်လည်း အကြမ်းဖက်စစ်တပ်အတွင်းမှာ ရာထူးမြင့် လေ ချည်နှောင်ထားတဲ့ ရုန်းထွက်မရနိုင်တဲ့ အကြောင်းတရားတွေ များတယ်ဆိုပြီးတော့လည်း ပြောထားတာ တွေ့ရပါတယ်။
SpringReovlution PVTV
zawgyi,
မင္းေအာင္လႈိင္ကို ဖယ္ရွားၿပီး စစ္တပ္ထဲ ျပဳျပင္ေျပာင္းလဲေရး ေဖာ္ေဆာင္မယ့္ ေခါင္းေဆာင္ကို ေမွ်ာ္လင့္ေန ၾကၿပီလို႔ CDM ဒုတိယဗိုလ္မႉးႀကီး ဗညားေက်ာ္ေျပာၾကား
အၾကမ္းဖက္စစ္တပ္အတြင္းမွာေတာ့ မင္းေအာင္လႈိင္ကို ဖယ္ရွားၿပီး စစ္တပ္ထဲမွာ ျပဳျပင္ေျပာင္းလဲေရး ေဖာ္ ေဆာင္မယ့္ေခါင္းေဆာင္မ်ိဳးကို ေမွ်ာ္လင့္ေနၾကၿပီလို႔ CDM ျပဳလုပ္လာခဲ့တဲ့ ဒုတိယဗိုလ္မႉးႀကီး ဗညားေက်ာ္က ေျပာၾကားလိုက္ပါတယ္။




“စစ္သားေတြအပါအဝင္ တပ္မိသားစုေတြ ျပည္သူေတြၾကားထဲကို မသြားရဲေတာ့ဘူး။
တခ်ိဳ႕ဆိုရင္ သူတို႔မိဘရွိတဲ့ ေနရပ္ေတြ႕ကိုေတာင္မွ ျပန္ဖို႔ကို မျပန္ရဲေတာ့တဲ့ အေနအထားမ်ိဳးေတြေပါ့ေနာ္။
ဒီလိုအေျခအ ေနမွာ တပ္တြင္းကလူေတြကလည္း ဘယ္လိုျဖစ္လာလဲဆိုေတာ့ တပ္အတြင္းမွာလည္း ျပဳျပင္ေျပာင္းလဲေရးေတြ ေပါ့ေနာ္။
ဒီလိုမ်ိဳးကို ေဖာ္ေဆာင္မယ့္ေခါင္းေဆာင္မ်ိဳးကို ေမွ်ာ္လင့္လာၾကတယ္ေပါ့ေနာ္ က်ေနာ္ထင္ပါတယ္။” လို႔ လြတ္လပ္တဲ့ အာရွအသံေရဒီယိုအစီအစဥ္နဲ႔အင္တာဗ်ဴးမွာ အခုလို ေျပာၾကားလိုက္တာပါ။
ဒုတိယဗိုလ္မႉးႀကီး ဗညားေက်ာ္က DSA အပတ္စဥ္ ၄၆ ကေန ၂၀၀၃ ခုႏွစ္မွာ ေက်ာင္းဆင္းခဲ့သူပါ။
CDM မျပဳလုပ္ခင္မွာ တပ္မေတာ္သိပၸံနဲ႔ နည္းပညာသုေတသနဌာနရဲ႕ ကထိက အျဖစ္နဲ႔ သုေတသနေတြ လုပ္ေဆာင္ေန သူတစ္ဦးလည္းျဖစ္ပါတယ္။




႐ုရွားႏိုင္ငံမွာ ႐ူပေဗဒဘာသာရပ္နဲ႔ အထူးျပဳဘြဲ႕ရခဲ့သူတစ္ဦးျဖစ္ၿပီး ေလဆာနဲ႔ ဟိုလိုဂရက္ဖ္တီနည္းပညာကို အထူးျပဳေလ့လာခဲ့တယ္လို႔လည္း သူကေျပာပါတယ္။
လက္ရွိအခ်ိန္မွာ မင္းေအာင္လႈိင္ဦးေဆာင္တဲ့ အၾကမ္းဖက္စစ္တပ္မွာ ထုတ္ျပန္ထားသေလာက္ လူအင္အား မရွိတဲ့အေပၚမွာလည္း အခုလို မွတ္ခ်က္ေပး ေျပာၾကားထားတာ ေတြ႕ရပါတယ္။
“သူတို႔ထုတ္ျပန္သေလာက္ ရွိမယ္လို႔ မထင္ဘူးဗ်။ အာဏာသိမ္းျဖစ္စဥ္ ျဖစ္ၿပီးေတာ့ အခုဆိုရင္ ပိုေတာင္ဆိုးေသး တာေပါ့။
အာဏာသိမ္းျဖစ္စဥ္ ျဖစ္ၿပီးတဲ့ ေနာက္ပိုင္းမွာ စစ္တပ္ထဲကို ဝင္တဲ့သူကလည္း အရမ္းနည္းသြားၿပီ။
ေနာက္ၿပီး ဒီေန႔လက္ရွီျဖစ္ေနတဲ့ အေျခအေနေတြနဲ႔က စစ္တပ္ကလည္း ထိခိုက္က်ဆုံး ဒဏ္ရာရမႈေတြက မ်ား ေနတဲ့အခါက်ေတာ့။
အၾကမ္းဖ်ဥ္းကေတာ့ က်ေနာ္ထင္တယ္ ၂ သိန္းနဲ႔ ၃ သိန္းဝန္းက်င္ ၾကားထဲမွာေလာက္ပဲ ရွိ မယ္လို႔ က်ေနာ္ထင္တယ္ဗ်။ ” လို႔ ဒုတိယဗိုလ္မႉးႀကီး ဗညားေက်ာ္ကေျပာပါတယ္။




ဗိုလ္ခ်ဳပ္နဲ႔ အထက္အဆင့္ေတြ CDM ျပဳလုပ္လာဖို႔အတြက္ကေတာ့ သူတို႔ကိုယ္တိုင္ ယုံၾကည္ခ်က္နဲ႔ သူတို႔ရဲ႕ ျပည္သူအေပၚမွာထားတဲ့ ရပ္တည္ခ်က္ေတြအေပၚ အေျခခံၿပီး စြန႔္လႊတ္အနစ္နာခံမႈေတြ လုပ္ႏိုင္ဖို႔ လိုတယ္ဆိုၿပီး ေတာ့လည္း မွတ္ခ်က္ျပဳထားတာ ေတြ႕ရပါတယ္။
ဒါေပမယ့္လည္း အၾကမ္းဖက္စစ္တပ္အတြင္းမွာ ရာထူးျမင့္ ေလ ခ်ည္ေႏွာင္ထားတဲ့ ႐ုန္းထြက္မရႏိုင္တဲ့ အေၾကာင္းတရားေတြ မ်ားတယ္ဆိုၿပီးေတာ့လည္း ေျပာထားတာ ေတြ႕ရပါတယ္။
Crd