ကြမ်းခင်းစျေး $500 ကနေ တခဲနက် အားပေးကြမ်း မှူကြောင် အမေရီကန်ဒေါ်လာ ငါး…see more

News

ကြမ်းခင်းစျေး $500 ကနေ တခဲနက် အားပေးကြမ်း မှူကြောင် အမေရီကန်ဒေါ်လာ ငါး…see more

ကြမ်းခင်းစျေး $500 ကနေ တခဲနက် အားပေးကြမ်း မှူကြောင် အမေရီကန်ဒေါ်လာ ငါး…see more

ဒီဖိနပ်ဟာ စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်ဖျက်ချိုးဖို့ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ PDF လူငယ်တစ်ယောက်ရဲ့ ဖိနပ်ဖြစ်ပါတယ်။ ဒီဖိနပ်ကို သူမြို့ပေါ်မှာ ရှိခဲ့စဉ်က ကြွကြွရွရွ ပဲများစီးဖို့ အဖြူရောင်လေး ရွေးဝယ်ခဲ့တယ် ထင်ပါရဲ့။

စနစ်ဆိုးနဲ့ တည့်တည့်တိုးတဲ့အခါ လူငယ်တစ်ယောက်ရဲ့ ဘားသွားကလပ်တက် ဖိနပ်တစ်ရံဟာ တောထဲမှာ ရွှံ့နင်းဗွက်နင်း အရောင်မှိန်ဖိနပ်တစ်ရံ ဖြစ်လာခဲ့တယ်။

ဖိနပ်ပေါ်က အစိတွေကိုကြည့်။ ရွှေရောင်တဝင်းဝင်းနဲ့။ ဒီဂုဏ်သိက္ခာမရှိ တန်ဖိုးမရှိတဲ့ အစိတွေအတွက် ဒီစစ်ခွေးတွေဟာ ပြည်သူတွေကို သတ်ခဲ့တယ်။ ဒီအစိတွေအတွက် ပြည်သူတွေရဲ့ ရွာတွေကို မီးရှို့ခဲ့တယ်။

ဒီအစိတွေအတွက် ပြည်သူတွေကို စိတ်ပါလက်ပါဒုက္ခပေးခဲ့ကြတယ်။ ဒီတန်ဖိုးမဲ့ သိက္ခာမဲ့ ပြည်သူရွံမုန်းတဲ့ အစိတွေအတွက် ဒီစစ်ခွေးတွေဟာ အသက်ပေးမက်မောခဲ့ကြတယ်။

အခုတော့ ဒီအစိတွေကို PDF လူငယ်တစ်ယောက်က သူ့ရဲ့ ပေရေနေတဲ့ စီးတော်ဖိနပ်မှာ ခြေနင်းလုပ် စီးလိုက်တယ်။ တစ်နိုင်ငံလုံး သဘောကျကြတယ်။ တစ်နိုင်ငံလုံး နှစ်ထောင်းအားရကြတယ်။

ဒီအစိတွေဟာ အင်မတန် ထူးဆန်းတယ်။ ပုခုံးပေါ်ရှိစဉ်က စောက်တစ်ပြားမှ မတန်ဘဲ ဖိနပ်ပေါ်ရောက်မှ လိုက်ဖက်သွားတဲ့ အစိမျိုး။

ဒီဖိနပ်ကို လေလံဆွဲလိုက်ပါ။ ဒီငွေကြေးဟာ ဒီလူငယ်တွေအတွက် လိုအပ်နေတဲ့ တစ်လက် ဖြစ်လာမှာ။

ဒီဖိနပ်ကို လေလံဆွဲလိုက်ပါ။ ကိုယ်တို့ ပြည်သူတွေ ဒီခွေးတွေကို ဘယ်လောက်ရွံမုန်းကြောင်း ပြသနိုင်တဲ့အပြင် စစ်ခွေးအသိုင်းအဝိုင်းက ဆတ်စလူးထ နာကြင်ကြမှာကိုက အမြတ်ပဲ။

ပြန်တမ်းဝင်ဆိုပြီး ဂုဏ်ဆာခဲ့သမျှ စောက်ရူးတွေးတွေကို ဒီပွဲနဲ့ သပ်ချပစ်မှာ။

ကြမ်းခင်းစျေး $500 ပါ။ နက်ဖြန်ည ၁၀ နာရီမှာ လေလံပိတ်သိမ်းမှာဖြစ်ပါတယ်။

ချက်ဘောက်က ဖြစ်စေ၊ ကောမန့်က ဖြစ်စေ စစ်ခွေးအစိကပ် PDFဖိနပ်ကို အလက်တွေအဖြစ် အသွင်ပြောင်းပေးလို့ ရပါပြီ။ ? ဆိုပြီး ကြမ်းခင်းစျေး $500 ကနေ စတင်ခဲ့တဲ့ အစိကပ် ဖိနပ်ဟာတော့ ယခုမှာတော့ $5500 အထက်ကို ရောက်ရှိနေပြီဘဲ ဖြစ်ပါတယ်။

ပန်ဆယ်လို

Leave a Reply

Your email address will not be published.