















Credit
အဖေက ခုံဖိနပ်နဲ့ ကျောင်းတက်တော့ သမီးကဒေါက်ဖိနပ်နဲ့ ကမ္ဘာပတ်တယ်




အဖေက ခုံဖိနပ်နဲ့ ကျောင်းတက်တော့ သမီးကဒေါက်ဖိနပ်နဲ့ ကမ္ဘာပတ်တယ်
သတ်လို့မသေတဲ့အာဂလူသားနှစ်ဦး
အဖေက စွန့်လွှတ်ရင် သမီးက စွန့်စားတယ်။
အဖေက ခုံဖိနပ်နဲ့ ကျောင်းတက်တော့ သမီးကဒေါက်ဖိနပ်နဲ့ကမ္ဘာပတ်တယ်




အဖေက အသက်ပေးတော့ သမီးက ဘ၀နဲ့ရင်းတယ်
အဖေက လူမျိုးခြား ကျွန်ကိုတွန်းလှန်တော့ သမီးက လူမျိုးခြင်း ကျွန်ကို တော်လှန်တယ်
အဖေက ပဲပြုတ်နဲ့နံပြားစားချင် ဆိုတော့ သမီးက ငုံးဥပြုတ်နဲ့ကန်စွန်းပြုတ် အဲလိုနဲ့ ပြီးခဲ့ရတဲ့နေ့ရက်တွေရှိခဲ့ဖူးတယ်
အဖေက ဘ၀ကိုဆင်းဆင်းရဲ ရဲဖြတ်သန်းတော့ သမီးက ဘ၀ကိုခက်ခက်ခဲခဲ ဖြတ်သန်းနေတယ်




အဖေက ရဲရင့်ပြတော့ သမီးက ပြတ်သားပြတယ်
အဖေက ပိုင်ဆိုင်မှုပြစရာမရှိ တော့ သမီးက ပိုင်ဆိုင်တာတွေအကုန်လုံးစွန့်လွှတ်ပြတယ်
အဖေက မိုးကောင်းကင်ဆိုရင် သမီးကကြယ်တာရာပေါ
အဖေက ငါတို့ရဲ့အထွေထွေ ဆိုတော့ သမီးက ငါတို့ရဲ့အရာရာပေါ့




ငါတို့ဘဝမှာ ထာ၀ရ တည်မြဲနေမယ့်အရာ သေခြင်းမရှိတဲ့ အာဂလူသားတွေပါ၊
Credit