စစ်ကောင်စီတပ်က ပြင်ဦးလွင်က ဗိုလ်လောင်းတွေကို နေပြည်တော်က စစ်သင်္ချိုင်းကိုသွားရောက်လေ့လာခိုင်း

News

စစ္ေကာင္စီတပ္က ျပင္ဦးလြင္က ဗိုလ္ေလာင္းေတြကို ေနျပည္ေတာ္က စစ္သခ်ႋဳင္းကိုသြားေရာက္ေလ့လာခိုင္း

ဟိန္းစံ/ဧရာဝတီတိုင္းမ္

မတ္လ ၂၁ ရက္

စစ္ေကာင္စီတပ္က ျပင္ဦးလြင္မွာသင္တန္းတက္ေနတဲ့ စစ္နည္းပညာတကၠသိုလ္(DSTA) အပတ္စဥ္ ၂၄ ေနာက္ ဆုံးႏွစ္ဗိုလ္ေလာင္းေတြ ေနျပည္ေတာ္မွာရွိတဲ့စစ္သခ်ႋဳင္း စစ္တပ္အေခၚ (သူရဲေကာင္းဗိမာန္)ကို မေန႔ေန႔လည္ပိုင္းမွာ သြားေရာက္ေလ့လာခဲ့တယ္လို႔ စစ္တပ္အသိုင္းအဝိုင္းထံကသိရပါတယ္။

စစ္တပ္ဝါဒျဖန္႔မီဒီယာေတြမွာလည္း စစ္နည္းပညာတကၠ သိုလ္ကဗိုလ္ေလာင္းေတြဟာ စစ္သခ်ႋဳင္းစစ္တပ္အေခၚ ( သူရဲေကာင္းဗိမာန္)အပါအဝင္ဥပါတသႏၲိဘုရားနဲ႔ တည္ ေဆာက္ေနဆဲျဖစ္တဲ့ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ေတြကို သြားေရာက္ေလ့လာခဲ့တယ္လို႔ေဖာ္ျပပါတယ္။

အဲ့ဒီ စစ္သခ်ႋဳင္းမွာ စစ္ေကာင္စီတပ္ရဲ႕ တိုက္္ပြဲအတြင္း ေသဆုံးခဲ့တဲ့သူေတြရဲ႕မွတ္တမ္းေတြထားရွိတယ္လို႔သိရပါတယ္။” က်ေနာ္သိသေလာက္က တနတ ဗိုလ္ေလာင္းေတြ excursion(ေလ့လာေရးခရီး)ထြက္ရင္ ႏွစ္တိုင္း ဇြန္၊

ဇူ လိုင္လေတြထဲမွာလာၾကတာ။ခု ကိုဗစ္နဲ႔ အာဏာသိမ္းတာနဲ႔မလႊတ္တာၾကာၿပီ။ သူတို႔ယူတဲ့ ေမဂ်ာအလိုက္ ကပစတပ္တို႔၊ ဆက္သြယ္ေရးတပ္တို႔၊ သူတို႔ေမဂ်ာ အ လိုက္ဆိုင္တဲ့တပ္ေတြကိုလႊတ္တာေပါ့။ အဲ့ဒီ excursion က တတိယႏွစ္ေရာက္မွစထြက္ရတာ။

၁လေလာက္ၾကာတယ္ ။ ခုဟာက အခ်ိန္မဟုတ္အခါမဟုတ္ ေႏြေခါင္ေခါင္ႀကီး။ ခုလိုဒီေနရာေတြ ကိုသြားၾကည့္ခိုင္းတာေတာ့ တခါမွမၾကားဖူးဘူး။ ခုမွေတြ႕ဖူးတာ” လို႔ ေနျပည္ေတာ္ ကပစတပ္စစ္ဘက္သတင္းရပ္ကြက္က ဧရာဝတီတိုင္းမ္ကိုေျပာပါတယ္။

အဲ့ဒီဗိုလ္ေလာင္းေတြ ေနျပည္ေတာ္မွာေရာက္ရွိေနလို႔ သူတို႔သြားေရာက္မယ့္ေနရာေတြမွာလဲ လုံၿခဳံေရး ေတြတိုးျမႇင့္ခ်ထားတယ္လို႔ ေနျပည္ေတာ္ေဒသခံေတြဆီက သိရပါတယ္။

အဲ့ဒီဗိုလ္ေလာင္းအမွတ္စဥ္ (၂၄) ဟာ DSTA ရဲ႕ ေနာက္ ဆုံးႏွစ္ဗိုလ္ေလာင္းေတြျဖစ္ၿပီးေတာ့ အခုႏွစ္ ဒီဇင္ဘာလမွာသင္တန္းဆင္းမယ့္အပတ္စဥ္ျဖစ္တယ္လို႔သိရပါတယ္ ။

ဓာတ္ပုံ – MWD\

Crd

စစ်ကောင်စီတပ်က ပြင်ဦးလွင်က ဗိုလ်လောင်းတွေကို နေပြည်တော်က စစ်သင်္ချိုင်းကိုသွားရောက်လေ့လာခိုင်း

ဟိန်းစံ/ဧရာဝတီတိုင်းမ်

မတ်လ ၂၁ ရက်

စစ်ကောင်စီတပ်က ပြင်ဦးလွင်မှာသင်တန်းတက်နေတဲ့ စစ်နည်းပညာတက္ကသိုလ်(DSTA) အပတ်စဉ် ၂၄ နောက် ဆုံးနှစ်ဗိုလ်လောင်းတွေ နေပြည်တော်မှာရှိတဲ့စစ်သင်္ချိုင်း စစ်တပ်အခေါ် (သူရဲကောင်းဗိမာန်)ကို မနေ့နေ့လည်ပိုင်းမှာ သွားရောက်လေ့လာခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းထံကသိရပါတယ်။

စစ်တပ်ဝါဒဖြန့်မီဒီယာတွေမှာလည်း စစ်နည်းပညာတက္က သိုလ်ကဗိုလ်လောင်းတွေဟာ စစ်သင်္ချိုင်းစစ်တပ်အခေါ် ( သူရဲကောင်းဗိမာန်)အပါအဝင်ဥပါတသန္တိဘုရားနဲ့ တည် ဆောက်နေဆဲဖြစ်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်တွေကို သွားရောက်လေ့လာခဲ့တယ်လို့ဖော်ပြပါတယ်။

အဲ့ဒီ စစ်သင်္ချိုင်းမှာ စစ်ကောင်စီတပ်ရဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့သူတွေရဲ့မှတ်တမ်းတွေထားရှိတယ်လို့သိရပါတယ်။” ကျနော်သိသလောက်က တနတ ဗိုလ်လောင်းတွေ excursion(လေ့လာရေးခရီး)ထွက်ရင် နှစ်တိုင်း ဇွန်၊

ဇူ လိုင်လတွေထဲမှာလာကြတာ။ခု ကိုဗစ်နဲ့ အာဏာသိမ်းတာနဲ့မလွှတ်တာကြာပြီ။ သူတို့ယူတဲ့ မေဂျာအလိုက် ကပစတပ်တို့၊ ဆက်သွယ်ရေးတပ်တို့၊ သူတို့မေဂျာ အ လိုက်ဆိုင်တဲ့တပ်တွေကိုလွှတ်တာပေါ့။ အဲ့ဒီ excursion က တတိယနှစ်ရောက်မှစထွက်ရတာ။

၁လလောက်ကြာတယ် ။ ခုဟာက အချိန်မဟုတ်အခါမဟုတ် နွေခေါင်ခေါင်ကြီး။ ခုလိုဒီနေရာတွေ ကိုသွားကြည့်ခိုင်းတာတော့ တခါမှမကြားဖူးဘူး။ ခုမှတွေ့ဖူးတာ” လို့ နေပြည်တော် ကပစတပ်စစ်ဘက်သတင်းရပ်ကွက်က ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဲ့ဒီဗိုလ်လောင်းတွေ နေပြည်တော်မှာရောက်ရှိနေလို့ သူတို့သွားရောက်မယ့်နေရာတွေမှာလဲ လုံခြုံရေး တွေတိုးမြှင့်ချထားတယ်လို့ နေပြည်တော်ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီဗိုလ်လောင်းအမှတ်စဉ် (၂၄) ဟာ DSTA ရဲ့ နောက် ဆုံးနှစ်ဗိုလ်လောင်းတွေဖြစ်ပြီးတော့ အခုနှစ် ဒီဇင်ဘာလမှာသင်တန်းဆင်းမယ့်အပတ်စဉ်ဖြစ်တယ်လို့သိရပါတယ် ။

ဓာတ်ပုံ – MWD\

Crd

Leave a Reply

Your email address will not be published.