တစ်နိုင်ငံလုံးက CDM ဝန်ထမ်းများအတွက် ဝမ်းသာစရာသတင်း…see more




တစ်နိုင်ငံလုံးက CDM ဝန်ထမ်းများအတွက် ဝမ်းသာစရာသတင်း…see more
အကြမ်းဖက်စစ်ကောင်စီက ဥပဒေမဲ့ အာဏာသိမ်းယူပြီးနောက် CDM ဌာနဆိုင်ရာ ဝန်ထမ်းများကို ဖမ်းဆီး
ထောင်ချခြင်းများ လုပ်ဆောင်လာသဖြင့် နယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော CDM ဝန်ထမ်းတချို့ အမေရိကန်၊ ဥရောပနှင့် ဩစတြေးလျနိုင်ငံများသို့ ခိုလှုံခွင့်ဗီဇာများဖြင့် သွားရောက်ခွင့်ရရှိကြကြောင်း CDM ဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရှိရသည်။




“အခု တချို့တွေက စစ်သားတွေ CDM လုပ်တာ ဩဇီသွားရတာလား၊ တကယ့် အနစ်နာခံတဲ့ ဝန်ထမ်းတွေက ဘယ်မှ
မသွားရဘူးလားပေါ့ စသည်ဖြင့် ဒီလိုပြောဆိုနေတာတွေ ကြားမိတယ်။
တကယ်က CDM ကျန်းမာရေး၊ ပညာရေးနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ နယ်စပ်ကနေတစ်ဆင့် အမေရိကန်၊ ဥရောပ၊




ဩစ တြေးလျနိုင်ငံတွေဆီကို ထွက်ခွာနေတာတွေ ဆက်တိုက်ရှိနေခဲ့ပါတယ်။ CDM စစ်သားတွေကျတော့
အရမ်းစိစစ်တော့ အခုမှ စလက်ခံတာလို့ပြောလို့ရတယ်။ အရပ်သား CDM ဝန်ထမ်းတွေက အာဏာသိမ်းပြီး တဲ့မနှစ်ကတည်းက
နိုင်ငံ တော်တော်များများက လက်ခံလို့ ထွက်ခွာနေကြတာကြာပါပြီ” ဟု ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်တွင်




ရောက်ရှိနေသော CDM ဝန်ထမ်းအသိုင်းအဝိုင်း သတင်းရင်းမြစ်က ပြောသည်။ပြည်တွင်း
CDM ဝန်ထမ်းများကမူ လက်ရှိအခြေအနေတွင် CDM လုပ်ခဲ့ကြသော
ဌာနပေါင်းစုံမှ ဝန်ထမ်းများ အလွန်ကျပ်တည်းနေကြောင်း၊ ပြည်ပထွက်ရန်ထက် သက်ဆိုင်ရာ တာဝန်ရှိသူများဘက်က




ပုံမှန်ထောက်ပံ့မှုများ ပေးရန် တောင်းဆိုကြသည်။ “တကယ် CDM လုပ်ခဲ့တဲ့ ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံက
လေးစားစရာပါ။ အဓိက စစ်တပ်က အဲဒီ CDM တွေကို နည်းမျိုးစုံနဲ့ နှိပ်ကွပ်တယ်။
လုပ်စားမရအောင်လုပ်တယ်။ ဥပမာ- သူနာပြုဆိုရင် Removal Letter ၊ လိုင်စင်သက်တမ်း တိုးထားရမယ်၊




CDM စာရင်းမှာ မပါကြောင်း သက်သေပြရမယ်ဆိုပြီး ပုဂ္ဂလိကဆေးရုံဆေးခန်းတွေဘက်က တောင်းတော့
အဲဒီအချက်တွေ မပြနိုင်တော့ အလုပ်မရဘူး။ CDM ဆရာဝန်တွေ ဆိုရင် ဆမတွေသိမ်းတယ်။
အဲဒီလိုပဲ CDM ဆရာ၊ ဆရာမတွေဆိုရင်လည်း ကျူရှင်မသင်ရဘူး၊ စာမသင်ရဘူး ၊ ပုဂ္ဂလိကသင်တန်းကျောင်းတွေက




လက်မခံရဘူးဆိုပြီး နှိပ်ကွပ်တယ်။ အဲဒီလို CDM ဝန်ထမ်းတွေကို ပုံမှန်ထောက်ပံ့ဖို့လိုပါတယ်။
CDM ဝန်ထမ်းတိုင်းက အကူအညီတောင်းနေကြတာမဟုတ်ပါဘူး။
ခက်ခဲတဲ့သူတွေကို ကူသင့်တယ်”ဟု ပြည်တွင်း CDM ဝန်ထမ်းတစ်ဦးက ပြောသည်။ မကြာသေးမီက စစ်ကောင်စီသည်




CDM မီးရထားဝန်ထမ်းများနေထိုင်သော မြစ်ငယ်မြို့တစ်ခုလုံးရှိ ပြည်သူပိုင်နေအိမ်များကို ဖျက်သိမ်းခိုင်းခဲ့သည်။
လွတ်မြောက်နယ်မြေနှင့် နယ်စပ်ဒေသသို့ ရောက်ရှိလာသော CDM ဝန်ထမ်းအများစုမှာလည်း ပြည်ပနိုင်ငံများသို့ ထွက်ခွာခြင်းမပြုဘဲ
NUG နှင့်ချိတ်ဆက်၍ တော်လှန်ရေးတွင် ဆက်လက်ကူညီခြင်း၊ လက် နက်ကိုင်အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍




လက်နက်ကိုင် စစ်သင်တန်းတက်ကာ PDF များအဖြစ် စစ်ကောင်စီတပ်များကို
တိုက်ခိုက်ခြင်းများလည်း ဆက်လက်လုပ်ဆောင်နေကြကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်အာဏာရှင်ကို အံတုတော်လှန်တိုက်ခိုက်ခဲ့သော CDM ကျန်းမာရေးဝန်ထမ်းများ။




Crd