စစ္ေကာင္စီ အာဏာျပ ဖ်က္ဆီးလို႔ ၿမိဳ႕ပ်က္ႀကီးျဖစ္သြားရွာတဲ့ ၿမိဳ႕

News

စစ္ေကာင္စီ အာဏာျပ ဖ်က္ဆီးလို႔ ၿမိဳ႕ပ်က္ႀကီး ျဖစ္သြားတဲ့ ျမစ္ငယ္

MFP ၊ မတ္ – ၁၈

စစ္ေကာင္စီဟာ ျမစ္ငယ္ၿမိဳ႕က CDM မီးရထား ဝန္ထမ္းေတြကို အၿငိဳးထား ဖိႏွိပ္ရာကေန တဆင့္တက္ၿပီး အာဏာျပတဲ့ အေနနဲ႔ တစ္ၿမိဳ႕လုံးကိုပါ က်ဴးေက်ာ္သတ္မွတ္ ဖယ္ရွားခိုင္းတာေၾကာင့္ အခုေတာ့ ျမစ္ငယ္ၿမိဳ႕ဟာ ၿမိဳ႕ပ်က္ႀကီး ျဖစ္သြားၿပီလို႔ ေဒသခံေတြက ေျပာပါတယ္။

မႏၲေလးၿမိဳ႕ အမရပူရၿမိဳ႕နယ္ ျမစ္ငယ္ၿမိဳ႕က ရပ္ကြက္(၁၃)ခုမွာ ရွိတဲ့ ေနအိမ္အမ်ားစုကို စစ္အုပ္စုက က်ဴးေက်ာ္အျဖစ္ သတ္မွတ္ၿပီး မတ္လဆန္းကစလို႔ လက္နက္ျပ ၿခိမ္းေျခာက္ကာ ဖယ္ရွား ရွင္းလင္းခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာ Non – CDM ေတြ ေနတဲ့ ဝန္ထမ္းလိုင္းခန္း တခ်ိဳ႕က လြဲလို႔ ျမစ္ငယ္တစ္ၿမိဳ႕လုံးပါး ကိုယ့္အိမ္ကိုယ္ ဖ်က္ကာ ေျပာင္းေ႐ႊ႕ေနၾကရၿပီး ၿဖိဳဖ်က္လက္စ ေနအိမ္ေတြက ပစၥည္းသယ္သူေတြ ရွိေနေသးေပမယ့္ ၿမိဳ႕ေပၚမွာ လူေတာ္ေတာ္ ရွင္းသြားၿပီလို႔ ေဒသခံေတြက ဆိုပါတယ္။

မီးရထားဝန္ထမ္းၿမိဳ႕ေလး ျဖစ္တဲ့ ျမစ္ငယ္ၿမိဳ႕ကို ပိတ္ဆို႔ထားတဲ့ စစ္အုပ္စုလည္း မရွိေတာ့ဘဲ လုံၿခဳံေရး နည္းနည္းေလာက္သာ ေတြ႕ရေတာ့တယ္လို႔ ဆိုပါတယ္။

ၿမိဳကခံေတြ ကိုယ့္အိမ္ကိုယ္ဖ်က္ၿပီး ေ႐ႊ႕ေျပာင္းသြားၾကလို႔ လူသူရွင္းလင္းသြားတဲ့ ျမစ္ငယ္ၿမိဳ႕/Photo – CJ

စစ်ကောင်စီ အာဏာပြ ဖျက်ဆီးလို့ မြို့ပျက်ကြီး ဖြစ်သွားတဲ့ မြစ်ငယ်

MFP ၊ မတ် – ၁၈

စစ်ကောင်စီဟာ မြစ်ငယ်မြို့က CDM မီးရထား ဝန်ထမ်းတွေကို အငြိုးထား ဖိနှိပ်ရာကနေ တဆင့်တက်ပြီး အာဏာပြတဲ့ အနေနဲ့ တစ်မြို့လုံးကိုပါ ကျူးကျော်သတ်မှတ် ဖယ်ရှားခိုင်းတာကြောင့် အခုတော့ မြစ်ငယ်မြို့ဟာ မြို့ပျက်ကြီး ဖြစ်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့ အမရပူရမြို့နယ် မြစ်ငယ်မြို့က ရပ်ကွက်(၁၃)ခုမှာ ရှိတဲ့ နေအိမ်အများစုကို စစ်အုပ်စုက ကျူးကျော်အဖြစ် သတ်မှတ်ပြီး မတ်လဆန်းကစလို့ လက်နက်ပြ ခြိမ်းခြောက်ကာ ဖယ်ရှား ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ Non – CDM တွေ နေတဲ့ ဝန်ထမ်းလိုင်းခန်း တချို့က လွဲလို့ မြစ်ငယ်တစ်မြို့လုံးပါး ကိုယ့်အိမ်ကိုယ် ဖျက်ကာ ပြောင်းရွှေ့နေကြရပြီး ဖြိုဖျက်လက်စ နေအိမ်တွေက ပစ္စည်းသယ်သူတွေ ရှိနေသေးပေမယ့် မြို့ပေါ်မှာ လူတော်တော် ရှင်းသွားပြီလို့ ဒေသခံတွေက ဆိုပါတယ်။

မီးရထားဝန်ထမ်းမြို့လေး ဖြစ်တဲ့ မြစ်ငယ်မြို့ကို ပိတ်ဆို့ထားတဲ့ စစ်အုပ်စုလည်း မရှိတော့ဘဲ လုံခြုံရေး နည်းနည်းလောက်သာ တွေ့ရတော့တယ်လို့ ဆိုပါတယ်။

မြိုကခံတွေ ကိုယ့်အိမ်ကိုယ်ဖျက်ပြီး ရွှေ့ပြောင်းသွားကြလို့ လူသူရှင်းလင်းသွားတဲ့ မြစ်ငယ်မြို့/Photo – CJ

Leave a Reply

Your email address will not be published.