မသေဆုံးခင်က ကျည်ကာဝတ်စုံလေးကို ကလေးငယ်တစ်ယောက်ကို ပေးခဲ့တဲ့ ကိုရီးယား-ယူကရိန်း မင်းသား Lee Pasha

News

မသေဆုံးခင်က ကျည်ကာဝတ်စုံလေးကို ကလေးငယ်တစ်ယောက်ကို ပေးခဲ့တဲ့ ကိုရီးယား-ယူကရိန်း မင်းသား Lee Pasha

တောင်ကိုရီးယားလူမျိုး ယူကရိန်းသရုပ်ဆောင်မင်းသား Lee Pasha ဟာ ရုရှားရဲ့ ကျူးကျော်စစ်အတွင်းမှာ ဆုံးပါးသွားခဲ့ရတဲ့ နာမည်ကျော် အနုပညာရှင်ကြီးတစ်ယောက်ဖြစ်ပါတယ်။ Lee Pasha သေဆုံးမှုရဲ့ နောက်ကွယ်မှာ စွန့်လွှတ်အနစ်နာခံ ပေးဆပ်မှုတစ်ခု ရှိနေပါသေးတယ်။

အဲဒါကတော့ Lee Pasha ဟာ သူမသေဆုံးခင်က ဝတ်ဆင်ခဲ့တဲ့ ကျည်ကာဝတ်စုံလေးကို အသက်မသေဆုံးခင်အချိန်က ကလေးငယ်တစ်ယောက်ကို ပေးခဲ့တယ်ဆိုတဲ့ အကြောင်းအရာလေးပဲဖြစ်ပါတယ်။

စစ်ပွဲအတွင်းမှာ Lee Pasha သေဆုံးတဲ့ သတင်းကို ယူကရိန်းနိုင်ငံက ပြည်သူ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ The Centre for Civil Liberties (CCL) က အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

Lee Pasha ရဲ့ အလောင်းကို သေဆုံးပြီး ၅ ရက်အကြာမှာ ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ Lee Pasha ဟာ Irpen မြို့က အိမ်တွေထဲမှာ ပိတ်မိနေတဲ့ ကလေးငယ်တွေကို ကယ်ထုတ်ရင်း ဆုံးပါးသွားခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

ရုရှားစစ်တပ်ရဲ့လက်နက်တွေ ယူကရိန်းပြည်သူတွေဆီကို ကျရောက်လာတဲ့အချိန်မှာ Lee Pasha က သူဝတ်ထားတဲ့ ကျည်ကာဝတ်စုံလေးကို ကလေးတစ်ယောက်ကို ချွတ်ပေးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ အဆိုအရ သိရပါတယ်။

ကျည်ကာအင်္ကျီဗလာ အကာအကွယ်ဗလာနဲ့ Lee Pasha တစ်ယောက် ပြည်သူတွေကို ကာကွယ်ရင်း ကိုယ့်ကိုယ်ကို ပြန်မငဲ့နိုင်ကာ ဆုံးပါသွားခဲ့ရတာဖြစ်ပါတယ်။

Lee Pasha ရဲ့ အမေက ဂျာကာတာကဖြစ်ပြီး အဖေက တောင်ကိုရီးယားနိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။ Lee Pasha ကို တောင်ကိုရီးယားလူမျိုး ယူကရိန်းသရုပ်ဆောင် ၊ ရုပ်သံ အစီအစဉ်တင်ဆက်သူ တစ်ယောက်အဖြစ် လူသိများကြပါတယ်။

ကွယ်လွန်သွားချိန်မှာလည်း လူသားဆန်လွန်းလှတဲ့ ပေးဆပ်အနစ်နာခံမှုကြောင့် Lee Pasha ရဲ့ စိတ်ဓာတ်ကို ကမ္ဘာတစ်ဝှမ်းက လူအများက ဝိုင်းဝန်းချီးကျူးနေကြပါတယ်။

Crd

Leave a Reply

Your email address will not be published.