ခမရ ၃၅၁ တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး မ်ိဳးမင္းထြန္း CDM ဝင္၊ ဇာတိေျမကို စစ္တပ္က ဗုံးက်ဲ မီးရႈိ႕ေန၍ မိခင္အိမ္ပင္ မျပန္ရဲဘဲ ျပည္သူ၏ မုန္းတီးမႈ၊ စစ္ေခြးဟုေခၚဆိုမႈ၊ ရန္သူသတ္မွတ္မႈ မခံစားႏိုင္ေတာ့၊ ျပည္သူ႔ေတာ္လွန္ေရး တြင္ ဆက္လက္ပါဝင္မည္




ရန္ကုန္၊ မတ္ ၂၀
ေမြးဖြားႀကီးျပင္းခဲ့ရာ ဇာတိေျမ ျဖစ္သည့္ စစ္ကိုင္းတိုင္း၊ ဒီပဲယင္းကို စစ္ေကာင္စီက ဗုံးက်ဲ မီးရႈိေန႔၍ အေမ့အိမ္ပင္ မျပန္ရဲေတာ့သည့္အျပင္ ျပည္သူက မုန္းတီးၿပီး စစ္ေခြးဟုလည္းေကာင္း၊ ရန္သူဟုလည္းေကာင္း ေခၚဆိုသည့္ ဘ၀တြင္ မေနႏိုင္ေတာ့၍ CDM ဝင္ရန္ ဆုံးျဖတ္ခဲ့ဟု ခမရ ၃၅၁ တပ္ရင္းမႉး ဒုတိယဗိုလ္မႉး ႀကီး မ်ိဳးမင္းထြန္း ေျပာဆိုလိုက္သည္။
ျပည္သူ႔ပန္းတိုင္မွ CDM ဗိုလ္ႀကီး ညီသုတႏွင့္ေတြ႕ဆုံေမးျမန္းခန္း ၎က အထက္ပါအတိုင္းေျပာဆိုလိုက္ျခင္းျဖစ္သည္။ “အဓိက တြန္းအားကေတာ့ လက္ရွိလုပ္ေနတဲ့ စစ္ေကာင္စီ လုပ္ေနတဲ့လုပ္ရပ္ေတြ ကိုယ့္တို႔ ဇာတိေျမ အညာ တို႔ စစ္ကိုင္းတိုင္း ဝန္းက်င္မွာဆိုရင္လည္း အကိုက ဒီပဲယင္း ဇာတိပါ။ စစ္ကိုင္းတိုင္းဝန္းက်င္မွာဆိုရင္လည္း ႐ြာလုံးကြၽတ္ မီးရႈိ႕တာေတြ ေလယာဥ္နဲ႔ ဗုံးႀကဲတိုက္ခိုက္တာေတြ ဒါေတြက အကိုတို႔ နီးစပ္ရာေတြက တစ္ဆင့္ ျပန္သိရတာေပါ့။




ျပန္သိတဲ့အခ်ိန္မွာ ကိုယ္တို႔ကိုလည္း သူတို႔က မ်ိဳးမင္းေရ CDM မလုပ္ေသးဘူးလား။ ဒါမ်ိဳးေတြ ေမးတာေတြ ျမန္းတာေတြ ၿပီးေတာ့ အကိုတို႔အေနနဲ႔ စစ္ေကာင္စီ ေအာက္မွာ တာဝန္ထမ္းေဆာင္ေနရတာ အေမ့အိမ္ ခြင့္ျပန္ဖို႔ေတာင္းမွ ခြင့္ရခဲ့ရင္ေတာင္မွ ခြင့္ျပန္လို႔မရတဲ့ အေနအထားမ်ိဳးေတြ ျပည္သူရဲ႕ နာက်ဥ္း မုန္းတီးမႈေတြ အကိုတို႔ကို စစ္ေခြးလို႔ေခၚေနတာေတြ ၿပီးေတာ့ လက္ရွိအေနအထားမွာ ျပည္သူေတြနဲ႔ အကိုတို႔ စစ္ေကာင္စီ ေအာက္မွာ တာဝန္ထမ္းေဆာင္ေနရတာ အရင္ စစ္သား ဘဝတုန္းက အကိုတို႔က သူပုန္နဲ႔ တိုက္ေနရတဲ့ အေနအထားမ်ိဳး မဟုတ္ေတာ့ဘူး” ဟု ဒုတိယဗိုလ္မႉးႀကီး မ်ိဳးမင္းထြန္းက ေျပာသည္။
ျပည္သူ၏ ရန္သူဘ၀တြင္ မေနႏိုင္ေတာ့သည့္အျပင္ ျပည္သူလူထုဘက္မွ ပူးေပါင္းပါဝင္ရန္ ဆုံးျဖတ္ၿပီး CDM ဝင္လိုက္ျခင္းျဖစ္သည္ဟု ၎က ဆက္ေျပာသည္။




“ျပည္သူနဲ႔ ျပန္တိုက္ၿပီးေတာ့ ကိုယ္က အရင္ကေတာ့ စစ္သား အခု သူပုန္ျဖစ္ေနတဲ့ အေနအထားမ်ိဳးေတြ ၿပီးေတာ့ ျပည္သူ လူထုရဲ႕ ေထာက္ခံအားေပးမႈေတြ လက္ရွိ အာဏာသိမ္းတဲ့ အက်ိဳးဆက္ေၾကာင့္မို႔လို႔ ျဖစ္လာခဲ့ၿပီ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ ဒီခုခံ ေတာ္လွန္စစ္ကို ဆင္ႏႊဲေနၾကတာေတြရွိေနတဲ့ အခ်ိန္မွာ ျပည္သူ တစ္ရပ္လုံးနဲ႔ ဆင္ႏႊဲေနတာ ျဖစ္တဲ့အတြက္ စစ္ေကာင္စီေအာက္မွာ ဆက္တာဝန္ ထမ္းေဆာင္ေနရင္ ကိုယ္တို႔ကို အလိုလိုရန္သူ ျဖစ္ေနၿပီ ကိုယ္တို႔ အသက္ အႏၲရာယ္ေတြကလည္း တစ္ေန႔တစ္ျခား ပိုၿပီး စိုးရိမ္ေနရတယ္။
ၿပီးေတာ့လည္း ေဆြမ်ိဳး အသိုင္းအဝိုင္းမွာလည္း စိုးရိမ္ေၾကာင့္က် မႈေတြရွိလာတယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ ငါတို႔ ဒီတိုင္းဆက္ေနလို႔ေတာ့ မရဘူး။ ျပည္သူဘက္ကိုေတာ့ ပူးေပါင္းပါဝင္မွ ရမယ္” ဟု ဒုတိယဗိုလ္မႉးႀကီး မ်ိဳးမင္းထြန္းက ဆိုသည္။




ဒုတိယဗိုလ္မႉးႀကီး မ်ိဳးမင္းထြန္းသည္ ၅၁၃ ပင္လုံတပ္၊ ၅၇၄ တပ္တြင္ ယာယီ တပ္ခြဲမႉး ဗိုလ္မႉး အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း၊ တပ္မေတာ္ ေလ့က်င့္ေရး အရာရွိခ်ဳပ္႐ုံး စစ္မဟာ ဗ်ဴဟာ ေလ့လာေရးဌာနတြင္လည္း တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း၊ ဒုတပ္ရင္းမႉးအျဖစ္ ခမရ ၄၃၁ ေကာ့ေသာင္းတြင္ ၃ႏွစ္ႏွင့္ ၁ဝလေလာက္ ၾကာခဲ့ေၾကာင္း၊ ယင္းေနာက္ တပ္ရင္းမႉး ရာထူးျဖင့္ ခမရ ၃၅၁ ေက်ာက္ႀကီးတြင္ တာဝန္ထမ္းေဆာင္ၿပီး CDM လုပ္လာျခင္းျဖစ္ေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ေက်ာက္ႀကီးၿမိဳ႕နယ္ ခမရ ၃၅၁ တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး မ်ိဳးမင္းထြန္း။
ခမရ ၃၅၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်း CDM ဝင်၊ ဇာတိမြေကို စစ်တပ်က ဗုံးကျဲ မီးရှို့နေ၍ မိခင်အိမ်ပင် မပြန်ရဲဘဲ ပြည်သူ၏ မုန်းတီးမှု၊ စစ်ခွေးဟုခေါ်ဆိုမှု၊ ရန်သူသတ်မှတ်မှု မခံစားနိုင်တော့၊ ပြည်သူ့တော်လှန်ရေး တွင် ဆက်လက်ပါဝင်မည်




ရန်ကုန်၊ မတ် ၂၀
မွေးဖွားကြီးပြင်းခဲ့ရာ ဇာတိမြေ ဖြစ်သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းကို စစ်ကောင်စီက ဗုံးကျဲ မီးရှိုနေ့၍ အမေ့အိမ်ပင် မပြန်ရဲတော့သည့်အပြင် ပြည်သူက မုန်းတီးပြီး စစ်ခွေးဟုလည်းကောင်း၊ ရန်သူဟုလည်းကောင်း ခေါ်ဆိုသည့် ဘဝတွင် မနေနိုင်တော့၍ CDM ဝင်ရန် ဆုံးဖြတ်ခဲ့ဟု ခမရ ၃၅၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီး မျိုးမင်းထွန်း ပြောဆိုလိုက်သည်။
ပြည်သူ့ပန်းတိုင်မှ CDM ဗိုလ်ကြီး ညီသုတနှင့်တွေ့ဆုံမေးမြန်းခန်း ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ “အဓိက တွန်းအားကတော့ လက်ရှိလုပ်နေတဲ့ စစ်ကောင်စီ လုပ်နေတဲ့လုပ်ရပ်တွေ ကိုယ့်တို့ ဇာတိမြေ အညာ တို့ စစ်ကိုင်းတိုင်း ဝန်းကျင်မှာဆိုရင်လည်း အကိုက ဒီပဲယင်း ဇာတိပါ။ စစ်ကိုင်းတိုင်းဝန်းကျင်မှာဆိုရင်လည်း ရွာလုံးကျွတ် မီးရှို့တာတွေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဒါတွေက အကိုတို့ နီးစပ်ရာတွေက တစ်ဆင့် ပြန်သိရတာပေါ့။




ပြန်သိတဲ့အချိန်မှာ ကိုယ်တို့ကိုလည်း သူတို့က မျိုးမင်းရေ CDM မလုပ်သေးဘူးလား။ ဒါမျိုးတွေ မေးတာတွေ မြန်းတာတွေ ပြီးတော့ အကိုတို့အနေနဲ့ စစ်ကောင်စီ အောက်မှာ တာဝန်ထမ်းဆောင်နေရတာ အမေ့အိမ် ခွင့်ပြန်ဖို့တောင်းမှ ခွင့်ရခဲ့ရင်တောင်မှ ခွင့်ပြန်လို့မရတဲ့ အနေအထားမျိုးတွေ ပြည်သူရဲ့ နာကျဉ်း မုန်းတီးမှုတွေ အကိုတို့ကို စစ်ခွေးလို့ခေါ်နေတာတွေ ပြီးတော့ လက်ရှိအနေအထားမှာ ပြည်သူတွေနဲ့ အကိုတို့ စစ်ကောင်စီ အောက်မှာ တာဝန်ထမ်းဆောင်နေရတာ အရင် စစ်သား ဘဝတုန်းက အကိုတို့က သူပုန်နဲ့ တိုက်နေရတဲ့ အနေအထားမျိုး မဟုတ်တော့ဘူး” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောသည်။
ပြည်သူ၏ ရန်သူဘဝတွင် မနေနိုင်တော့သည့်အပြင် ပြည်သူလူထုဘက်မှ ပူးပေါင်းပါဝင်ရန် ဆုံးဖြတ်ပြီး CDM ဝင်လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။




“ပြည်သူနဲ့ ပြန်တိုက်ပြီးတော့ ကိုယ်က အရင်ကတော့ စစ်သား အခု သူပုန်ဖြစ်နေတဲ့ အနေအထားမျိုးတွေ ပြီးတော့ ပြည်သူ လူထုရဲ့ ထောက်ခံအားပေးမှုတွေ လက်ရှိ အာဏာသိမ်းတဲ့ အကျိုးဆက်ကြောင့်မို့လို့ ဖြစ်လာခဲ့ပြီ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒီခုခံ တော်လှန်စစ်ကို ဆင်နွှဲနေကြတာတွေရှိနေတဲ့ အချိန်မှာ ပြည်သူ တစ်ရပ်လုံးနဲ့ ဆင်နွှဲနေတာ ဖြစ်တဲ့အတွက် စစ်ကောင်စီအောက်မှာ ဆက်တာဝန် ထမ်းဆောင်နေရင် ကိုယ်တို့ကို အလိုလိုရန်သူ ဖြစ်နေပြီ ကိုယ်တို့ အသက် အန္တရာယ်တွေကလည်း တစ်နေ့တစ်ခြား ပိုပြီး စိုးရိမ်နေရတယ်။
ပြီးတော့လည်း ဆွေမျိုး အသိုင်းအဝိုင်းမှာလည်း စိုးရိမ်ကြောင့်ကျ မှုတွေရှိလာတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့ ဒီတိုင်းဆက်နေလို့တော့ မရဘူး။ ပြည်သူဘက်ကိုတော့ ပူးပေါင်းပါဝင်မှ ရမယ်” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ဆိုသည်။




ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းသည် ၅၁၃ ပင်လုံတပ်၊ ၅၇၄ တပ်တွင် ယာယီ တပ်ခွဲမှူး ဗိုလ်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်ရုံး စစ်မဟာ ဗျူဟာ လေ့လာရေးဌာနတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ဒုတပ်ရင်းမှူးအဖြစ် ခမရ ၄၃၁ ကော့သောင်းတွင် ၃နှစ်နှင့် ၁ဝလလောက် ကြာခဲ့ကြောင်း၊ ယင်းနောက် တပ်ရင်းမှူး ရာထူးဖြင့် ခမရ ၃၅၁ ကျောက်ကြီးတွင် တာဝန်ထမ်းဆောင်ပြီး CDM လုပ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကျောက်ကြီးမြို့နယ် ခမရ ၃၅၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်း။