နောက်ကနေပြီး ကန့်လန့်တော့ မတိုက်နဲ့ မင်းမလိုက် နိုင်ရင် နေခဲ့ လို့ ဆိုလာတဲ့ ဒါရိုက်တာ ကိုပေါက်




နောက်ကနေပြီး ကန့်လန့်တော့ မတိုက်နဲ့ မင်းမလိုက် နိုင်ရင် နေခဲ့ လို့ ဆိုလာတဲ့ ဒါရိုက်တာ ကိုပေါက်
ပရိသတ်ကြီးကို အခုပြောပြပေးသွားမှာကတော့ နောက်ကနေပြီး ကန့်လန့်တော့မတိုက်နဲ့ မင်းမလိုက်နိုင်ရင်နေခဲ့ ငါတို့ကတော့ ဆက် သွားမယ် လို့ဆိုလာတဲ့ သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက် ရဲ့ အ ကြောင်းလေးပဲဖြစ်ပါတယ်။
ပရိသတ်ကြီးရေ ဒါရိုက်တာကိုပေါက် ကတော့ သူ ပါ၀င် သရုပ်ဆောင်တဲ့ ဇာတ်ကား တိုင်းမှာ ကျရာကာရိုက်တာ မျိုးစုံ ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ဇာတ်ပို့ အနုပညာသမားကောင်း တစ်ယောက် ပါပဲနော်။




ကိုပေါက်ဟာဆိုရင် ပရိသတ်တွေ ပျော်ရွှင်ရယ်မောနိုင်စေရန် tik tok ဟာသvideo လေးတွေလည်းတင်ပေးလေ့ရှိပါသေးတယ်။တော်လှန်ရေးကြီးမှာလည်း ပြည်သူတွေနဲ့ အတူ အမှန်တရားဘက်က ပါဝင်ခဲ့ပြီး လမ်းထွက်ကာ လူထု လှုပ်ရှားမှု တွေမှာ အားတက် သရောပါဝင်ခဲ့တာကြောင့်
ပုဒ်မ ၅၀၅ ကဖြင့် မတရားအမှုဖွင့်ထားခြင်းခံရပြီး ဘေးကင်းရာကို ရှောင်တိမ်းနေခဲ့ရ တဲ့အပြင်နေအိမ်ပါချိတ်ပိတ်ခံ လိုက်ရပါတယ်။
အခုဆိုရင်တော့မိသားစုနဲ့ဝေးရာ ခက် ခဲကြမ်းတမ်းတဲ့ လွတ်မြောက် နယ်မြေကို ရောက်ရှိ နေတာ ဖြစ်ပြီး ကျရာတာဝန်ကို ကြိုးစား ထမ်းဆောင် နေတာလည်း ဖြစ်ပါတယ်။




အခုတစ်ခါမှာ ဆိုရင် ဒါရိုက်တာ ကိုပေါက် ဟာ စာသား လေးတစ်ချို့ကို ရေးသား လိုက်ပါတယ်။ အိမ်အပြန် အလွမ်း ကိုလည်း မမျှော်ဘူး၊ စား ဝတ် နေရေး ထိုသုံးပါး လည်း ငါ မတွေးဘူး၊
နိုင်သ လောက်ထမ်းပြီး ကူဖို့ ထောက်ဖို့ ကြိုးစား ရတဲ့ အခါ နောက်ကနေပြီး ကန့်လန့်တော့ မတိုက်နဲ့၊
မင်းမလိုက်နိုင်ရင် နေခဲ့ ငါတို့ကတော့ ဆက်သွားမယ် လို့ သူ့ရဲ့ လူမှု ကွန်ယက် စာမျက်နှာမှာ ရေးသားဖော်ပြထားတာကို ပရိသတ်ကြီးတို့ကို ပြန်လည် ဝေမျှ ပေးလိုက်ပါတယ်။




ပရိသတ် ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကနေတောင် အိမ်အပြန်အလွမ်းကိုလည်း မမျှော် ပါဘူး တဲ့နော်။
ကိုပေါက်နဲ့ အတူ လွတ်မြောက် နယ်မြေကိုရောက်ရှိကာ ကျရာတာ၀န်ကိုထမ်းဆောင်နေကြသူ အားလုံးလည်း ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှု အားပေးခဲ့တဲ့ ပရိသတ်ကြီးတို့ကိုလည်းကျေးဇူး အထူး တင်ရှိပါ တယ်။




crd