ယခုရက်ပိုင်းအတွင်း မြန်မာကိုလာဖို့ရှိနေတဲ့ အာဆီယံအထူးကိုယ်စားလှယ် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ခွင့်ရမည်မဟုတ်လို့ စစ်ကောင်စီပြော

News

ယခုရက်ပိုင်းအတွင်း မြန်မာကိုလာဖို့ရှိနေတဲ့ အာဆီယံအထူးကိုယ်စားလှယ် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ခွင့်ရမည်မဟုတ်လို့ စစ်ကောင်စီပြော


………….
မတ် ၁၉

ယခုလာမယ့်ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံသို့ လာရောက်ဖို့ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခွင့်ရမှာမဟုတ်ဘူးလို့ စစ်ကောင်စီဘက်က ပြောဆိုလိုက်ပါတယ်။

မတ်လ ၂၁ရက်နေ့ကစတင်ပြီး ၃ရက်ကြာ မြန်မာနိုင်ငံသို့လာရောက်မည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ရဲ့ ခရီးစဉ်နဲ့စပ်လျဉ်းပြီး စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုလိုက်တာဖြစ်ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မတ်လ ၂၁ရက်နေ့ကစပြီး မတ်လ ၂၃ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်မယ်လို့ ကမ္ဘောဒီးယားနိုင်ငံဘက်က သတင်းထုတ်ပြန်ထားသော်လည်း မည်သည့်ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံသွားမယ်ဆိုတာကိုတော့ အသေးစိတ်ပြောဆိုထားခြင်းမရှိပါဘူး။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က တရားဥပဒေနဲ့ရင်ဆိုင်နေရပြီး ပြစ်ဒဏ်ကျခံရသူတွေမှအပ ကျန်သူများနဲ့တွေ့ဆုံခွင့်ပေးဖို့ကို သဘောတူညီပြီးသားဖြစ်တယ်လို့ စစ်ကောင်စီက ပြောဆိုထားတာလည်းဖြစ်ပါတယ်။

Crd

Zawgyi

ယခုရက္ပိုင္းအတြင္း ျမန္မာကိုလာဖို႔ရွိေနတဲ့ အာဆီယံအထူးကိုယ္စားလွယ္ အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ ေတြ႕ခြင့္ရမည္မဟုတ္လို႔ စစ္ေကာင္စီေျပာ


………….
မတ္ ၁၉

ယခုလာမယ့္ရက္ပိုင္းအတြင္းမွာ ျမန္မာနိုင္ငံသို႔ လာေရာက္ဖို႔ရွိေနသည့္ ျမန္မာနိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္အေနနဲ႔ အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ ေတြ႕ဆုံခြင့္ရမွာမဟုတ္ဘူးလို႔ စစ္ေကာင္စီဘက္က ေျပာဆိုလိုက္ပါတယ္။

မတ္လ ၂၁ရက္ေန႔ကစတင္ၿပီး ၃ရက္ၾကာ ျမန္မာနိုင္ငံသို႔လာေရာက္မည့္ ျမန္မာနိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ ကေမၻာဒီးယားနိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn ရဲ့ ခရီးစဥ္နဲ႔စပ္လ်ဥ္းၿပီး စစ္ေကာင္စီရဲ့ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာဆိုလိုက္တာျဖစ္ပါတယ္။

အာဆီယံအထူးကိုယ္စားလွယ္အေနနဲ႔ မတ္လ ၂၁ရက္ေန႔ကစၿပီး မတ္လ ၂၃ရက္ေန႔အထိ ျမန္မာနိုင္ငံသို႔ လာေရာက္မယ္လို႔ ကေမၻာဒီးယားနိုင္ငံဘက္က သတင္းထုတ္ျပန္ထားေသာ္လည္း မည္သည့္ပုဂၢိဳလ္မ်ားနဲ႔ ေတြ႕ဆုံသြားမယ္ဆိုတာကိုေတာ့ အေသးစိတ္ေျပာဆိုထားျခင္းမရွိပါဘူး။

အာဆီယံအလွည့္က်ဥကၠ႒ ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ ျမန္မာနိုင္ငံသို႔ လာေရာက္ခဲ့စဥ္က တရားဥပေဒနဲ႔ရင္ဆိုင္ေနရၿပီး ျပစ္ဒဏ္က်ခံရသူေတြမွအပ က်န္သူမ်ားနဲ႔ေတြ႕ဆုံခြင့္ေပးဖို႔ကို သေဘာတူညီၿပီးသားျဖစ္တယ္လို႔ စစ္ေကာင္စီက ေျပာဆိုထားတာလည္းျဖစ္ပါတယ္။

Crd

Leave a Reply

Your email address will not be published.