မှော်ဘီတိုက်လေယာဉ် ဗုံးပေါက်မှု မသင်္ကာ၍ ရေကြည်အိုင်တွင် ဖမ်းဆီးခေါ်စစ်ရာမှ လူပျိုဗိုလ်ကြီးနှင့် အိမ်ထောင်သည်ဗိုလ်ကြီးကတော်တို့၏ လူမှုရေးဖောက်ပြန်မှု ပေါ်ပေါက်

News

မှော်ဘီတိုက်လေယာဉ် ဗုံးပေါက်မှု မသင်္ကာ၍ ရေကြည်အိုင်တွင် ဖမ်းဆီးခေါ်စစ်ရာမှ လူပျိုဗိုလ်ကြီးနှင့် အိမ်ထောင်သည်ဗိုလ်ကြီးကတော်တို့၏ လူမှုရေးဖောက်ပြန်မှု ပေါ်ပေါက်

ရန်ကုန်၊ မတ် ၁၉
ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဉ် ဗုံးပေါက်မှု မသင်္ကာ၍ ရေကြည်အိုင်တွင် ဖမ်းဆီးခေါ်စစ်ရာမှ လူပျိုဗိုလ်ကြီးနှင့် အိမ်ထောင်သည်ဗိုလ်ကြီးကတော်တို့၏ လူမှုရေးဖောက်ပြန်မှု ပေါ်ပေါက်လာကြောင်း ရေကြည်အိုင်စစ်ကြောရေးမှ တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောသည်။

မှော်ဘီလေတပ်မှ ဗိုလ်ကြီးထက်အောင်နှင့် ဇနီး ဒေါ်မေသူကျော်၊ ဗိုလ်ကြီးမျိုးလွင်ထက်တို့ကို မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဉ် ၂ စီး ဗုံးဖောက်ခွဲခံရမှုနှင့်ပတ်သက်ပြီး စစ်မေးမြန်းရာမှ ဗိုလ်ကြီးထက်အောင်၏ ဒေါ်မေသူကျော်နှင့် ဗိုလ်ကြီးမျိုးလွင်ထက်တို့၏ လူမှုရေးဖောက်ပြန်မှု ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရေကြည်အိုင်စစ်ကြောရေးမှာအဖမ်းခံရတဲ့ ဗက ထက်အောင်ရဲ့ဇနီး မေသူကျော်နဲ ဗက မျိုးလွင်ထက်က ဖောက်ပြန်နေတယ်ဆိုတာကို စစ်ကြောရေးမှာစစ်မေးရင်းပေါ်သွားပါတယ်။မျိုးလွင်ထက်က တော့ လူပျိုပါ။ပြီးတော့သူက ဗကထက်အောင်ရဲ့ ဂျူနီယာပေါ့။စီနီယာရဲ့ ဇနီးကို ပြန်စားတဲ့သဘောပါပဲ။

လူမှုကျင့်ဝတ်ဖောက်ဖျက်တာတော့ အကုန်ပေါ်တာပဲ။ Viberမှာ မှော်ဘီလေတပ်ကိစ္စနဲ့အပြန်အလှန်ပြောတာကို မိသွားလို့ စစ်ကြောရေးဖမ်းသွားတာပါ။ မေသူကျော်က မျိုးလွင်ထက်နဲ့ဖောက်ပြန်နေတာကိုပေါ်သွားတာ”ဟု ရေကြည်အိုင်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်အတွင်း လူမှုရေးဖောက်ပြန်မှုများ၊ အမျိုးသမီးစစ်သည်များကို ကိုယ်ဝန် ဖျက်ချခိုင်းခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများရှိနေကြောင်း ရန်ကုန်ခေတ်သစ်က သတင်းပေးပို့ခဲ့ပြီးဖြစ်သည်။

မှော်ဘီလေတပ် ဖောက်ခွဲမှု သံသယနှင့် ဦးပိုင်ကို မကောင်းပြောသည်ဟုဆိုကာရေကြည်အိုင်စစ်ကြောရေးတွင် ဖမ်းဆီးစစ်ဆေးခံနေရသော လေတပ်မှ ဗိုလ်မှူးထင်လင်းဖေကို ဗိုလ်မှူး ထက်အံကျော် ဦးစီး ပြီးလာခေါ်သွားကာ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ရဲ့ ဗဟိုကင်းအချုပ်စခန်းတွင် တွဲဖက်‌ချုပ်နှောင်ထားကြောင်း ရေကြည်အိုင်စစ်ကြောရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၁၁ နာရီ ၄၀ အချိန် People’s Force ပြည်သူ့အင်အားစု (Yangon) က မှော်ဘီလေတပ်စခန်း ဌာနချုပ်ရှိ တိုင်းရင်းသား ဒေသများကို ဗုံးကျဲတိုက်ခိုက်နေသော ဖိုက်တာဂျက် လေယာဉ်များ ထားရှိနေရာကို ဝင်ရောက် ဗုံးဆင်ပြီး အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် လေယာဉ် ၂ စီးပျက်စီးသွားခဲ့ရသည်။

ဓာတ်ပုံ- စစ်တပ်လေတပ်စခန်းတစ်ခု။

Crd

ေမွာ္ဘီတိုက္ေလယာဥ္ ဗုံးေပါက္မႈ မသကၤာ၍ ေရၾကည္အိုင္တြင္ ဖမ္းဆီးေခၚစစ္ရာမွ လူပ်ိဳဗိုလ္ႀကီးႏွင့္ အိမ္ေထာင္သည္ဗိုလ္ႀကီးကေတာ္တို႔၏ လူမႈေရးေဖာက္ျပန္မႈ ေပၚေပါက္

ရန္ကုန္၊ မတ္ ၁၉
ရန္ကုန္တိုင္း၊ ေမွာ္ဘီေလတပ္စခန္းမွ တိုက္ေလယာဥ္ ဗုံးေပါက္မႈ မသကၤာ၍ ေရၾကည္အိုင္တြင္ ဖမ္းဆီးေခၚစစ္ရာမွ လူပ်ိဳဗိုလ္ႀကီးႏွင့္ အိမ္ေထာင္သည္ဗိုလ္ႀကီးကေတာ္တို႔၏ လူမႈေရးေဖာက္ျပန္မႈ ေပၚေပါက္လာေၾကာင္း ေရၾကည္အိုင္စစ္ေၾကာေရးမွ တပ္သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္ကိုေျပာသည္။

ေမွာ္ဘီေလတပ္မွ ဗိုလ္ႀကီးထက္ေအာင္ႏွင့္ ဇနီး ေဒၚေမသူေက်ာ္၊ ဗိုလ္ႀကီးမ်ိဳးလြင္ထက္တို႔ကို ေမွာ္ဘီေလတပ္စခန္းမွ တိုက္ေလယာဥ္ ၂ စီး ဗုံးေဖာက္ခြဲခံရမႈႏွင့္ပတ္သက္ၿပီး စစ္ေမးျမန္းရာမွ ဗိုလ္ႀကီးထက္ေအာင္၏ ေဒၚေမသူေက်ာ္ႏွင့္ ဗိုလ္ႀကီးမ်ိဳးလြင္ထက္တို႔၏ လူမႈေရးေဖာက္ျပန္မႈ ေပၚေပါက္လာျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“ေရၾကည္အိုင္စစ္ေၾကာေရးမွာအဖမ္းခံရတဲ့ ဗက ထက္ေအာင္ရဲ့ဇနီး ေမသူေက်ာ္နဲ ဗက မ်ိဳးလြင္ထက္က ေဖာက္ျပန္ေနတယ္ဆိုတာကို စစ္ေၾကာေရးမွာစစ္ေမးရင္းေပၚသြားပါတယ္။မ်ိဳးလြင္ထက္က ေတာ့ လူပ်ိဳပါ။ၿပီးေတာ့သူက ဗကထက္ေအာင္ရဲ့ ဂ်ဴနီယာေပါ့။စီနီယာရဲ့ ဇနီးကို ျပန္စားတဲ့သေဘာပါပဲ။

လူမႈက်င့္ဝတ္ေဖာက္ဖ်က္တာေတာ့ အကုန္ေပၚတာပဲ။ Viberမွာ ေမွာ္ဘီေလတပ္ကိစၥနဲ႔အျပန္အလွန္ေျပာတာကို မိသြားလို႔ စစ္ေၾကာေရးဖမ္းသြားတာပါ။ ေမသူေက်ာ္က မ်ိဳးလြင္ထက္နဲ႔ေဖာက္ျပန္ေနတာကိုေပၚသြားတာ”ဟု ေရၾကည္အိုင္တပ္သတင္းရင္းျမစ္က ေျပာဆိုသည္။

စစ္တပ္အတြင္း လူမႈေရးေဖာက္ျပန္မႈမ်ား၊ အမ်ိဳးသမီးစစ္သည္မ်ားကို ကိုယ္ဝန္ ဖ်က္ခ်ခိုင္းျခင္းႏွင့္ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈမ်ားရွိေနေၾကာင္း ရန္ကုန္ေခတ္သစ္က သတင္းေပးပို႔ခဲ့ၿပီးျဖစ္သည္။

ေမွာ္ဘီေလတပ္ ေဖာက္ခြဲမႈ သံသယႏွင့္ ဦးပိုင္ကို မေကာင္းေျပာသည္ဟုဆိုကာေရၾကည္အိုင္စစ္ေၾကာေရးတြင္ ဖမ္းဆီးစစ္ေဆးခံေနရေသာ ေလတပ္မွ ဗိုလ္မႉးထင္လင္းေဖကို ဗိုလ္မႉး ထက္အံေက်ာ္ ဦးစီး ၿပီးလာေခၚသြားကာ မဂၤလာဒုံေလတပ္စခန္းဌာနခ်ဳပ္ရဲ့ ဗဟိုကင္းအခ်ဳပ္စခန္းတြင္ တြဲဖက္‌ခ်ဳပ္ေႏွာင္ထားေၾကာင္း ေရၾကည္အိုင္စစ္ေၾကာေရး သတင္းရင္းျမစ္ထံမွ သိရွိရသည္။

ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔ ည ၁၁ နာရီ ၄၀ အခ်ိန္ People’s Force ျပည္သူ႔အင္အားစု (Yangon) က ေမွာ္ဘီေလတပ္စခန္း ဌာနခ်ဳပ္ရွိ တိုင္းရင္းသား ေဒသမ်ားကို ဗုံးက်ဲတိုက္ခိုက္ေနေသာ ဖိုက္တာဂ်က္ ေလယာဥ္မ်ား ထားရွိေနရာကို ဝင္ေရာက္ ဗုံးဆင္ၿပီး အေဝးထိန္းဗုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ေၾကာင္း၊ ယင္းသို႔ တိုက္ခိုက္မႈေၾကာင့္ ေလယာဥ္ ၂ စီးပ်က္စီးသြားခဲ့ရသည္။

ဓာတ္ပုံ- စစ္တပ္ေလတပ္စခန္းတစ္ခု။

Crd

Leave a Reply

Your email address will not be published.