CDM စစ္သည္မ်ားကို ၾသစေၾတးလ်အစိုးရက ခိုလႈံခြင့္ ဗီဇာမ်ား စတင္ထုတ္ေပး

News

အၾကမ္းဖက္ မင္းေအာင္လႈိင္ စစ္တပ္ကို စြန႔္ခြာလာေသာ ျပည္သူ႔ဘက္ ေတာ္သား CDM စစ္သည္မ်ားကို ၾသစေၾတးလ်အစိုးရက ခိုလႈံခြင့္ ဗီဇာမ်ား စတင္ထုတ္ေပး

ရန္ကုန္၊ မတ္ ၁၈

ျမန္မာစစ္တပ္ကို စြန႔္ခြာလာေသာ ျပည္သူ႔ဘက္ေတာ္သား CDMစစ္သားမ်ားကို ၾသစေၾတးလ် အစိုးရက ခိုလႈံခြင့္ ဗီဇာမ်ား ထုတ္ေပးၿပီျဖစ္ေၾကာင္း The Sydney Morning Herald က သတင္းေဖာ္ျပသည္။

Sydney Morning Herald ႏွင့္ The Age တို႔က ဩစေတးလ်အစိုးရထံမွ ဇန္နဝါရီလကတည္းက ခိုလႈံခြင့္ရရွိထားသည့္ ျမန္မာစစ္တပ္မွ စြန႔္ခြာလာသူ စစ္သည္ႏွစ္ဦးကို စကားေျပာဆိုခြင့္ရရွိခဲ့ေၾကာင္း သိရွိရသည္။

ျမန္မာ-ထိုင္းနယ္စပ္သို႔ မေရာက္ရွိမီ ေတာ္လွန္ေရးအဖြဲ႕တြင္ ပါဝင္ခဲ့ကာ ဩစေၾတးလ်ႏိုင္ငံတြင္ ေရာက္ရွိေနၿပီျဖစ္ေသာ စစ္အရာရွိက “အာဏာသိမ္းတာကို လက္မခံဘူး။ အရပ္သားေတြကို မသတ္ခ်င္ဘူး၊ အရပ္သားေတြကို ဆန႔္က်င္တာ မခံခ်င္ဘူး။ ဒီမွာ (နယ္စပ္အနီး) မွာ ပုန္း ေအာင္းေနတဲ့ စစ္သည္ေဟာင္းေတြ အမ်ားႀကီးရွိတယ္။ ျမန္မာႏိုင္ငံမွာ မလုံၿခဳံဘူး။ နယ္စပ္မွာ နည္းနည္းပိုလုံၿခဳံေပမယ့္ ငါတို႔ပိတ္မိေနၿပီး ဘဝသစ္ကိုစခ်င္တယ္”ဟု ေျပာဆိုသည္။

လက္ရွိတြင္ အဆိုပါ အရာရွိသည္ မိသားစုႏွင့္အတူ ဩစေၾတးလ်ႏိုင္ငံတြင္ အ ေျခ ခ်ေနၿပီျဖစ္ၿပီး ထိုင္းႏိုင္ငံသို႔ ထြက္ေျပးခဲ့သည့္တိုင္ ၎၏အသက္အႏၲ ရာယ္ကို ၿခိမ္းေျခာက္မႈမ်ား ရွိေနေၾကာင္း ေျပာဆိုသည္။

“စစ္အာဏာရွင္ေတြက အရမ္းရက္စက္တယ္။ ကြၽန္ေတာ္အဲဒီမွာေနလို႔မရဘူး။ အာဏာမသိမ္းခင္က ငါတို႔တိုင္းျပည္ ၿငိမ္းခ်မ္းႏိုင္မယ္လို႔ ယုံၾကည္ခဲ့ေပမယ့္ ကံမေကာင္းစြာနဲ႔ပဲ စစ္အစိုးရက အာဏာသိမ္းခဲ့တယ္”ဟု အဆိုပါအရာရွိက ဆိုသည္။

ၾသစေၾတးလ်ျပည္ထဲေရးဌာနက “အေျခအေနမ်ား သို႔မဟုတ္ လူတစ္ဦးခ်င္း သို႔မဟုတ္ သီးျခားအုပ္စုမ်ား၏ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ျပန္လည္ေနရာခ်ထားေရးအလားအလာမ်ား” ကို မွတ္ခ်က္ေပးမည္မဟုတ္ေၾကာင္း ၊သတ္မွတ္ခ်က္မ်ား၊ ျပည့္စုံေသာ အခ်က္အလက္မ်ားကို အသုံးျပဳ၍ ဗီဇာေလွ်ာက္လႊာတစ္ခုစီကို ထည့္သြင္းစဥ္းစား‌ေၾကာင္း ၊ဗီဇာေလွ်ာက္ထားသူတိုင္းသည္ အမ်ားသူငွာ အက်ိဳးစီးပြားဆိုင္ရာ သတ္မွတ္ခ်က္မ်ားႏွင့္ ျပည့္မီရန္ လိုအပ္ေၾကာင္း” ထုတ္ျပန္ထားသည္။

အမ်ိဳးသား စည္းလုံးညီၫြတ္ေရး အစိုးရ၏ ၾသစေၾတးလ် ကိုယ္စားလွယ္ ေဒါက္တာ ထြန္းေအာင္ေ႐ႊ က ဩစေတးလ်အစိုးရက မၾကာေသးမီက လက္ခံခဲ့ေသာ စစ္ဘက္ေျပာင္းလာသူမ်ားကို သတိျပဳမိေၾကာင္းႏွင့္ အေနာက္ႏိုင္ငံ အစိုးရမ်ား၏ ေဆာင္႐ြက္မႈမ်ားေၾကာင့္ စစ္တပ္ကို အားနည္းေစမည္ျဖစ္ ေၾကာင္း ေျပာဆိုသည္။

“ ၾသစေၾတးလ်၊ နယူးဇီလန္နဲ႔ အေမရိကန္ အစိုးရေတြကို တပ္မေတာ္ကို စြန႔္ခြာလာသူေတြကို အကာအကြယ္ေပးေရး စဥ္းစားေပးဖို႔ ေတာင္းဆိုထားပါတယ္” ဟု ေဒါက္တာထြန္းေအာင္ေ႐ႊကဆိုသည္။

“ႏိုင္ငံတကာ အသိုက္အဝန္းနဲ႔ အစိုးရေတြက တပ္မေတာ္မွ စြန႔္ခြာလာသူေတြကို အကာအကြယ္ေပးႏိုင္မွသာလွ်င္ ျမန္မာစစ္တပ္ အားနည္းေစဖို႔ အရွိန္ျမႇင့္ႏိုင္မွာပါ။ ထိုင္းကေနတဆင့္ ၾသစေၾတးလ်ကို ေရာက္လာၿပီး ၾသစေၾတးလ်ကို မေရာက္လာခင္ ေတာ္လွန္ေရး အဖြဲ႕ရဲ႕ လႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့တဲ့ တပ္မ ေတာ္သား ႏွစ္ေယာက္ကို ကြၽန္ေတာ္ သိပါတယ္”ဟု ၎က ဆက္လက္ေျပာဆိုသည္။

အာဏာဖီဆန္ေရးလႈပ္ရွားမႈတြင္ ပါဝင္ခဲ့ၿပီး NUG ႏွင့္ ခ်ိတ္ဆက္၍ စစ္သားေဟာင္းမ်ားစုေပါင္းထားေသာ ျပည္သူ႔ ရင္ခြင္အဖြဲ႕ သည္ စြန႔္ခြာလာေသာ စစ္သည္မ်ား၏ ေနာက္ခံသမိုင္းေၾကာင္းကို စစ္ေဆးရာတြင္ အဓိက အေရးႀကီးေၾကာင္း ၎က ေျပာဆိုသည္။

အကြမ်းဖက် မင်းအောင်လှိုင် စစ်တပ်ကို စွန့်ခွာလာသော ပြည်သူ့ဘက် တော်သား CDM စစ်သည်များကို သြစတြေးလျအစိုးရက ခိုလှုံခွင့် ဗီဇာများ စတင်ထုတ်ပေး

ရန်ကုန်၊ မတ် ၁၈

မြန်မာစစ်တပ်ကို စွန့်ခွာလာသော ပြည်သူ့ဘက်တော်သား CDMစစ်သားများကို သြစတြေးလျ အစိုးရက ခိုလှုံခွင့် ဗီဇာများ ထုတ်ပေးပြီဖြစ်ကြောင်း The Sydney Morning Herald က သတင်းဖော်ပြသည်။

Sydney Morning Herald နှင့် The Age တို့က ဩစတေးလျအစိုးရထံမှ ဇန်နဝါရီလကတည်းက ခိုလှုံခွင့်ရရှိထားသည့် မြန်မာစစ်တပ်မှ စွန့်ခွာလာသူ စစ်သည်နှစ်ဦးကို စကားပြောဆိုခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာ-ထိုင်းနယ်စပ်သို့ မရောက်ရှိမီ တော်လှန်ရေးအဖွဲ့တွင် ပါဝင်ခဲ့ကာ ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေပြီဖြစ်သော စစ်အရာရှိက “အာဏာသိမ်းတာကို လက်မခံဘူး။ အရပ်သားတွေကို မသတ်ချင်ဘူး၊ အရပ်သားတွေကို ဆန့်ကျင်တာ မခံချင်ဘူး။ ဒီမှာ (နယ်စပ်အနီး) မှာ ပုန်း အောင်းနေတဲ့ စစ်သည်ဟောင်းတွေ အများကြီးရှိတယ်။ မြန်မာနိုင်ငံမှာ မလုံခြုံဘူး။ နယ်စပ်မှာ နည်းနည်းပိုလုံခြုံပေမယ့် ငါတို့ပိတ်မိနေပြီး ဘဝသစ်ကိုစချင်တယ်”ဟု ပြောဆိုသည်။

လက်ရှိတွင် အဆိုပါ အရာရှိသည် မိသားစုနှင့်အတူ ဩစတြေးလျနိုင်ငံတွင် အ ခြေ ချနေပြီဖြစ်ပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့သည့်တိုင် ၎င်း၏အသက်အန္တ ရာယ်ကို ခြိမ်းခြောက်မှုများ ရှိနေကြောင်း ပြောဆိုသည်။

“စစ်အာဏာရှင်တွေက အရမ်းရက်စက်တယ်။ ကျွန်တော်အဲဒီမှာနေလို့မရဘူး။ အာဏာမသိမ်းခင်က ငါတို့တိုင်းပြည် ငြိမ်းချမ်းနိုင်မယ်လို့ ယုံကြည်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ စစ်အစိုးရက အာဏာသိမ်းခဲ့တယ်”ဟု အဆိုပါအရာရှိက ဆိုသည်။

သြစတြေးလျပြည်ထဲရေးဌာနက “အခြေအနေများ သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် သီးခြားအုပ်စုများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြန်လည်နေရာချထားရေးအလားအလာများ” ကို မှတ်ချက်ပေးမည်မဟုတ်ကြောင်း ၊သတ်မှတ်ချက်များ၊ ပြည့်စုံသော အချက်အလက်များကို အသုံးပြု၍ ဗီဇာလျှောက်လွှာတစ်ခုစီကို ထည့်သွင်းစဉ်းစား‌ကြောင်း ၊ဗီဇာလျှောက်ထားသူတိုင်းသည် အများသူငှာ အကျိုးစီးပွားဆိုင်ရာ သတ်မှတ်ချက်များနှင့် ပြည့်မီရန် လိုအပ်ကြောင်း” ထုတ်ပြန်ထားသည်။

အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ၏ သြစတြေးလျ ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေ က ဩစတေးလျအစိုးရက မကြာသေးမီက လက်ခံခဲ့သော စစ်ဘက်ပြောင်းလာသူများကို သတိပြုမိကြောင်းနှင့် အနောက်နိုင်ငံ အစိုးရများ၏ ဆောင်ရွက်မှုများကြောင့် စစ်တပ်ကို အားနည်းစေမည်ဖြစ် ကြောင်း ပြောဆိုသည်။

“ သြစတြေးလျ၊ နယူးဇီလန်နဲ့ အမေရိကန် အစိုးရတွေကို တပ်မတော်ကို စွန့်ခွာလာသူတွေကို အကာအကွယ်ပေးရေး စဉ်းစားပေးဖို့ တောင်းဆိုထားပါတယ်” ဟု ဒေါက်တာထွန်းအောင်ရွှေကဆိုသည်။

“နိုင်ငံတကာ အသိုက်အဝန်းနဲ့ အစိုးရတွေက တပ်မတော်မှ စွန့်ခွာလာသူတွေကို အကာအကွယ်ပေးနိုင်မှသာလျှင် မြန်မာစစ်တပ် အားနည်းစေဖို့ အရှိန်မြှင့်နိုင်မှာပါ။ ထိုင်းကနေတဆင့် သြစတြေးလျကို ရောက်လာပြီး သြစတြေးလျကို မရောက်လာခင် တော်လှန်ရေး အဖွဲ့ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ တပ်မ တော်သား နှစ်ယောက်ကို ကျွန်တော် သိပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး NUG နှင့် ချိတ်ဆက်၍ စစ်သားဟောင်းများစုပေါင်းထားသော ပြည်သူ့ ရင်ခွင်အဖွဲ့ သည် စွန့်ခွာလာသော စစ်သည်များ၏ နောက်ခံသမိုင်းကြောင်းကို စစ်ဆေးရာတွင် အဓိက အရေးကြီးကြောင်း ၎င်းက ပြောဆိုသည်။

Crd

Leave a Reply

Your email address will not be published.