ပုသိမ်လေတပ်မှ စစ်ကောင်စီတပ်သား ၈ ဦးထွက်ပြေးနေ၊ ခွင့်မဲ့စာရင်း မသွင်းသေးကြောင်း ပုသိမ်လေတပ်က ၄င်းတို့ နေအိမ်များကိုစာပို့

News

ပုသိမ္ေလတပ္မွ စစ္ေကာင္စီတပ္သား ၈ ဦးထြက္ေျပးေန၊ ခြင့္မဲ့စာရင္း မသြင္းေသးေၾကာင္း ပုသိမ္ေလတပ္က ၄င္းတို႔ ေနအိမ္မ်ားကိုစာပို႔

ကိုကိုေလး/ဧရာဝတီတိုင္းမ္

ဧရာဝတီ ၊ မတ္လ ၁၇ ရက္
ဧရာဝတီတိုင္း၊ပုသိမ္ေလတပ္စခန္းဌာနခ်ဳပ္မွ စစ္ေကာင္ စီေလတပ္သား ၈ ဦး ၿပီးခဲ့သည့္ ဇန္နဝါရီလ အတြင္းကစတင္၍ ခြင့္မဲ့ပ်က္ကြက္ျဖင့္ တပ္ကိုစြန္႔ခြာထြက္ေျပးေနေၾကာင္း အဆိုပါထြက္ေျပးသြားသူမ်ား၏မိသားစုဝင္မ်ားထံက သိရသည္။

အဆိုပါ ေလတပ္ဖြဲ႕ဝင္မ်ားမွ ၄ ဦးမွာ ေနရပ္ျပန္ရန္ ခြင့္ရ ရွိ၍ ခြင့္ျဖင့္ျပန္သြားၿပီးေနာက္ ျပန္မလာေတာ့ျခင္းျဖစ္ကာ က်န္ ၄ ဦးမွာ အဆိုပါ ေလတပ္မွပင္ ၄င္းတို႔ႏွင့္ေရွ႕ဆင့္ေနာက္ဆင့္ထြက္ေျပးျခင္းျဖစ္သည္ဟု မိသားစုဝင္တဦးကဆိုသည္။

” ခြင့္ရလို႔ဆိုၿပီး ၁ လပိုင္းေလာက္ကအိမ္ကိုခနျပန္ေရာက္ လာေသးတယ္။ အဲ့ဒီတုန္းကသူဘာမွမေျပာဘူး။။ အဲဲ့ဒီလိုျဖစ္ေနၿပီဆိုတာလည္းမသိဘူး။ ဘယ္မွာေရာက္ေနတယ္ဆိုတာလည္း အတိအက်မသိဘူး ။ သူကေတာ့စိတ္မပူဖို႔ေျပာတယ္။

သူတေယာက္ထဲမဟုတ္ဘူး။ သူနဲ႔ေရွ႕ဆင့္ေနာက္ဆင့္ ခြင့္ရတာ အားလုံး ၄ ေယာက္ရတယ္လို႔ေျပာတယ္။ သူတို႔ခြင့္ရၿပီးေတာ့ ေနာက္ထပ္ ၄ေယာက္ထပ္ၿပီးေျပးတယ္လို႔လည္း ေျပာတယ္။ အဲ့ဒီေနာက္ပိုင္းအဆက္သြယ္မရတာၾကာၿပီ” ဟု အဆိုပါထြက္ေျပးေနသူမ်ား၏ မိသားစုဝင္မ်ားထဲမွ အမည္မေဖာ္လိုသူ မိ သားစုဝင္တဦးက ဧရာဝတီတိုင္းမ္ကိုေျပာသည္။

ယခုမတ္လဆန္းပိုင္းတြင္ ထြက္ေျပးေနသည့္ စစ္ေကာင္ စီတပ္သားမ်ား၏မိသားစုဝင္ေနအိမ္မ်ားကို စစ္ေကာင္စီတပ္က စာပို႔၍ ၄င္းတို႔ကိုယခုအခ်ိန္ထိ ခြင့္မဲ့ပ်က္ကြက္စာရင္းမသြင္းေသးေၾကာင္းႏွင့္ ၄င္းတို႔ကိုျပန္လာလိုပါက လာ၍ရေၾကာင္း လစာေငြမ်ားလည္းျပန္လည္ထုတ္ေပးမည္ျဖစ္ေၾကာင္း အေၾကာင္းၾကားခဲ့သည္ဟု ဆိုသည္။

” ဒီလဆန္းပိုင္းေလာက္မွာ အရပ္ဝတ္နဲ႔တေယာက္ေရာက္ လာတယ္ ဘသူလည္းဘာလည္းေတာ့မသိဘူး။ အဲ့ဒီလိုတပ္ကိုျပန္မလာတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ညႇိႏႈိင္းဖို႔ရွိတယ္ေပါ့။

စာမွာေရးထားတာက အခုခ်ိန္ထိသူတို႔ကိုခြင့္ဘဲထားထားတယ္။ ျပန္လာခဲ့ဖို႔ေျပာဖို႔ေပါ့။ ၿပီးရင္ခုထိလစာေတြလည္းျပန္ထုတ္ေပးမယ္ ဆိုၿပီးအေၾကာင္းၾကားလာတာ။ အဆက္သြယ္ရရင္ျပန္ေျပာပါမယ္လို႔ေျပာလိုက္တယ္ ” ဟု ၄င္းကဆက္လက္ေျပာသည္။

စစ္ေကာင္စီ၏ လုပ္ထုံးလုပ္နည္းမ်ားအရ စစ္ေကာင္စီတပ္မွ အရာရွိ၊စစ္သည္တဦးသည္ အ ေၾကာင္းတစုံတရာတင္ျပျခင္းမရွိဘဲ ၂၄ နာရီထက္ေက်ာ္လြန္၍ ခြင့္မဲ့ျဖစ္ေနပါကအဆိုပါအရာရွိ၊စစ္သည္အားခြင့္မဲ့ပ်က္ကြက္အျဖစ္ စတင္ေၾကျငာရၿပီး ခြင့္မဲ့ရက္ ၂၁ ရက္ျပည့္ေျမာက္ပါက စစ္ေျပးအျဖစ္ ေၾကညာရေၾကာင္း တပ္မေတာ္သားေဟာင္းတဦးက ေျပာသည္။

” သတ္မွတ္ရက္ခြင့္လြန္တာဘဲျဖစ္ျဖစ္ ဘာမွမေျပာဘဲ ေပ်ာက္သြားတာဘဲျဖစ္ျဖစ္။ ၂၄ နာရီေက်ာ္ၿပီး သတင္းမပို႔ဘူးဆိုရင္ အဲ့ဒီေပ်ာက္ေနတဲ့ အရာရွိျဖစ္ျဖစ္၊ စစ္သည္ျဖစ္ျဖစ္ ခြင့္မဲ့ေၾကညာရတယ္။ ခြင့္မဲ့ ျဖစ္ၿပီး ၂၁ ရက္ျပည့္ရင္ စစ္ေျပးေၾကျငာရတယ္။ အဲ့ဒီလိုမလုပ္ဘဲ ၂ လေက်ာ္ေလာက္သူတို႔ထိန္းထားတယ္ဆိုတာေတာ့ သူ႔တပ္ မႉးနဲ႔ဘဲဆိုင္တယ္” ဟု တပ္မေတာ္တြင္း ဆယ္ႏွစ္ေက်ာ္တာဝန္ထမ္းေဆာင္ခဲ့သည့္ အရာရွိေဟာင္းတဦးက ဆိုသည္။

ထို႔အတူ ဧရာဝတီတိုင္းအတြင္းရွိ ခြင့္မဲ့တပ္ေျပးမ်ားႏွင့္ ရဲေျပးမ်ားကို ယခုမတ္လပိုင္းအတြင္းတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက အပူတျပင္းလိုက္လံရွာေဖြေနၾကေၾကာင္း ေဒသခံမ်ားထံက သိရသည္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျပည္သူႏွင့္ပူးေပါင္း၍ CDM ျပဳလုပ္သည့္စစ္ေကာင္စီတပ္ဖြဲ႕မ်ား အမ်ားအျပားရွိေနသလို CDM ျပဳလုပ္ျခင္းမရွိေသာ္လည္း စစ္ေကာင္စီတပ္တြင္းတာဝန္မထမ္းေဆာင္လို၍ ႏိုင္ငံေဒသအႏွံ႔ အ ျပား ခြင့္မဲ့ပ်က္ကြက္ျပဳလုပ္၍ ထြက္ေျပးေနသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္အမ်ားအျပားရွိေနေၾကာင္း ျပည္သူ႔ရင္ခြင္အဖြဲ႕ကထုတ္ျပန္ ထားသည္။

#AyeyarwaddyTimes

ပုသိမ်လေတပ်မှ စစ်ကောင်စီတပ်သား ၈ ဦးထွက်ပြေးနေ၊ ခွင့်မဲ့စာရင်း မသွင်းသေးကြောင်း ပုသိမ်လေတပ်က ၎င်းတို့ နေအိမ်များကိုစာပို့

ကိုကိုလေး/ဧရာဝတီတိုင်းမ်

ဧရာဝတီ ၊ မတ်လ ၁၇ ရက်
ဧရာဝတီတိုင်း၊ပုသိမ်လေတပ်စခန်းဌာနချုပ်မှ စစ်ကောင် စီလေတပ်သား ၈ ဦး ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းကစတင်၍ ခွင့်မဲ့ပျက်ကွက်ဖြင့် တပ်ကိုစွန့်ခွာထွက်ပြေးနေကြောင်း အဆိုပါထွက်ပြေးသွားသူများ၏မိသားစုဝင်များထံက သိရသည်။

အဆိုပါ လေတပ်ဖွဲ့ဝင်များမှ ၄ ဦးမှာ နေရပ်ပြန်ရန် ခွင့်ရ ရှိ၍ ခွင့်ဖြင့်ပြန်သွားပြီးနောက် ပြန်မလာတော့ခြင်းဖြစ်ကာ ကျန် ၄ ဦးမှာ အဆိုပါ လေတပ်မှပင် ၎င်းတို့နှင့်ရှေ့ဆင့်နောက်ဆင့်ထွက်ပြေးခြင်းဖြစ်သည်ဟု မိသားစုဝင်တဦးကဆိုသည်။

” ခွင့်ရလို့ဆိုပြီး ၁ လပိုင်းလောက်ကအိမ်ကိုခနပြန်ရောက် လာသေးတယ်။ အဲ့ဒီတုန်းကသူဘာမှမပြောဘူး။။ အဲ့ဒီလိုဖြစ်နေပြီဆိုတာလည်းမသိဘူး။ ဘယ်မှာရောက်နေတယ်ဆိုတာလည်း အတိအကျမသိဘူး ။ သူကတော့စိတ်မပူဖို့ပြောတယ်။

သူတယောက်ထဲမဟုတ်ဘူး။ သူနဲ့ရှေ့ဆင့်နောက်ဆင့် ခွင့်ရတာ အားလုံး ၄ ယောက်ရတယ်လို့ပြောတယ်။ သူတို့ခွင့်ရပြီးတော့ နောက်ထပ် ၄ယောက်ထပ်ပြီးပြေးတယ်လို့လည်း ပြောတယ်။ အဲ့ဒီနောက်ပိုင်းအဆက်သွယ်မရတာကြာပြီ” ဟု အဆိုပါထွက်ပြေးနေသူများ၏ မိသားစုဝင်များထဲမှ အမည်မဖော်လိုသူ မိ သားစုဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယခုမတ်လဆန်းပိုင်းတွင် ထွက်ပြေးနေသည့် စစ်ကောင် စီတပ်သားများ၏မိသားစုဝင်နေအိမ်များကို စစ်ကောင်စီတပ်က စာပို့၍ ၎င်းတို့ကိုယခုအချိန်ထိ ခွင့်မဲ့ပျက်ကွက်စာရင်းမသွင်းသေးကြောင်းနှင့် ၎င်းတို့ကိုပြန်လာလိုပါက လာ၍ရကြောင်း လစာငွေများလည်းပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

” ဒီလဆန်းပိုင်းလောက်မှာ အရပ်ဝတ်နဲ့တယောက်ရောက် လာတယ် ဘသူလည်းဘာလည်းတော့မသိဘူး။ အဲ့ဒီလိုတပ်ကိုပြန်မလာတဲ့ကိစ္စနဲ့ပတ်သက်ပြီး ညှိနှိုင်းဖို့ရှိတယ်ပေါ့။

စာမှာရေးထားတာက အခုချိန်ထိသူတို့ကိုခွင့်ဘဲထားထားတယ်။ ပြန်လာခဲ့ဖို့ပြောဖို့ပေါ့။ ပြီးရင်ခုထိလစာတွေလည်းပြန်ထုတ်ပေးမယ် ဆိုပြီးအကြောင်းကြားလာတာ။ အဆက်သွယ်ရရင်ပြန်ပြောပါမယ်လို့ပြောလိုက်တယ် ” ဟု ၎င်းကဆက်လက်ပြောသည်။

စစ်ကောင်စီ၏ လုပ်ထုံးလုပ်နည်းများအရ စစ်ကောင်စီတပ်မှ အရာရှိ၊စစ်သည်တဦးသည် အ ကြောင်းတစုံတရာတင်ပြခြင်းမရှိဘဲ ၂၄ နာရီထက်ကျော်လွန်၍ ခွင့်မဲ့ဖြစ်နေပါကအဆိုပါအရာရှိ၊စစ်သည်အားခွင့်မဲ့ပျက်ကွက်အဖြစ် စတင်ကြေငြာရပြီး ခွင့်မဲ့ရက် ၂၁ ရက်ပြည့်မြောက်ပါက စစ်ပြေးအဖြစ် ကြေညာရကြောင်း တပ်မတော်သားဟောင်းတဦးက ပြောသည်။

” သတ်မှတ်ရက်ခွင့်လွန်တာဘဲဖြစ်ဖြစ် ဘာမှမပြောဘဲ ပျောက်သွားတာဘဲဖြစ်ဖြစ်။ ၂၄ နာရီကျော်ပြီး သတင်းမပို့ဘူးဆိုရင် အဲ့ဒီပျောက်နေတဲ့ အရာရှိဖြစ်ဖြစ်၊ စစ်သည်ဖြစ်ဖြစ် ခွင့်မဲ့ကြေညာရတယ်။ ခွင့်မဲ့ ဖြစ်ပြီး ၂၁ ရက်ပြည့်ရင် စစ်ပြေးကြေငြာရတယ်။ အဲ့ဒီလိုမလုပ်ဘဲ ၂ လကျော်လောက်သူတို့ထိန်းထားတယ်ဆိုတာတော့ သူ့တပ် မှူးနဲ့ဘဲဆိုင်တယ်” ဟု တပ်မတော်တွင်း ဆယ်နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သည့် အရာရှိဟောင်းတဦးက ဆိုသည်။

ထို့အတူ ဧရာဝတီတိုင်းအတွင်းရှိ ခွင့်မဲ့တပ်ပြေးများနှင့် ရဲပြေးများကို ယခုမတ်လပိုင်းအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အပူတပြင်းလိုက်လံရှာဖွေနေကြကြောင်း ဒေသခံများထံက သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူနှင့်ပူးပေါင်း၍ CDM ပြုလုပ်သည့်စစ်ကောင်စီတပ်ဖွဲ့များ အများအပြားရှိနေသလို CDM ပြုလုပ်ခြင်းမရှိသော်လည်း စစ်ကောင်စီတပ်တွင်းတာဝန်မထမ်းဆောင်လို၍ နိုင်ငံဒေသအနှံ့ အ ပြား ခွင့်မဲ့ပျက်ကွက်ပြုလုပ်၍ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားရှိနေကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ကထုတ်ပြန် ထားသည်။

#AyeyarwaddyTimes

Leave a Reply

Your email address will not be published.