အင်းစိန်ထောင် အတွင်းမှ သတင်းစကား
စစ်အာဏာရှင်ကို တော်လှန်ရင်း ထောင်ကျတာ ဘယ်တော့မှ နောင်တ မရဘူး။ ငါတို့ ယုံကြည်လေးစားတဲ့ အမေစုတို့လို ခေါင်းဆောင်တွေနဲ့ တစ်ခေတ်တည်း ထောင်ကျလို့ ဂုဏ်ယူတယ်။ တိုက်ပွဲဝင်နေတဲ့ ညီအစ်ကိုတွေကို မကူနိုင်တော့ တာကိုပဲ ဝမ်းနည်းတယ်။




ဒီမိုကရေစီ နိုင်ငံတွေမှာ နိုင်ငံသား တစ်ယောက်ရဲ့ အမြင့်ဆုံး တာဝန်ဟာ ဆန္ဒမဲ ပေးခြင်းပါ။ ကိုယ်တွေလို စစ်တစ်ပိုင်း ဒီမိုကရေစီ နိုင်ငံမှာတော့ ဆန္ဒမဲ ပေးရုံ မကဘူး။ အဲဒီ မဲရလဒ် အသက်ဝင်လာဖို့ ကာကွယ်ရမယ့် တာဝန်ပါ ရှိတယ်။
ငါတို့ အနာဂတ်၊ ငါတို့ မျိုးဆက် အနာဂတ်၊ တစ်တိုင်းပြည်လုံးရဲ့ အနာဂတ် ကောင်းဖို့ အတွက် စစ်အာဏာရှင်တွေကို မျိုးဖြုတ်ဖို့ဟာ သမိုင်းပေး တာဝန်ပဲ။ ခေတ်အဆက်ဆက်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်းတို့ရဲ့ အသက်၊ သွေး၊ ချွေးတို့သည် အချည်းနှီး မဖြစ်စေရ။
ငါတို့ အနာဂတ် ကောင်းဖို့ ငါတို့ ပြည်သူ တစ်ရပ်လုံး တိုက်ပွဲ ဝင်ကြစို့။ စစ်အာဏာရှင် စနစ်ဆိုးသည် ငါတို့ခေတ်မှာ နောက်ဆုံး အမြစ်ပြတ် မျိုးပြုတ်ရမည်။
အရေးတော်ပုံ အောင်ရမည်။
– ဦးဘမျိုးသိန်း (ဘ) ဦးအောင်သိန်းတိုက် ၁၂၊ အခန်း ၁၂ (သီးသန့်ဆောင်)
– ဦးသိန်းဦး (ဘ) ဦးရဲတလူးတိုက် ၁၂၊ အခန်း ၅ (သီးသန့်ဆောင်)
– ဦးစိုးဝင်း /ခ/ စိုးလေး (ဘ) ဦးဝင်းမောင်တိုက် ၁၂၊ အခန်း ၁၀ (သီးသန့်ဆောင်)
– ဦးထင်လင်းဦး (ဘ) ဦးလှထင်တိုက် ၁၂၊ အခန်း ၉ (သီးသန့်ဆောင်)




– ဦးစန္ဒာသီရိ /ခ/ ဦးဇင်းပုရစ် (ဘ) ဦးလူတုတ်တိုက် ၁၂၊ အခန်း ၇ (သီးသန့်ဆောင်)
– ဒေါက်တာမျိုးညွန့် (ဘ) ဦးဘချစ်တိုက် ၁၁၊ အခန်း ၁ (သီးသန့်ဆောင်)
– ကိုနိုင်ငံလင်း (ဘ) ဦးအေးမြင့်တိုက် ၁၁၊ အခန်း ၂ (သီးသန့်ဆောင်)
– ဦးအာကာမိုးသူ (ဘ) ဦးမျိုးအောင်အဆောင် ၂၊ အခန်း ၆ (သီးသန့်ဆောင်)
(ကာယကံရှင်များ ကိုယ်တိုင် တောင်းဆိုမှုကြောင့် တင်ပေးခြင်း ဖြစ်ပါသည်)
Zin Thaw Naing
အင္းစိန္ေထာင္ အတြင္းမွ သတင္းစကား
စစ္အာဏာရွင္ကို ေတာ္လွန္ရင္း ေထာင္က်တာ ဘယ္ေတာ့မွ ေနာင္တ မရဘူး။ ငါတို႔ ယုံၾကည္ေလးစားတဲ့ အေမစုတို႔လို ေခါင္းေဆာင္ေတြနဲ႔ တစ္ေခတ္တည္း ေထာင္က်လို႔ ဂုဏ္ယူတယ္။ တိုက္ပြဲဝင္ေနတဲ့ ညီအစ္ကိုေတြကို မကူနိုင္ေတာ့ တာကိုပဲ ဝမ္းနည္းတယ္။




ဒီမိုကေရစီ နိုင္ငံေတြမွာ နိုင္ငံသား တစ္ေယာက္ရဲ့ အျမင့္ဆုံး တာဝန္ဟာ ဆႏၵမဲ ေပးျခင္းပါ။ ကိုယ္ေတြလို စစ္တစ္ပိုင္း ဒီမိုကေရစီ နိုင္ငံမွာေတာ့ ဆႏၵမဲ ေပး႐ုံ မကဘူး။ အဲဒီ မဲရလဒ္ အသက္ဝင္လာဖို႔ ကာကြယ္ရမယ့္ တာဝန္ပါ ရွိတယ္။
ငါတို႔ အနာဂတ္၊ ငါတို႔ မ်ိဳးဆက္ အနာဂတ္၊ တစ္တိုင္းျပည္လုံးရဲ့ အနာဂတ္ ေကာင္းဖို႔ အတြက္ စစ္အာဏာရွင္ေတြကို မ်ိဳးျဖဳတ္ဖို႔ဟာ သမိုင္းေပး တာဝန္ပဲ။ ေခတ္အဆက္ဆက္မွာ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရး အတြက္ တိုက္ပြဲဝင္ရင္း က်ဆုံးခဲ့ရေသာ အာဇာနည္ သူရဲေကာင္းတို႔ရဲ့ အသက္၊ ေသြး၊ ေခၽြးတို႔သည္ အခ်ည္းႏွီး မျဖစ္ေစရ။
ငါတို႔ အနာဂတ္ ေကာင္းဖို႔ ငါတို႔ ျပည္သူ တစ္ရပ္လုံး တိုက္ပြဲ ဝင္ၾကစို႔။ စစ္အာဏာရွင္ စနစ္ဆိုးသည္ ငါတို႔ေခတ္မွာ ေနာက္ဆုံး အျမစ္ျပတ္ မ်ိဳးျပဳတ္ရမည္။




အေရးေတာ္ပုံ ေအာင္ရမည္။
– ဦးဘမ်ိဳးသိန္း (ဘ) ဦးေအာင္သိန္းတိုက္ ၁၂၊ အခန္း ၁၂ (သီးသန႔္ေဆာင္)
– ဦးသိန္းဦး (ဘ) ဦးရဲတလူးတိုက္ ၁၂၊ အခန္း ၅ (သီးသန႔္ေဆာင္)
– ဦးစိုးဝင္း /ခ/ စိုးေလး (ဘ) ဦးဝင္းေမာင္တိုက္ ၁၂၊ အခန္း ၁၀ (သီးသန႔္ေဆာင္)
– ဦးထင္လင္းဦး (ဘ) ဦးလွထင္တိုက္ ၁၂၊ အခန္း ၉ (သီးသန႔္ေဆာင္)




– ဦးစႏၵာသီရိ /ခ/ ဦးဇင္းပုရစ္ (ဘ) ဦးလူတုတ္တိုက္ ၁၂၊ အခန္း ၇ (သီးသန႔္ေဆာင္)
– ေဒါက္တာမ်ိဳးညြန႔္ (ဘ) ဦးဘခ်စ္တိုက္ ၁၁၊ အခန္း ၁ (သီးသန႔္ေဆာင္)
– ကိုနိုင္ငံလင္း (ဘ) ဦးေအးျမင့္တိုက္ ၁၁၊ အခန္း ၂ (သီးသန႔္ေဆာင္)
– ဦးအာကာမိုးသူ (ဘ) ဦးမ်ိဳးေအာင္အေဆာင္ ၂၊ အခန္း ၆ (သီးသန႔္ေဆာင္)




(ကာယကံရွင္မ်ား ကိုယ္တိုင္ ေတာင္းဆိုမႈေၾကာင့္ တင္ေပးျခင္း ျဖစ္ပါသည္)
Zin Thaw Naing