ငါတို့အမုန်းဆုံးစနစ် ဒီပွဲဟာနောက်ဆုံးလို့ ဆိုလိုက်တဲ့ ကျော်သက်လင်း…

News

ငါတို့အမုန်းဆုံးစနစ် ဒီပွဲဟာနောက်ဆုံးလို့ ဆိုလိုက်တဲ့ ကျော်သက်လင်း…read more

နွေဦးသစ္စာ

အာဏာပဲသိမ်းသိမ်းအာဏာပဲထိန်းထိန်း ဂျင်းပဲမိမိ ပုလင်းကွဲပဲထိထိတအားနောက်မကျသေးခင်မှာလူထုတွေလမ်းပေါ်ရောက်ခဲ့တယ်။တကယ့်ကိုအားရစရာအင်အားကမ္ဘာမှာအထင်အရှားနဲ့နေ့စွဲများပါပဲ။

ဒီလိုနဲ့… မြသွဲ့ဆိုတဲ့သမီးလေးကျည်ထိကျဆုံးတော့အကြိမ်ကြိမ်ပြန်ကြည့်ပြီး ရင်မချိခဲ့ရ။ အဲဒီနောက်တော့…တဖြည်းဖြည်းနဲ့မြန်ဆန်စွာရမ်းကားအရမ်းများတဲ့အင်အားတွေနဲ့ကြမ်းတန်းစွာလုပ်ဆောင်လာကြတကယ်ကိုမကြည့်ဝံ့စရာအောက်တန်းကျလာတာတွေများခင်ဗျားတို့လည်းမြင်ကြမှာပါ။

တကယ်ပါပဲတစ်ရက် တစ်ရက်နဲ့ထွက်ပြေးတိမ်းရှောင်ခဲ့ရနေ့ရက်တွေမှာလူသားဆန်စွာတထိတ်ထိတ် တလန့်လန့်နဲ့ကြောက်ရွံ့မှုများစွာကြီးစိုးအတင်းပိုးပြီးတိုးဝင်လက်နှက်ကိုင်တပ်မတော်တို့ရဲ့ရင်ခွင်ဆီပေါ့။စထွက်ခဲ့တဲ့နေ့ကတည်းကပိုင်ဆိုင်မှုဆိုတာမရှိ ဗလာနတ္ထိကခုအထိပါပဲ။

မိဘနဲ့မိသားစုကိုစွန့်ခဲ့မှတော့သူတို့လည်းပြန်စွန့်ကြပြီပေါ့ကိုယ်ရွေးတဲ့လမ်းပဲလေ…သတင်းစာဖြတ်ပိုင်းလေးကြည့်ရှိုက်ရှိုက်ကာငို တိမ်ပြိုတဲ့နေ့များဘယ်တော့များပြန်ဆုံ…ကံကြမ္မာကို ငါမယုံတော့ပြီ။

ရက်ကြာတော့လလကြာတော့နှစ်ဒီစနစ်တွေကြားထဲအသဲမာလာတော့ဘဝတူလူငယ်များကိုအားပေးသိလျက်နဲ့စွန့်ခဲ့ကြဝိဥာဥ်တွေအတွက်ငါတို့ရှင်သန်ကြ

ငါတို့ရင်ဆိုင်ရမယ်ထွက်ပြေးသူအရှုံးသေတပန်သက်တဆုံးငါတို့အမုန်းဆုံးစနစ်ဒီပွဲဟာနောက်ဆုံးဖြစ်ဖို့ငါတို့သစ္စာ ငါတို့စောင့်သိအောင်မြင်သည်အထိ။

Kyaw Thet Linn
Unicode


နွဦေးသစ္စာ





ရက်ကြာတော့လလကြာတော့နှစ်ဒီစနစ်တွေကြားထဲအသဲမာလာတော့ဘဝတူလူငယ်များကိုအားပေသိလျက်နဲ့စွန့်ခဲ့ကြဝိဥာဉ်တွေအတွက်ငါတို့ရှင်သန်ကြ


Kyaw Thet Linn

Crd

Leave a Reply

Your email address will not be published.