Zawgyi
လ်ွပ္စစ္မီးအျမဲ ရရွိေစဖို ့ျပည္သူမ်ားသို ့NUG ေဆာင္ရြက္ေပးမည္
ႏိုင္ငံတဝန္း လွ်ပ္စစ္မီးအခက္အခဲ အက်ပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနၾကရတဲ့ ျပည္သူေတြအတြက္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ဆိုလာလမ္းၫႊန္စာအုပ္ကို ထုတ္ျပန္ထားပါတယ္။ ဒီထုတ္ျပန္ခ်က္မွာေတာ့ ဒုတိယဝန္ႀကီး လဖိုင္ေမာ္ထြန္းေအာင္က Solar Guide book ဟာ




ကာလတိုနဲ႔ ကာလလတ္ လွ်ပ္စစ္အက်ပ္အတည္းကို ကိုယ္တိုင္ေျဖရွင္းလိုတဲ့ အိမ္ေထာင္စုေတြအတြက္ အက်ိဳးရွိမယ္လို႔ ေမွ်ာ္လင့္ေၾကာင္းနဲ႔ အခုအေျခအေနေၾကာင့္ ျဖစ္ေပၚလာတဲ့ မျဖစ္မေန ဆိုလာအသုံးျပဳျခင္းေတြကေန ေနာင္အနာဂတ္ ဆိုလာစီမံကိန္း၊ လွ်ပ္စစ္ဓာတ္အားေပး စီမံကိန္းႀကီးေတြနဲ႔ တိုင္းျပည္ကို
ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္နဲ႔ ေမာင္းႏွင္ႏိုင္တဲ့ အဆင့္ေရာက္ေအာင္ ႀကိဳးပမ္းရာမွာ အုတ္တခ်ပ္၊ သဲတပြင့္အျဖစ္ ပါဝင္ေနတာလို႔ ဆိုပါတယ္။ NUG လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ဝက္ဘ္ဆိုက္မွာလည္း မိမိေနအိမ္ရဲ႕ လက္ရွိအေျခအေနနဲ႔ ဆိုလာတပ္ဆင္မယ့္ နည္းလမ္းနဲ႔ ကုန္က်စရိတ္ေတြကို
အလြယ္တကူ ေ႐ြးခ်ယ္တြက္ခ်က္ႏိုင္ဖို႔ ေဖာ္ျပထားသလို Solar Guide book ကိုလည္း ေဒါင္းလုပ္ရယူႏိုင္မွာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံတြင္းမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ လွ်ပ္စစ္မီး မလုံေလာက္မႈ ျပႆနာနဲ႔အတူ ေလာင္စာဆီေဈးႏႈန္း အဆမတန္ႀကီးျမင့္လာတဲ့ ဂယက္ေၾကာင့္ လုပ္ငန္းေတြ ဆက္လက္ရပ္တည္ဖို႔ ခက္ခဲလာ႐ုံတင္မက




သာမန္ျပည္သူေတြဟာလည္း အိမ္သုံးလွ်ပ္စစ္ဓာတ္အား အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရတာပါ။ ၿမိဳ႕ေတာ္ရန္ကုန္မွာ လွ်ပ္စစ္မီးရရွိတဲ့အခ်ိန္က ပုံမွန္မရွိေတာ့ဘဲ တခ်ိဳ႕ေနရာေတြမွာ ၄ နာရီလာၿပီး ၆ နာရီၾကာ ျပန္ပ်က္တာမ်ိဳး ရွိသလို တခ်ိဳ႕လည္း နာရီပိုင္းအတြင္းသာ လွ်ပ္စစ္မီးရၿပီး အခ်ိန္ၾကာျမင့္စြာ လွ်ပ္စစ္မီးျပတ္ေတာက္မႈနဲ႔ ႀကဳံေတြ႕ေနရပါတယ္။
ဒါ့အျပင္ ရန္ကုန္တင္မက တျခားနယ္ၿမိဳ႕႐ြာေတြအႏွံ႔ လွ်ပ္စစ္မီးျပတ္ေတာက္မႈ အခ်ိန္ၾကာျမင့္လာတဲ့ ျပႆနာနဲ႔အတူ အခက္အခဲမ်ားစြာ ႀကဳံေတြ႕လာေနၾကပါတယ္။ ဒီအေျခအေနမွာ စစ္ေကာင္စီက မတ္ ၁၂ ရက္ေန႔ကစၿပီး ၂၈ ရက္ေန႔အထိ အလွည့္က်စနစ္နဲ႔ မီးျဖတ္မယ္၊ တခ်ိဳ႕ေနရာေတြမွာ ၂၄ နာရီ မီးျပတ္မယ္လို႔ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။




Unicode
လျှပ်စစ်မီးအမြဲ ရရှိစေဖို့ပြည်သူများသို့NUG ဆောင်ရွက်ပေးမည်
နိုင်ငံတဝန်း လျှပ်စစ်မီးအခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတဲ့ ပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဆိုလာလမ်းညွှန်စာအုပ်ကို ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်မှာတော့ ဒုတိယဝန်ကြီး လဖိုင်မော်ထွန်းအောင်က Solar Guide book ဟာ
ကာလတိုနဲ့ ကာလလတ် လျှပ်စစ်အကျပ်အတည်းကို ကိုယ်တိုင်ဖြေရှင်းလိုတဲ့ အိမ်ထောင်စုတွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ကြောင်းနဲ့ အခုအခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ မဖြစ်မနေ ဆိုလာအသုံးပြုခြင်းတွေကနေ နောင်အနာဂတ် ဆိုလာစီမံကိန်း၊ လျှပ်စစ်ဓာတ်အားပေး စီမံကိန်းကြီးတွေနဲ့ တိုင်းပြည်ကို




ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ မောင်းနှင်နိုင်တဲ့ အဆင့်ရောက်အောင် ကြိုးပမ်းရာမှာ အုတ်တချပ်၊ သဲတပွင့်အဖြစ် ပါဝင်နေတာလို့ ဆိုပါတယ်။ NUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာလည်း မိမိနေအိမ်ရဲ့ လက်ရှိအခြေအနေနဲ့ ဆိုလာတပ်ဆင်မယ့် နည်းလမ်းနဲ့ ကုန်ကျစရိတ်တွေကို
အလွယ်တကူ ရွေးချယ်တွက်ချက်နိုင်ဖို့ ဖော်ပြထားသလို Solar Guide book ကိုလည်း ဒေါင်းလုပ်ရယူနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ လျှပ်စစ်မီး မလုံလောက်မှု ပြဿနာနဲ့အတူ လောင်စာဆီဈေးနှုန်း အဆမတန်ကြီးမြင့်လာတဲ့ ဂယက်ကြောင့် လုပ်ငန်းတွေ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာရုံတင်မက




သာမန်ပြည်သူတွေဟာလည်း အိမ်သုံးလျှပ်စစ်ဓာတ်အား အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ မြို့တော်ရန်ကုန်မှာ လျှပ်စစ်မီးရရှိတဲ့အချိန်က ပုံမှန်မရှိတော့ဘဲ တချို့နေရာတွေမှာ ၄ နာရီလာပြီး ၆ နာရီကြာ ပြန်ပျက်တာမျိုး ရှိသလို တချို့လည်း နာရီပိုင်းအတွင်းသာ လျှပ်စစ်မီးရပြီး အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။
ဒါ့အပြင် ရန်ကုန်တင်မက တခြားနယ်မြို့ရွာတွေအနှံ့ လျှပ်စစ်မီးပြတ်တောက်မှု အချိန်ကြာမြင့်လာတဲ့ ပြဿနာနဲ့အတူ အခက်အခဲများစွာ ကြုံတွေ့လာနေကြပါတယ်။ ဒီအခြေအနေမှာ စစ်ကောင်စီက မတ် ၁၂ ရက်နေ့ကစပြီး ၂၈ ရက်နေ့အထိ အလှည့်ကျစနစ်နဲ့ မီးဖြတ်မယ်၊ တချို့နေရာတွေမှာ ၂၄ နာရီ မီးပြတ်မယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
Crd