ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် ပျက်လုံးတွေနဲ့ဖျော်ဖြေပေးခဲ့ပြီး ရယ်မောပျော်ရွှင်ခဲ့သူတွေကတော့ ဟားငါးကောင်အဖွဲ့မှ လူရွှင်တော်များပဲဖြစ်ပါတယ်။ ဒါအပြင် ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဟာသသရုပ်ဆောင်အဖြစ် သရုပ်ဆောင်လေ့ရှိတာကို မြင်ကြရလိမ့်မယ်ထင်ပါတယ်။




ဟာသဇာတ်ကားတွေ တော်တော်များများမှာ ဝင်ရောက်သရုပ်ဆောင်ပြီး ဇာတ်သဘင်လောကမှာလဲ နာမည်ကြီးလူရွှင်တော်တွေဖြစ်ကြတဲ့ သူတို့ငါးဦးဟာ ညီအစ်ကိုတွေလိုပဲအရမ်းကိုချစ်ခင်ကြပါတယ်နော်။
ဒါကြောင့်လဲ အမှန်တရားဘက်တော်သား ညီအစ်ကိုချင်း ရင်ဘတ်ချင်းတူတာကြောင့် လွတ်မြောက်နယ်မြေကို တူတူသွားရောက်ခဲ့ကြတာလဲ ဖြစ်ပါတယ်။




ဟားငါးကောင်အဖွဲ့ဟာ အာဏာစသိမ်းခဲ့တဲ့ အချိန်ကစပြီးတော့ ပြည်သူတွေနဲ့အစောဆုံးရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။ ဒါကြောင့်လဲ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ အာဏာရှင်ကိုတွန်းလှန်ဖို့အတွက် လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ကြိုးစားနေတာလဲ ဖြစ်ပါတယ်။
ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိတာဝန်ထမ်းဆောင်နေစဥ်အတွင်း ပွဲလမ်းသဘင်တွေ လုပ်နေကြရင် စိတ်မကောင်းပါဘူးတဲ့။ ” ပွဲလမ်းသဘင်တွေကနေဆိုနေကျတာ မြင်နေတွေ့နေရတော့ ၊ တောထဲက လူရွှင်တော်သူပုန်ကျွန်တော်တို့ရင်ထဲ နင့်ခနဲနင့်ခနဲပါဘဲဗျာ ” လို့ စိတ်မကောင်းစရာ ရေးသားထားတာကို တွေ့ရပါတယ်။




ပရိသတ်ကြီးရေ စိတ်မကောင်းဖြစ်နေတဲ့ လူရွှင်တော် တိုင်းကျော် အတွက် အားပေးစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။
ZAWGYI VERSION
ပွဲလမ်းသဘင်တွေ ကနေဆိုနေတာ မြင်ရင်စိတ်မကောင်းဘူးဆိုတဲ့ လူရွှင်တော် တိုင်းကျော်
















Crd