ကေလးအက်ဥ္းေထာင္ စီးနင္းမႈျဖစ္ပြားၿပီး ႏိုင္ငံေရးအက်ဥ္းသားတခ်ိဳ႕ အပါအဝင္ အက်ဥ္း သား ၇ ဦး ထက္မနည္းကို စစ္တပ္က ပစ္သတ္ ၊ ေထာင္မႉးႀကီးတစ္ဦး ဒဏ္ရာရၿပီး စစ္တပ္က ေထာင္တစ္ခုလုံးကို ထိန္းထား




ရန္ကုန္၊ မတ္ ၁၅
စစ္ကိုင္းတိုင္း၊ ကေလးအက်ဥ္းေထာင္တြင္ စီးနင္းဆူပူမႈတစ္ရပ္ ယေန႔ ညေန ၄ နာရီေက်ာ္ခ်ိန္တြင္ ျဖစ္ပြားၿပီး ႏိုင္ငံေရး အက်ဥ္းသားမ်ားအပါအဝင္ အက်ဥ္း သား ၇ ဦးထက္မနည္းကို စစ္တပ္က ပစ္သတ္လိုက္ေၾကာင္း အက်ဥ္းေထာင္သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။




မတ္လ ၁၅ ရက္ေန႔ ညေန ၄ နာရီ ၄၀ မိနစ္အခ်ိန္မွ ၅ နာရီ ၃၀ မိနစ္အခ်ိန္အထိ ေထာင္အတြင္း စီးနင္းမႈျဖစ္ပြားၿပီး စစ္တပ္က ေထာင္တြင္းသို႔ ဝင္ေရာက္လာၿပီး အက်ဥ္းသားမ်ားကို ပစ္သတ္သျဖင့္ ႏိုင္ငံေရးအက်ဥ္းသား တခ်ိဳ႕ အပါအဝင္ အက်ဥ္းသား ၇ ဦးထက္မနည္းေသဆုံးသြားေၾကာင္း သိရွိရသည္။
“ကေလးေထာင္ကို ရဲဘက္အက်ဥ္းသားေတြက ဝင္စီးတယ္၊ ဆူပူမႈျဖစ္တယ္။ ဝင္စီးတဲ့ရဲဘက္ေတြက အဖမ္းခံထားရတဲ့ PDF ေတြလို႔ေျပာတယ္။ စစ္တပ္က ဝင္ပစ္တာ အဖမ္းခံထားရတဲ့ ရဲဘက္ PDF ၇ ေယာက္က်ဆုံးသြားတယ္လို႔ အစီရင္ခံထားတယ္။ ေထာင္ပိုင္ရယ္၊ ေထာင္ပိုင္ေလးရယ္၊ ေထာင္မႉးႀကီးရယ္ကို ဝင္စီးတာ။ ေထာင္မႉးႀကီးလည္ပင္း ေသြးေၾကာေပါက္သြားလို႔ ေဆး႐ုံမွာ အခု စိုးရိမ္ရတဲ့အေျခအေနပါ။ စစ္တပ္ကေတာ့ ကေလးအက်ဥ္းေထာင္တစ္ခုလုံးကို စီးထားလိုက္ၿပီ” ဟု အက်ဥ္းဦးစီးဌာနသတင္းရင္းျမစ္က ေျပာသည္။




ယုံၾကည္စိတ္ခ်ရေသာ အျခားသတင္းရင္းျမစ္တစ္ခုကမူ ပစ္သတ္ခံရသူမ်ားသည္ ႏိုင္ငံေရးအက်ဥ္း သားမ်ားျဖစ္ၿပီး ေထာင္အာဏာပိုင္မ်ားႏွင့္ အက်ဥ္းသားမ်ားအၾကား ျပႆနာတက္ၾကရာမွ စစ္တပ္က ဝင္လာၿပီး အက်ဥ္းသားမ်ားႏွင့္ႏိုင္ငံေရးအက်ဥ္းသားမ်ားကို ပစ္သတ္ျခင္းျဖစ္ေၾကာင္း ေျပာဆိုသည္။
လက္ရွိအခ်ိန္တြင္ စစ္တပ္က ကေလးအက်ဥ္းေထာင္တစ္ခုလုံးကို လက္နက္ အျပည့္အစုံျဖင့္ စီးနင္းထားၿပီး အက်ဥ္းသားမ်ားကိုလည္း ႐ိုက္ႏွက္ အၾကမ္း ဖက္မႈမ်ားလုပ္ေဆာင္ေနေၾကာင္း၊ အေျခအေန ရႈပ္ေထြးေနေၾကာင္း၊ စစ္တပ္က ပစ္သတ္၍ အက်ဥ္းသား ေသဆုံးမႈ အေရအတြက္မ်ားျပားႏိုင္ေၾကာင္း သတင္းရင္းျမစ္မ်ားက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။




ကလေးအကျဉ်းထောင် စီးနင်းမှုဖြစ်ပွားပြီး နိုင်ငံရေးအကျဉ်းသားတချို့ အပါအဝင် အကျဉ်း သား ၇ ဦး ထက်မနည်းကို စစ်တပ်က ပစ်သတ် ၊ ထောင်မှူးကြီးတစ်ဦး ဒဏ်ရာရပြီး စစ်တပ်က ထောင်တစ်ခုလုံးကို ထိန်းထား
ရန်ကုန်၊ မတ် ၁၅
စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်တွင် စီးနင်းဆူပူမှုတစ်ရပ် ယနေ့ ညနေ ၄ နာရီကျော်ချိန်တွင် ဖြစ်ပွားပြီး နိုင်ငံရေး အကျဉ်းသားများအပါအဝင် အကျဉ်း သား ၇ ဦးထက်မနည်းကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။




မတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်မှ ၅ နာရီ ၃၀ မိနစ်အချိန်အထိ ထောင်အတွင်း စီးနင်းမှုဖြစ်ပွားပြီး စစ်တပ်က ထောင်တွင်းသို့ ဝင်ရောက်လာပြီး အကျဉ်းသားများကို ပစ်သတ်သဖြင့် နိုင်ငံရေးအကျဉ်းသား တချို့ အပါအဝင် အကျဉ်းသား ၇ ဦးထက်မနည်းသေဆုံးသွားကြောင်း သိရှိရသည်။
“ကလေးထောင်ကို ရဲဘက်အကျဉ်းသားတွေက ဝင်စီးတယ်၊ ဆူပူမှုဖြစ်တယ်။ ဝင်စီးတဲ့ရဲဘက်တွေက အဖမ်းခံထားရတဲ့ PDF တွေလို့ပြောတယ်။ စစ်တပ်က ဝင်ပစ်တာ အဖမ်းခံထားရတဲ့ ရဲဘက် PDF ၇ ယောက်ကျဆုံးသွားတယ်လို့ အစီရင်ခံထားတယ်။ ထောင်ပိုင်ရယ်၊ ထောင်ပိုင်လေးရယ်၊ ထောင်မှူးကြီးရယ်ကို ဝင်စီးတာ။ ထောင်မှူးကြီးလည်ပင်း သွေးကြောပေါက်သွားလို့ ဆေးရုံမှာ အခု စိုးရိမ်ရတဲ့အခြေအနေပါ။ စစ်တပ်ကတော့ ကလေးအကျဉ်းထောင်တစ်ခုလုံးကို စီးထားလိုက်ပြီ” ဟု အကျဉ်းဦးစီးဌာနသတင်းရင်းမြစ်က ပြောသည်။




ယုံကြည်စိတ်ချရသော အခြားသတင်းရင်းမြစ်တစ်ခုကမူ ပစ်သတ်ခံရသူများသည် နိုင်ငံရေးအကျဉ်း သားများဖြစ်ပြီး ထောင်အာဏာပိုင်များနှင့် အကျဉ်းသားများအကြား ပြဿနာတက်ကြရာမှ စစ်တပ်က ဝင်လာပြီး အကျဉ်းသားများနှင့်နိုင်ငံရေးအကျဉ်းသားများကို ပစ်သတ်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
လက်ရှိအချိန်တွင် စစ်တပ်က ကလေးအကျဉ်းထောင်တစ်ခုလုံးကို လက်နက် အပြည့်အစုံဖြင့် စီးနင်းထားပြီး အကျဉ်းသားများကိုလည်း ရိုက်နှက် အကြမ်း ဖက်မှုများလုပ်ဆောင်နေကြောင်း၊ အခြေအနေ ရှုပ်ထွေးနေကြောင်း၊ စစ်တပ်က ပစ်သတ်၍ အကျဉ်းသား သေဆုံးမှု အရေအတွက်များပြားနိုင်ကြောင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။




Crd