မႏၲေလး က်ဳံးေဘးမွာ ဆိုင္ကယ္ရပ္မေပးလို႔ဆိုၿပီး

News

မႏၲေလး က်ဳံးေဘးမွာ ဆိုင္ကယ္ရပ္မေပးလို႔ဆိုၿပီး စစ္အုပ္စုက ပစ္သတ္လို႔ အမ်ိဳးသမီးငယ္ တစ္ဦး ေသဆုံး၊ လူငယ္တစ္ဦး ဒဏ္ရာရ၊

MFP ၊ မတ္ – ၁၆

မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ က်ဳံးေျမာက္ဘက္ျခမ္းမွာ မေန႔က ည(၉)နာရီေလာက္က ဆိုင္ကယ္တားတာကို ရပ္မေပးလို႔ ဆိုၿပီး စစ္အုပ္စုက ပစ္ခတ္သတ္ျဖတ္လို႔ အသက္(၂၀)ေက်ာ္ အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ပြဲခ်င္းၿပီး ေသဆုံးကာ လူငယ္တစ္ဦးလည္း ရင္ဘတ္ေသနတ္မွန္ ဒဏ္ရာရၿပီး စိုးရိမ္ရတဲ့ အေျခအေန ျဖစ္ေနတယ္လို႔ နီးစပ္သူေတြက MFP ကို ေျပာပါတယ္။

မတ္(၁၅)ရက္ မေန႔က ည(၉)နာရီဝန္းက်င္က ေအာင္ေျမသာစံၿမိဳ႕နယ္၊ က်ဳံးေျမာက္ဘက္ လမ္း(၈၀)နဲ႔ (၁၂)လမ္းအနီးမွာ ဆိုင္ကယ္စီး သြားလာေနတဲ့ လူငယ္သုံးဦးကို စစ္အုပ္စုက လိုက္လံပစ္ခတ္သတ္ျဖတ္ တာေၾကာင့္ အမ်ိဳးသမီး တစ္ဦး ေသဆုံးၿပီး လူငယ္တစ္ဦး ရင္ၫႊန႔္မွာ ေသနတ္မွန္ ဒဏ္ရာရခဲ့တာလို႔ ဆိုပါတယ္။

အဲ့ဒီ ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး စစ္အုပ္စုဘက္က သတင္းလႊင့္ရာမွာေတာ့ မေန႔က ည(၉)နာရီေလာက္က ေအာင္ေျမသာစံၿမိဳ႕နယ္၊ အမရဌာနီ အေရွ႕ရပ္ကြက္ေန ေမာင္ေအာင္ေက်ာ္သူရ(၂၁)ႏွစ္၊ ေမာင္ေအာင္ၿဖိဳးေက်ာ္ (၂၅)ႏွစ္ႏွင့္ မႏုႏုဝင္း(၂၆)ႏွစ္တို႔ သုံးဦးဟာ ကလစ္ဆိုင္ကယ္တစ္စီးနဲ႔ သုံးေယာက္တြဲစီးၿပီး (၁၂)လမ္းနဲ႔ လမ္း(၈၀)အနီးက ဘီယာဆိုင္ကေန ျပန္အလာမွာ စစ္ေဆးဖို႔ တားဆီးကို ရပ္မေပးတဲ့အတြက္ ေသနတ္နဲ႔ ပစ္ခတ္ခဲ့တာလို႔ ဆိုပါတယ္။

စစ္အုပ္စုက လိုက္လံ ပစ္ခတ္လို႔ ထြက္ေျပးရင္းနဲ႔ ေအာင္ေျမသာစံၿမိဳ႕နယ္ အမရဌာနီရပ္ကြက္၊ အကြက္အမွတ္(၄၂)၊ (၇၉)လမ္းနဲ႔ လမ္း(၈၀)ၾကား၊ (၁၀)လမ္းနဲ႔ (၁၁)လမ္းၾကား အေရာက္မွာေတာ့ မႏုႏုဝင္းမွာ လည္ပင္း က်ည္ေဖာက္ဝင္ ဒဏ္ရာရၿပီး အခင္းျဖစ္ေနရာမွာပဲ ေသဆုံးသလို ေမာင္ေအာင္ၿဖိဳးေက်ာ္မွာလည္း ရင္ၫြန႔္ ေသနတ္မွန္ ဒဏ္ရာရၿပီး အသက္အႏၲရာယ္ စိုးရိမ္ရတဲ့ အေျခအေန ျဖစ္တယ္လို႔ နီးစပ္သူ သတင္းရင္းျမစ္ေတြက MFP ကို ေျပာပါတယ္။

စစ္အုပ္စုဟာ ၿပီးခဲ့တဲ့ လပိုင္ကလည္း မႏၲေလးက်ဳံးေဘး (၂၆)လမ္းနဲ႔ ခ်မ္းျမသာစည္ၿမိဳ႕သစ္ သိပၸံလမ္းေပၚမွာ ဆိုင္ကယ္စီး သြားလာေနတဲ့ လူငယ္ေတြကို အေၾကာင္းမဲ့ ရန္ျပဳပစ္ခတ္လို႔ လူငယ္ ေလးဦးထက္မနည္း ေသဆုံးခဲ့ပါေသးတယ္။

စစ္အုပ္စုဟာ မႏၲေလးၿမိဳ႕အႏွံ႔ ရပ္ကြက္ေတြ၊ လမ္းေတြ ပိတ္ဆို႔ၿပီး ဖမ္းဆီးစစ္ေဆး ေငြညႇစ္တာေတြ လုပ္ေဆာင္ေနသလို ၿမိဳ႕ေနရာအႏွံ႔မွာ ကင္းပုန္းေတြဝပ္ၿပီး စိတ္ထင္သလို ပစ္ခတ္ သတ္ျဖတ္ေနတာလို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။

မန္တလေး ကျုံးဘေးမှာ ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး စစ်အုပ်စုက ပစ်သတ်လို့ အမျိုးသမီးငယ် တစ်ဦး သေဆုံး၊ လူငယ်တစ်ဦး ဒဏ်ရာရ၊

MFP ၊ မတ် – ၁၆

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကျုံးမြောက်ဘက်ခြမ်းမှာ မနေ့က ည(၉)နာရီလောက်က ဆိုင်ကယ်တားတာကို ရပ်မပေးလို့ ဆိုပြီး စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်လို့ အသက်(၂၀)ကျော် အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးကာ လူငယ်တစ်ဦးလည်း ရင်ဘတ်သေနတ်မှန် ဒဏ်ရာရပြီး စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ နီးစပ်သူတွေက MFP ကို ပြောပါတယ်။

မတ်(၁၅)ရက် မနေ့က ည(၉)နာရီဝန်းကျင်က အောင်မြေသာစံမြို့နယ်၊ ကျုံးမြောက်ဘက် လမ်း(၈၀)နဲ့ (၁၂)လမ်းအနီးမှာ ဆိုင်ကယ်စီး သွားလာနေတဲ့ လူငယ်သုံးဦးကို စစ်အုပ်စုက လိုက်လံပစ်ခတ်သတ်ဖြတ် တာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး လူငယ်တစ်ဦး ရင်ညွှန့်မှာ သေနတ်မှန် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က သတင်းလွှင့်ရာမှာတော့ မနေ့က ည(၉)နာရီလောက်က အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အရှေ့ရပ်ကွက်နေ မောင်အောင်ကျော်သူရ(၂၁)နှစ်၊ မောင်အောင်ဖြိုးကျော် (၂၅)နှစ်နှင့် မနုနုဝင်း(၂၆)နှစ်တို့ သုံးဦးဟာ ကလစ်ဆိုင်ကယ်တစ်စီးနဲ့ သုံးယောက်တွဲစီးပြီး (၁၂)လမ်းနဲ့ လမ်း(၈၀)အနီးက ဘီယာဆိုင်ကနေ ပြန်အလာမှာ စစ်ဆေးဖို့ တားဆီးကို ရပ်မပေးတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုက လိုက်လံ ပစ်ခတ်လို့ ထွက်ပြေးရင်းနဲ့ အောင်မြေသာစံမြို့နယ် အမရဌာနီရပ်ကွက်၊ အကွက်အမှတ်(၄၂)၊ (၇၉)လမ်းနဲ့ လမ်း(၈၀)ကြား၊ (၁၀)လမ်းနဲ့ (၁၁)လမ်းကြား အရောက်မှာတော့ မနုနုဝင်းမှာ လည်ပင်း ကျည်ဖောက်ဝင် ဒဏ်ရာရပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးသလို မောင်အောင်ဖြိုးကျော်မှာလည်း ရင်ညွန့် သေနတ်မှန် ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်တယ်လို့ နီးစပ်သူ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လပိုင်ကလည်း မန္တလေးကျုံးဘေး (၂၆)လမ်းနဲ့ ချမ်းမြသာစည်မြို့သစ် သိပ္ပံလမ်းပေါ်မှာ ဆိုင်ကယ်စီး သွားလာနေတဲ့ လူငယ်တွေကို အကြောင်းမဲ့ ရန်ပြုပစ်ခတ်လို့ လူငယ် လေးဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့အနှံ့ ရပ်ကွက်တွေ၊ လမ်းတွေ ပိတ်ဆို့ပြီး ဖမ်းဆီးစစ်ဆေး ငွေညှစ်တာတွေ လုပ်ဆောင်နေသလို မြို့နေရာအနှံ့မှာ ကင်းပုန်းတွေဝပ်ပြီး စိတ်ထင်သလို ပစ်ခတ် သတ်ဖြတ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။

Crd

Leave a Reply

Your email address will not be published.