စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းထားတဲ့ နေအိမ်၊ အဆောက်အဦး အရေအတွက် စာရင်း AAPP ထုတ်ပြန်

News

စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းထားတဲ့ နေအိမ်၊ အဆောက်အဦး အရေအတွက် စာရင်း AAPP ထုတ်ပြန်

စစ်ကောင်စီ လက်ထက်အတွင်း ချိတ်ပိတ်သိမ်းဆည်းခြင်းခံရတဲ့ နေအိမ်၊ အဆောက်အဦး အရေအတွက် ၄၄၀ နီးပါး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်

စစ်ကောင်စီလက်ထက် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ချိတ်ပိတ်သိမ်းဆည်းခြင်းခံရတဲ့ နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း ၄၄၀ ထက်မနည်း ရှိတယ်လို့ သိရပါတယ်

ယင်းအပြင် စစ်ကောင်စီလက်ထက်အတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ မတ်လ ၁၃ရက်နေ့အထိ ၁၆၇၂ ဦး ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်

AAPP ရဲ့ မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၉၆၂၅ ဦးရှိပြီး ၎င်းတို့အနက်မှ ၈၄၂ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရတယ်လို့လည်း သိရပါတယ် Crd- PPT






Crd- PPT

Leave a Reply

Your email address will not be published.