ဒီလိုတွေသိလို့ အမေဒေါ်အောင်ဆန်းစုကြည် ကိုကိုးကျွန်းမှာခြေစုံရပ်ပြခဲ့တာ ..ကို

News

ဘယ်သူတွေဘာပြောပြော AA ဟာ လွှတ်တော်တွေရော ပြည်သူ့မျှော်လင့်ချက်နဲ့တက်လာတဲ့အစိုးရရော ရုပ်လုံးမပေါ်တပေါ်အချိန်မှာ ပေါ်ထွက်လာတဲ့
လက်နက်ကိုင်တပ်တစ်ခုပဲ ….

ဒီမိုကရေစီ ရောင်နီသန်းချိန်မှာပေါ်လာတဲ့တပ်တစ်ခုရဲ့ ရည်ရွယ်ချက်ဟာကျုပ်တို့အတွက်တော့ သာယာစရာမရှိကျုပ်တို့ ရခိုင်တွေကိုချစ်တယ်ကျုပ်တို့

ပြည်ထောင်စုကိုလည်းချစ်တယ်ကျုပ်တို့ ဖယ်ဒရယ်စနစ်ကိုလည်း ကြိုက်တယ်AA ကို အပြစ်မပြောသင့်ဘူးလို့ စိတ်ထဲမှာ စဉ်းစားမိတိုင်း သူ့နောက်ကွယ်က တရုတ်ရဲ့ စနက်ကိုလည်း ပြန်ပြန်မြင်နေရတယ် …

ရခိုင်ကို တရုတ်ကြိုက်တယ်ကိုကိုးကျွန်းကိုလည်း တရုတ်ကြိုက်တယ်အဲ့ဒီနှစ်ခုလုံးက သူ့အတွက် အရေးပါတယ် … မြန်မာတပြည်လုံးစည်းလုံးသွားရင်တောင် ရခိုင်နဲ့ ကိုကိုးကျွန်းကိုရရင် တရုတ်က ကျန်တဲ့တပြည်လုံးကို စောက်ဂရုစိုက်စရာမလိုဘူးဆိုတာကိုသိတယ်။ ကျန်တဲ့တပြည်လုံးကို ရရင် ပိုကောင်းတယ်ဆိုတာလည်း တရုတ်ကသိတယ်။

အဲ့ဒီလို တရုတ်က သိနေတာကို ကျုပ်တို့ဆီက ဒေါ်အောင်ဆန်းစုကြည်လိုခေါင်းဆောင်မျိုးကသိတယ် …(ကိုကိုးကျွန်းမှာ ပထမဦးဆုံး မဲဆွယ်ခရီးစဉ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ခြေစုံရပ်ပြခဲ့တယ်။ အဲ့ဒါကိုလည်း ကျုပ်အစောကြီး ရေးခဲ့တယ်။ တချို့တွေ နားမလည်ခဲ့ဘူး။)

သံတွဲမှာ ပင်လယ်ထုတ်ကုန်ကျွမ်းကျင်တဲ့ဂျပန်စီးပွားရေးသမားတွေဖိတ်ခေါ်ပြီးကိုယ်တိုင် မားကက်တင်းဆင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်လုပ်ရပ်တွေကအခု သမိုင်းကောင်းတွေ ဖြစ်နေပြီတရုတ်စီမံကိန်းကလွဲလို့ ကျန်တာတွေကို AA ဖျက်တယ်…

ရွေးကောက်ပွဲမတိုင်ခင်မှာလည်း NLD အမတ်တွေကို AA ဖမ်းတယ်AA ဟာ တောက်ကြွားလာတဲ့အချိန်ကိုက်မြန်မာ့ဒီမိုကရေစီ ရောင်နီထွန်းစ အချိန်(ဒီမိုကရေစီကို ဆန့်ကျင်နေတာ ကမ္ဘာမှာ ကွန်မြူနစ်ပဲရှိတာကိုမမေ့ဖို့လိုတယ်)

စစ်တပ်နဲ့ တိုက်နေတယ်သာပြောတာ တကယ်တမ်း ICJ အတွက် အထောက်အထားရအောင် ဖမ်းမိထားတဲ့ မြန်မာစစ်သားနှစ်ယောက်ကို နယ်သာလန်ပို့ပေးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားလျှောက်လဲမယ့်အချိန် မတိုင်ခင် ကွက်တိ ….

ဒီလို ကွက်တိဖြစ်အောင်လို့လည်း သူ့ပါပါး တရုတ်ကစီစဉ်တယ်ဒီလိုစီစဉ်တာကလည်း ..မင်းအောင်လှိုင်လို စောက်တုံးကို ခြိမ်းခြောက်တာပဲဖြစ်တယ်..မင်းကို ကမ္ဘာက အရေးယူတော့မယ်…ငါ့ကောင် … မင်းတစ်ခုခုလုပ်တော့ ဆိုတာမျိုးမင်းအောင်လှိုင်ပြာတယ်ရုရှလာတယ်တရုတ်လာတယ်နောက်ပိုင်းမှာ ပင်လယ်စာတွေတောင် ပို့လိုက်သေးတယ်

အခု ကြောက်ပြီး အာဏာသိမ်းတယ်အဲ့ဒီ မင်းအောင်လှိုင်ရဲ့ ကြောက်စိတ်ဟာတရုတ်ဆီကလာတာတရုတ်တွေရဲ့ ဒီမိုကရေစီကြောက်စိတ်ရခိုင်တွေ ရိုဟင်ဂျာ လက်မခံဘူးပြောနေပေမယ့်AA က ရိုဟင်ဂျာကို အကြမ်းဖက်ပါတယ်လို့

စွတ်ဆွဲတဲ့ တရားလိုဘက်ကိုအသာစီးရအောင် သက်သေအဖြစ် စစ်သားနှစ်ယောက် အချိန်မီရအောင် ပို့ပေးနိုင်တယ် AA တရုတ်အကြိုက်လုပ်တယ်အစောကြီးကတည်းက..တရုတ်အကြိုက် ထိန်းသိမ်းပေးထားတာ

အဲ့ဒီမှာ ကြည့်လူမျိုးရေးဆိုတော့လည်း မဟုတ်ဒီမိုကရေစီကိုမြတ်နိုးလို့လားဆိုတော့လည်း မဟုတ်သေချာတာကတော့AA အောင်မြင်ရင် တရုတ်တွေ ရခိုင်ကိုပိုင်လိမ့်မယ်စစ်ကောင်စီ အောင်မြင်ရင်လည်း ကျန်တပြည်လုံးကိုတရုတ်တွေ ပိုင်ဦးမှာပဲကျုပ်တို့အားလုံး တရုတ်အကျိုးစီးပွားအပေါ်မှာ
မီးစင်ကြည့်ကနေကြရပြီ ….

အခုလည်း ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ …စစ်ကောင်စီနဲ့ AA ဘယ်လောက်ချစ်နေကြလဲအခုအချိန်မှာ “ရိုဟင်ဂျာ” ဆိုတဲ့အသံ မြန်မာမကြိုက်ရင်အခြားနိုင်ငံက ဒီမိုကရေစီသမားတွေ မကူညီဘူးအဲ့ဒါလည်း တရုတ်ကြိုက်တယ်”ရိုဟင်ဂျာ” ဆိုတဲ့အသံ

မြန်မာကြိုက်ရင်မင်းအောင်လှိုင် အဆင်မပြေဘူးအဲ့ဒါလည်း တရုတ်ကြိုက်တာပဲ(မင်းအောင်လှိုင်ကို မြှောက်ပေးလို့ရတယ်)(မင်းအောင်လှိုင်မြောက်ပြီး လျှောက်လုပ်ရင် တရုတ်အချိုအချောင်ရမယ့်ဟာတွေလည်း အများကြီးပဲ)

ရခိုင်တွေ ဘာဖြစ်နေနေ”ရိုဟင်ဂျာ” ကို မြန်မာတွေ ဘယ်လိုထင်ထင်”ရိုဟင်ဂျာ” ကို မင်းအောင်လှိုင် ဘယ်လိုပြောပြောAA က ငါတို့ ရခိုင်နိုင်ငံတော်ဆိုတာမျိုးကြွေးကြော်နေရင်လည်းတရုတ်ကြိုက်တာပဲ …

ရုရှဆိုတာလည်း တရုတ်ဟာအာရှကို ကာကွယ်နိုင်သားပဲဆိုတဲ့ စိတ်ကူးနဲ့ ကြိုက်တယ်ဆိုတော့ လောလောဆယ်မှာကစားကွက်အရ ကျုပ်တို့အားလုံးတရုတ်အကြိုက်ကစားကွက်ထဲရောက်နေတယ်

တရုတ်အပေါ် မဟာဗျူဟာကျကျ ကစားနိုင်မယ်လို့ထင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်တောင်မှတရုတ်အကြိုက် ဖမ်းခံထားရတယ် … ဒေါ်အောင်ဆန်းစုကြည်ဟာတရုတ်နဲ့ ပတ်သက်လို့ တစ်ခွန်းတည်းပဲ ပြောခဲ့တာပါ”အိမ်နီးချင်းကောင်းပီသရမယ်” … လို့ ….

ဘာပဲဖြစ်ဖြစ် ကျုပ်တို့သိရမယ် … တော်လှန်ရေးဟာ မင်းအောင်လှိုင်ကျဆုံးရေးသက်သက်မဟုတ်ဘူးစစ်ကောင်စီကျဆုံးရေးသက်သက်မဟုတ်ဘူးအာဏာရှင် အမြစ်ပြတ်သွားရင်တောင်ကျုပ်တို့မှာ ခြစားမယ့် အခင်းအကျင်းတွေ ရှိနေတယ် …

လောလောဆယ်တော့အရေးတော်ပုံအောင်ရမည် … ပေါ့ဒါတွေသိထားပြီး အလေးအပင်ကြီးကို ထမ်းထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ဘဝအမောတွေ အခိုက်အတံ့ ပြေစေချင်တယ် ….

ဒေါ်အောင်ဆန်းစုကြည် … ကျန်းမာပါစေ … ဒီအချိန်မှာ ပျော်ရွှင်ပါစေလို့ဆုမတောင်းချင်တာမို့

နောင်နှစ် မွေးနေ့မှာပျော်အောင်ထားမယ့်နိုင်ငံသားတစ်ယောက်ဖြစ်အောင်ကြိုးစားပါ့မယ်လို့ပဲကတိပေးပါရစေ ….အမေစု ကျန်းမာပြီး အသက်ရာကျော်ရှည်ပါစေ .ဦးအောင်ကြီး

Credit

Leave a Reply

Your email address will not be published.