တိမ်းရှောင်ခဲ့တုန်းက ထမင်းကျွေးခဲ့တဲ့ မိတ်ဆွေ ကွယ်လွန်သွားခဲ့တာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ မင်းမော်ကွန်း?




မင်းသား မင်းမော်ကွန်း ကတော့ တစ်ခေတ်တခါထဲက အောင်မြင်ကျော်ကြား လူကြိုက်များ အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ နုပျိုလွန်းတာကြောင့် ” သွားသေးသေးလေးနဲ့ ကိုကြာနု” လို့ တောင်
ပရိသတ်တွေက ချစ်စနိုးခေါ်ဝေါ်ကြပါသေးတယ်။ မင်းမော်ကွန်း ဟာ “နှလုံးလှ လူမိုက်” ကားနဲ့အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်။ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသားတွေထဲမှာ




တစ်ဦးအပါအဝင်ဖြစ်တဲ့ မင်းမော်ကွန်း ဟာလက်ရှိမှာ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရတာကြောင့် ဘေးကင်းရာ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ ရောက်ရှိနေပါတယ်။
လူရွှင်တော်ကြီး ဦးဖိုးဖြူ ကတော့မနေ့က မတ်လ ၁၁ ရက်နေ့မှာ အဆုတ်ရောဂါနဲ့ ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဖိုးဖြူ ဟာ တစ်ခေတ်တစ်ခါထဲက အောင်မြင်ခဲ့သူတစ်ဦးဖြစ်ပြီး အနုပညာလောကမှာ ဝါရင့်လူရွှင်တော် ဟာသသရုပ်ဆောင်ကြီးတစ်ဦးလဲဖြစ်ပါတယ်။




ဒီလိုအရည်အချင်းရှိတဲ့ အနုပညာရှင်တစ်ဦး ကြွေလွင့်သွားတာကြောင့် အနုပညာရှင်များအားလုံး နှမြောတသဖြစ်နေကြရတာပါ။ ဝါရင့်အနုပညာရှင်ကြီးဖြစ်ကြောင့် အနုပညာညီအစ်ကိုမောင်နှမတွေအတွက်တော့
အမှတ်တရကောင်းများစွာ ကျန်ရစ်ခဲ့ပါတယ်။ မင်းသား မင်းမော်ကွန်း ဟာ ဦးဖိုးဖြူနဲ့ ပတ်သက်ပြီးအမှတ်တခုကို ပြောပြလိုက်ပါတယ်။
မင်းသား မင်းမော်ကွန်း ဟာ တိမ်းရှောင်စဉ်က ဦးဖိုးဖြူ ကျွေးခဲ့တဲ့ ထမင်းဝိုင်းလေးကို သတိရနေတဲ့အကြောင်းကို
” ကျွန်တော်ပြေးလွှားနေတုန်းက ဦးဖြူ နောက်ဆုံးကျွေးခဲ့တဲ့ ထမင်းပွဲလေးသတိရနေဆဲပါ” လို့ သူ့ရဲ့လူမူ့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ လူရွှင်တော် နှင့် ဟာသသရုပ်ဆောင် ဦးဖိုးဖြူ ကောင်းရာ သုဂတိလားပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။
Zawgyi
မင္းသား မင္းေမာ္ကြန္း ကေတာ့ တစ္ေခတ္တခါထဲက ေအာင္ျမင္ေက်ာ္ၾကား လူႀကိဳက္မ်ား ေအာင္ျမင္ခဲ့တဲ့ အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္။ ႏုပ်ိဳလြန္းတာေၾကာင့္ ” သြားေသးေသးေလးနဲ႔ ကိုၾကာႏု” လို႔ ေတာင္ပရိသတ္ေတြက ခ်စ္စႏိုးေခၚေဝၚၾကပါေသးတယ္။




မင္းေမာ္ကြန္း ဟာ “ႏွလုံးလွ လူမိုက္” ကားနဲ႔အမ်ိဳးသားဇာတ္ေဆာင္ဆုကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးရရွိခဲ့ပါတယ္။
ျမန္မာျပည္ရဲ႕ ထိပ္တန္းမင္းသားေတြထဲမွာတစ္ဦးအပါအဝင္ျဖစ္တဲ့ မင္းေမာ္ကြန္း ဟာလက္ရွိမွာ ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲဆိုခံထားရတာေၾကာင့္ ေဘးကင္းရာ လြတ္ေျမာက္နယ္ေျမကို မိသားစုနဲ႔အတူ ေရာက္ရွိေနပါတယ္။ လူ႐ႊင္ေတာ္ႀကီး ဦးဖိုးျဖဴ ကေတာ့
မေန႔က မတ္လ ၁၁ ရက္ေန႔မွာ အဆုတ္ေရာဂါနဲ႔ ဘဝတစ္ပါးကို ကူးေျပာင္းသြားခဲ့တာပဲ ျဖစ္ပါတယ္။




ဖိုးျဖဴ ဟာ တစ္ေခတ္တစ္ခါထဲက ေအာင္ျမင္ခဲ့သူတစ္ဦးျဖစ္ၿပီး အႏုပညာေလာကမွာ ဝါရင့္လူ႐ႊင္ေတာ္ ဟာသသ႐ုပ္ေဆာင္ႀကီးတစ္ဦးလဲျဖစ္ပါတယ္။
ဒီလိုအရည္အခ်င္းရွိတဲ့ အႏုပညာရွင္တစ္ဦး ေႂကြလြင့္သြားတာေၾကာင့္ အႏုပညာရွင္မ်ားအားလုံး ႏွေျမာတသျဖစ္ေနၾကရတာပါ။
ဝါရင့္အႏုပညာရွင္ႀကီးျဖစ္ေၾကာင့္ အႏုပညာညီအစ္ကိုေမာင္ႏွမေတြအတြက္ေတာအမွတ္တရေကာင္းမ်ားစြာ က်န္ရစ္ခဲ့ပါတယ္။




မင္းသား မင္းေမာ္ကြန္း ဟာ ဦးဖိုးျဖဴနဲ႔ ပတ္သက္ၿပီးအမွတ္တခုကို ေျပာျပလိုက္ပါတယ္။ မင္းသား မင္းေမာ္ကြန္း ဟာ တိမ္းေရွာင္စဥ္က ဦးဖိုးျဖဴ ေကြၽးခဲ့တဲ့ ထမင္းဝိုင္းေလးကို သတိရေနတဲ့အေၾကာင္းကို” ကြၽန္ေတာ္ေျပးလႊားေနတုန္းက ဦးျဖဴ ေနာက္ဆုံးေကြၽးခဲ့တဲ့ ထမင္းပြဲေလးသတိရေနဆဲပါ” လို႔ သူ႔ရဲ႕လူမူ႔ကြန္ယက္စာမ်က္ႏွာေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။ လူ႐ႊင္ေတာ္ ႏွင့္ ဟာသသ႐ုပ္ေဆာင္ ဦးဖိုးျဖဴ ေကာင္းရာ သုဂတိလားပါေစလို႔ ဆုေတာင္းေမတၱာပို႔သပါတယ္။
crd