၀င်ကြည့်ရင်းကြက်သိန်းမွှေးညှင်းများထသွားစေမဲ့ဗိုလ်နဂါး မအလတစ်စုကို ပညာပေးခဲ့ပုံကိုပြန်လည်ပြောပြ…..see more…..




ပုလဲနယ်တိုက်ပွဲ စစ်ကောင်စံတပ်သား ၂၀ထက်မနည်း ပြည်သူ့ရဲဘော် သုံးဦးကျဆုံးခဲ့ရဟု ဗိုလ်နဂါးပြော
March 13, 2022 by Arrmarn
–People’s Spring












ပုလဲနယ်တိုက်ပွဲ စစ်ကောင်စံတပ်သား ၂၀ထက်မနည်းသေ၊ ပြည်သူ့ရဲဘော် သုံးဦးကျဆုံးခဲ့ရဟု ဗိုလ်နဂါးပြော
–People’s Spring
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် တုန်ကန်နှင့် နှောရိုးကျေးရွာကြား၌ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်းသေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် MRDAဦးဆောင်သူ ဗိုလ်နဂါးက လူထုနွေဦးသို့ ပြော သည်။




မတ်လ ၁၂ရက် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့သည့် ထိုတိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးလည်း ကျဆုံးခဲ့သည်ဟု ဆိုသည်။
“မတ်လ ၁၁ ရက်က သပြေအေးရွာကို မီးရှို့ခဲ့တပ် စစ်ခွေးတပ်။တုန်ကန်ကျေးရွာမှာ တပ်စွဲ နေတာ စခ ရော ပျူပါဆို ၉၀ ကျော်ရှိတယ်။ဒါပေမယ့် ၆၃ ယောက်ပဲ ဒီကောင်တွေ ပြန်ထွက်လာနိုင်ခဲ့တယ်။ ကျွန်တော်တို့ MRDA က ရဲဘော်နှစ်ဦး ကျတယ်။ပုလဲ ပြည်သူ့ပူးပေါင်းတပ်က တစ်ဦးကျတယ်”ဟု ဗိုလ်နဂါးက ပြော သည်။
တိုက်ပွဲသည် မိနစ် ၄ဝခန့်ကြာမြင့်ခဲ့ပြီး ဒေသခံကာ ကွယ်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်သည်။




သေဆုံးခဲ့သော စစ်ကောင်စီတပ်သားများကို ယနေ့ (မတ်လ ၁၃ ရက်)တွင် ကားများဖြင့် လာရောက်သယ် ဆောင်သွားသည်ဟု ဒေသခံသတင်းရင်းမြစ်များက အသိပေးသည်။
ပုလဲမြို့နယ်ရှိ ကျေးရွာများကို ဖေဖော်ဝါရီလ ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ပစ္စည်းများ သိမ်းယူပြီး အမျိုးသမီးများကို သားမယားပြုကျင့်ကျင့်၍ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည်။




လက်ရှိတွင် ပုလဲမြို့နယ် အလယ်ပိုင်းမှ ချောင်းဦးကြီး၊ ဇီးဖြူကုန်း၊ ဦးနှောက်၊ နှောရိုး၊ သပြေအေး နှင့် တုန်ကန် ကျေးရွာများ မီးရှို့ခံခဲ့ရပြီး ဒေသခံ ထောင်နှင့်ချီထွက် ပြေးတိမ်ရှောင်နေရသည်။
Crd