ဘာအပြစ်မှမရှိတဲ့ဒါရိုက်တာမိုက်တီးကို စကစ အဖွဲ့၀င်များမှsee more………

News

ဘာအပြစ်မှမရှိတဲ့ဒါရိုက်တာမိုက်တီးကို စကစ အဖွဲ့၀င်များမှsee more………

ဒါရိုက်တာ မိုက်တီး ဖမ်းဆီးခံရ

ဧရာဝတီ၊ မတ် ၁၃ ၊ ၂၀၂၂
ဒါရိုက်တာ မိုက်တီးအား မတ်လ ၁၂ ရက်၊ ညနေ ၄ နာရီအချိန်ခန့်က ၎င်းနေထိုင်ရာ ရန်ကုန်မြို့၊ ဘောက်ထော်ရှိ နေအိမ်၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးသွားကြောင်း ၎င်းနှင့် နီးစပ်ရာ အသိုင်းအဝိုင်းထံမှ သိရသည်။

ဒါရိုက်တာ မိုက်တီးအား ယခင် တရားစွဲဆိုထားသော ပုဒ်မ ၅၀၅-က ဖြင့် တာမွေမြို့နယ် ရဲစခန်းက ဖမ်းဆီးသွားကြောင်း သိရသည်။

“ကိုမိုက်က ဆွဲခံထိထားတယ်။ မနေ့က အဖမ်းခံရတာ။ ဖြစ်စဉ်ကတော့ ၅၀၅-က အရင် အမှုဟောင်းကိုပဲ ပြန်စွဲတာ။ မနေ့က ညနေ ၄ နာရီလောက်က ဝင်ဖမ်းသွားတာ” ဟု ဒါရိုက်တာ မိုက်တီးနှင့် နီးစပ်သည့် ရုပ်ရှင် အသိုင်း အဝိုင်းမှ သတင်းရင်းမြစ်တဦးက ဧရာဝတီကို အတည် ပြု ပြောသည်။

မိုက်တီးအား လက်ရှိတွင် တာမွေ ရဲစခန်း၌ ထိန်း သိမ်း ထားကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသော ဒါရိုက်တာ ဝိုင်းအား နေအိမ်တွင် ဖမ်းဆီးခဲ့ပြီးနောက် မတ် ၂ ရက်တွင် ၎င်းအား အမှုမှ ရုပ် သိမ်းပေးခဲ့သည်။

ဒါရိုက်တာ မိုက်တီးကို၂၀၁၈ ခုနှစ်က မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆ (ဂ)နှင့် အရေးယူခဲ့ပြီးနောက် အူမကြီး ကင်ဆာရောဂါဖြစ်နေသောကြောင့် ၎င်းအား အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ပုံစာ – ၂၀၁၈ ခုနှစ်က ဒါရိုက်တာ မိုက်တီးအား ၁၆ (ဂ) အမှုဖြင့် ရုံးထုတ်စဉ်။ (ပုံအဟောင်းဖြစ်သည်)

ဒါရိုက္တာ မိုက္တီး ဖမ္းဆီးခံရ

ဧရာဝတီ၊ မတ္ ၁၃ ၊ ၂၀၂၂
ဒါရိုက္တာ မိုက္တီးအား မတ္လ ၁၂ ရက္၊ ညေန ၄ နာရီအခ်ိန္ခန႔္က ၎ေနထိုင္ရာ ရန္ကုန္ၿမိဳ႕၊ ေဘာက္ေထာ္ရွိ ေနအိမ္၌ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက လာေရာက္ ဖမ္းဆီးသြားေၾကာင္း ၎ႏွင့္ နီးစပ္ရာ အသိုင္းအဝိုင္းထံမွ သိရသည္။

ဒါရိုက္တာ မိုက္တီးအား ယခင္ တရားစြဲဆိုထားေသာ ပုဒ္မ ၅၀၅-က ျဖင့္ တာေမြၿမိဳ႕နယ္ ရဲစခန္းက ဖမ္းဆီးသြားေၾကာင္း သိရသည္။

“ကိုမိုက္က ဆြဲခံထိထားတယ္။ မေန႔က အဖမ္းခံရတာ။ ျဖစ္စဥ္ကေတာ့ ၅၀၅-က အရင္ အမႈေဟာင္းကိုပဲ ျပန္စြဲတာ။ မေန႔က ညေန ၄ နာရီေလာက္က ဝင္ဖမ္းသြားတာ” ဟု ဒါရိုက္တာ မိုက္တီးႏွင့္ နီးစပ္သည့္ ႐ုပ္ရွင္ အသိုင္း အဝိုင္းမွ သတင္းရင္းျမစ္တဦးက ဧရာဝတီကို အတည္ ျပဳ ေျပာသည္။

မိုက္တီးအား လက္ရွိတြင္ တာေမြ ရဲစခန္း၌ ထိန္း သိမ္း ထားေၾကာင္း သိရသည္။ စစ္ေကာင္စီသည္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလအတြင္းကလည္း ပုဒ္မ ၅၀၅-က ျဖင့္ တရားစြဲဆိုထားေသာ ဒါရိုက္တာ ဝိုင္းအား ေနအိမ္တြင္ ဖမ္းဆီးခဲ့ၿပီးေနာက္ မတ္ ၂ ရက္တြင္ ၎အား အမႈမွ ႐ုပ္ သိမ္းေပးခဲ့သည္။

ဒါရိုက္တာ မိုက္တီးကို၂၀၁၈ ခုႏွစ္က မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစတတ္ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒ ပုဒ္မ ၁၆ (ဂ)ႏွင့္ အေရးယူခဲ့ၿပီးေနာက္ အူမႀကီး ကင္ဆာေရာဂါျဖစ္ေနေသာေၾကာင့္ ၎အား အာမခံျဖင့္ ျပန္လႊတ္ေပးခဲ့သည္။

ပုံစာ – ၂၀၁၈ ခုႏွစ္က ဒါရိုက္တာ မိုက္တီးအား ၁၆ (ဂ) အမႈျဖင့္ ႐ုံးထုတ္စဥ္။ (ပုံအေဟာင္းျဖစ္သည္)

Crd

Leave a Reply

Your email address will not be published.