ပြည့်အချစ်တော် မင်းသားချော အကယ်ဒမီ မင်းမော်ကွန်း ရဲ့ ဘဝ အကြောင်း
ညီမတို့ သင်ယူပါ BIOGRAPHY ကနေ တင်ဆက်ပေးမယ့် အကြောင်းအရာကတော့ ရှုပ်ရှင်နှင့် သရုပ်ဆောင် အနုပညာရှင် မင်းမော်ကွန်းအကြာင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။



မင်းမော် ကွန်းကို ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက် မှာ မွေးဖွားခဲ့ပါတယ်။အကယ်ဒမီ နှစ်ဆုပိုင်ရှင် မင်းသားကြီး ဇင်ဝိုင်းရဲ့ သားသမီးနှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်ပါတယ်။ရှပ်ရှင်မင်းသားကြီးဉီးဇင်ဝိုင်းနှင့် မိခင်ဒေါ်ခင်နွယ်နွယ်ထွန်း မှမွေးဖွားခဲ့ပြီး သားနှစ်ယောက်ဖြစ်တဲ့ ကြည်သာဌေးလွင် နဲ့ ကျော်ကျော်ဌေးလွင် ဆိုပြီးနှစ်ယောက် ရှိပါတယ်။
ကျော်ကျော်ဌေးလွင် မှာ ပြည်သူ ချစ် သရုပ်ဆောင် မင်းမော်ကွန်း ဖြစ်လာပါတယ်။လက်ရှိ သင်ဇာလှိုင် ဆိုတဲ့ အမျိုးသမီးနှင့်အတူ သား ဧကဘုန်းမြတ် သမီး လေပြေသွေး ဆိုပြီးသားသမီးနှစ်ယောက် ထွန်းကားထားပါတယ်။ပျော်ရွင်စရာ မိသားစု ဘဝကို ပိုင်ဆိုင်ထားတဲ့
ပြည်သူချစ်မင်းသားချော တစ်ယောက်ပါပဲ။မင်းမော်ကွန်းဟာ သရုပ်ဆောင်လုပ်ငန်းအပြင် မော်ဒယ် အဆိုတော်တစ်ယောက် အဖြစ် လည်း ဘက်စုံကျွမ်းကျင်ပါတယ်။အရပ် ၁၆၈ ရှိပြီး အသက် ၄၉ နှစ် ရောက်သည့်တိုင်ချောမော ဆဲ မင်းသားတစ်လက် ဖြစ်ပါတယ်။



မင်းမော်ကွန်းဟာ အရိပ် ဆိုတဲ့ ဇာတ်ကားနဲ့ ၁၇ နှစ် အရွယ်ထဲက အနုပညာလောထဲကို စတင်ဝင်ရောက် လာခဲ့ပြီး အခုမှာတော့ အကယ်ဒမီ တစ်ဆု ကို ပိုင်ဆိုင်ထားတဲ့ အောင်မြင်တဲ့ မင်းသားတစ်လက်ဖြစ်လို့နေပါပြီ။
ကမ္မပလ၊သံယောဇဉ်ကြိုး၊သုည၊စတေးခဲ့သော မင်း၊အမွှေအနှောက်၊ဆဲလ်ဖီသရဲ၊စတဲ့ ရှုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ် စိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။အရိပ်၊ နှလုံးလှလူမိုက်၊အမေ့နို့ဖိုးစတဲ့ ရုပ်ရှင်ကားကြီးများတွင် ပါဝင်
သရုပ်ဆောင်ခဲ့ ပြီး နှလုံးလှလူမိုက်ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ၂၀၀၁ ခုနှစ်ကရရှိခဲ့ပါတယ်။မိုးနဲ့မြေ၊ ဇာတ်သိမ်း၊ မြေပဲယို ၊မင်းပေးတဲ့ ကမ္ဘာ၊ ရည်းစားစကား စတဲ့ သီချင်းပေါင်းများစွာ ထွက်ရှိခဲ့ပြီး မြေပဲယို သီချင်းက ပရိတ်သတ် အားပေးမှု မြင့်တက်ခဲ့ပါတယ်။



နေတိုး၊ထွန်းထွန်း၊ ကျော်ကျော်ဗို ၊ရဲလေး တို့နှင့် အတူ နှင်းဆီအငြိမ့်အဖွဲ့ ဆိုပြီးစင်တင်ဖျော်ဖြေခဲ့ပြီးနောက်မှာ နှင်းဆီအငြိမ့်ဟာ လည်း အောင်မြင်မှု တစ်ပွေ့တစ်ပိုက် ရရှိခဲ့ပါသေးတယ်။



မင်းမော်ကွန်းဟာ အခုအချိန် မှာ လွတ်မြောက်နယ်မြေ တစ်နေရာ မှာ ရောက်ရှိနေပြီး ပြည်သူ့တိုက်ပွဲကိူ တစ်ထောင့်တစ်နေရာ ကနေ ဆင်နွှဲ လျှက်ရှိနေပါတယ် ။ပြည်သူချစ်မင်းသားတစ်ယောက် ကျန်းမာဘေးကင်းစွာ ရှိနေရင်း ပြည်သူ့မေတ္တာဆက်လက် ခံယူနိုင်ပါစေလို့ ညီမတို့ ThinYUPar BIOGRAPHY မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။
credit