သမီးအငယ်ဆုံးလေး နေမကောင်းဖြစ်နေတာကြောင့် စိုးရိမ်စိတ်ပူနေတဲ့ နန်းမြတ်ဖြိုးသင်း

News

ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ အဆိုတော် သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း ရဲ့ခင်ပွန်းဖြစ်သူ ကိုတာတာမျိုး ဟာ

ကိုဗစ်ရောဂါကို ပြင်းထန်စွာခံစားခဲ့ရပြီး ရုတ်တရတ် ချစ်ရတဲ့မိသားစုကို ခွဲခွာပြီးကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ခင်ပွန်းကွယ်လွန်သွားလို့ ဝမ်းနည်းပူဆွေးနေခဲ့ရပေမယ့် သူမကတော့ ချစ်ရတဲ့သားသားမီးမီးတို့အတွက်

ဘဝကိုကြိုးစားရုန်းကန်နေတာပဲဖြစ်ပါတယ်။ ဖခင်မရှိတော့ပေမယ့် အားငယ်စိတ်မဝင်အောင်

ကလေးနှစ်ယောက်ကို လိုလေးသေးမရှိဘဲ လူတန်းစေ့ထားနိုင်အောင် သူမကအစွမ်းကုန်ကြိုးစားနေတာပဲဖြစ်ပါတယ်။

ခင်ပွန်းမရှိတော့တဲ့ သူမဟာ ကျန်ရစ်ခဲ့တဲ့ ကလေးနှစ်ယောက်ရဲ့ ပညာရေးအတွက်

အကောင်းဆုံးဆိုတဲ့ ကျောင်းမှာထားပေးဖို့ ရည်မှန်းချက်ကို ပြည့်မှီအောင်လဲ ကြိုးစားနေပါသေးတယ်။

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း ဟာ သမီးအငယ်ဆုံးလေး ဂျူးဂျူး နေမကောင်းဖြစ်နေတာကြောင့် စိုးရိမ်စိတ်ပူနေပါတယ်နော်။

” ဂျူးလေးဖျားနေပီ ရာသီဥတုကပူ မီးကပျက် ကလေးကချွေးတွေထွက် အပူရှပ်တာလား

ချွေးအေးပတ်တယ်ခေါ်လားမသိတော့ပါဘူး သမီးလေးမို့လားမသိ ဂျက်နဲ့မတူတအားချွဲတာပဲ

အမြဲရီပီပျော်နေတဲ့ကလေး မှိုင်နေတော့စိတ်မကောင်းတွေဖြစ်ရတယ်”လို့ ရေးသားထားတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးရေ အခုကာလဟာ လျှပ်စစ်မီးတွေခဏခဏပျက်နေတာကြောင့်

ဘက်ပေါင်းစုံမှ အားလုံးအခက်ကြုံနေရပါတယ်။

ZAWGYI VERSION

သမီးအငယ်ဆုံးလေး နေမကောင်းဖြစ်နေတာကြောင့် စိုးရိမ်စိတ်ပူနေတဲ့ နန်းမြတ်ဖြိုးသင်း














crd

 

Leave a Reply

Your email address will not be published.