ဒီတစ်ခေါက်မှာတော့ ယခုခေတ်လူငယ်တွေ မရင်းနှီးလောက်မယ့် တစ်ေခတ်တစ်ခါက လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ ရှပ်ရှင် အနုပညာလောကတွင်သာမက ဓာတ်ပြားလောကတွင်မှာပါ သူမတူအောင် အောင်မြင်မှုတစ်ခွန်စိုက်ခဲ့တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ရ ဓာတ်ရှင်မင်းသမီးကြီး ဒေါ်မေရှင်အကြောင်းကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။
ကျွန်မတို့ thinyupar biography ဟာ မြန်မာ့အနုပညာလောကရဲ့ ထင်ရှားကျော်ကြားသော အနုပညာရှင်များရဲ့ စဉ်ဆက်မပြတ်တင်ဆက်ပေးနေတဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။
ရှပ်ရှင်မင်းသမီးကြီးမေရှင်သည် မြန်မာ့ရုပ်ရှင် လောကနှင့် ဂီတ လောကတို့တွင် စစ်ကြို ခေတ်မှစတင်၍ ကျော်ကြားလာခဲ့ သော ဝဏ္ဏကျော်ထင်ဘွဲ့ရ နိုင်ငံကျော် ရုပ်ရှင်မင်းသမီး၊ အဆို တော်တစ်ဦးဖြစ်ပါတယ်။
စစ်ကြိုခေတ်တွင် ရိုက်ကူးနိုင်သောကားသိပ်မများသော်လည်း ထူးချွန်ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်သောနာမည်ကြီး မင်းသမီးကြီးတစ်ဥ◌ီးဖြစ်ပါတယ်။
ဝဏ္ဏကျော်ထင်ဘွဲ့ဆိုသည်မှာ အများပြည်သူလူထုကောင်းရာအကျိုးကို ဖြစ်ထွန်းအောင်ထူးကဲေကာင်းမွန်စွာ ပေးဆပ်ဆောင်ရွက်သူများအားချီးမြင့်တဲ့ဘွဲ့ဖြစ်ပါတယ်။ ဒေါ်မေရှင်ကို ၁၉၁၇-ခုနှစ်၊ မတ်လ ၁ဝ-ရက်နေ့တွင် မန္တလေး အရှေ့ပြင် အောင်တော်မူရပ်၌ အဖ ပွဲစားကြီး ဦးခင်လေး၊ အမိ ဒေါ်ဖွားယုံတို့က မွေးဖွားခဲ့တယ်လို့ဆိုပါတယ်။
အမည်ရင်းမှာ ဒေါ်သန်းရှင် ဖြစ်ပြီး မွေးချင်း ညီအမ ၅ ဦးအနက် အငယ်ဆုံး သမီးဖြစ်ကာ အမဖြစ်သူများမှာ ဒေါ်ချစ်စု၊ ဒေါ်ချစ်ဥ၊ ဒေါ်သိန်းချစ်၊ ဒေါ်ပွားယဉ်တို့ ဖြစ်ပါတယ်။ဝက်စလီယန်ကျောင်းမှ ၇-တန်း အောင်မြင်ခဲ့ပါတယ်။
ဒေါ်မေရှင်သည် ငယ်စဉ်က ကျောင်းပွဲတွေကရင်း နှငိ့ ကျောင်းသီချင်းတွေဆိုရင်းဖြင့် အနုပညာ၌ဝါသနာပါလာခဲ့ပါတယ်။ အနုပညာ၌ ပျော်မွေ့သော်လည်း ဇာတိမျိုးရိုးမရှိ အဆက်အသွယ်က မရှိသဖြင့် ၈တန်းကျောင်းသူဘဝ ၁၉၃၆ခုနှစ်တွင်မှ သူ၏ ဝါသနာကို အထောက်အကူ ပြုမည့် အခွင့်အလမ်းတစ်ရပ်ပေါ်ပေါက်လာခဲ့ပါတယ်။
ထိုအကြောင်းမှာ အေဝမ်းဖလင် ရုပ်ရှင် ကုမ္ပဏီမှ ရုပ်ရှင်မင်းသမီးသစ်များ အလိုရှိကြောင်း လျှောက်ထားနိုင်ကြောင်း ခေါ်ဆိုသည့်ကြော်ငြာ ဖြစ်ပါတယ်။
အမဖြစ်သူနှင့် တိုင်ပင်ကာ မန္တလေးအေဝမ်း တိုက်ခွဲသို့ သွားရောက်စုံစမ်းခဲ့ပြီး ထို မန္တလေးတိုက်ခွဲမှာပင် လျှောက်လွာတင်ခဲ့ပါတယ်။မကြာမီ ရန်ကုန်အေဝမ်းကုမ္ပဏီမှ ရုပ်ရှင်မင်းသမီးအဖြစ် ရွေးချယ်ကြောင်း အကြောင်းပြန်ကြားခဲ့ရာ ရန်ကုန်သို့ ဆင်းလာခဲ့ပြီး ကုမ္ပဏီသို့သွားရာမှ မူလ နန်းရှင် အမည်ကို မေရှင်ဟု ပြောင်းလဲမှည့်ခေါ်ခဲ့တယ်လို့ဆိုပါတယ်။
အေဝမ်းမှ မေသန်းဟူသော မင်းသမီးကို မွေးထုတ်ပြီးဖြစ်ရာ နောက်ထပ် ရောက်လာ ကြသော မင်းသမီးများကို မေရှင်၊ မေချစ်၊ မေမြင့်၊ မေနု၊ မေသစ်၊ မေဆန်း၊ မေလွင် စသည်ဖြင့် မေ နာမည်များ မှည့်ခေါ်ခဲ့ပါတယ်။
အသက်-၁၈ နှစ်မှ စတင်ကာ အဆိုတော် မမေရှင် အဖြစ် ထင်ရှား ကျော်ကြားလာခဲ့ပြီး အသက်၁၉ နှစ်တွင် မင်းသား ရဲခေါင် ချစ်ဆွေ နှင့် တွဲဖက် သရုပ်ဆောင် ရပြီး ဒါရိုက်တာ ဥ◌ီးတင်မောင် ရိုက်ကူးခဲ့သော ဖူးစာရှင် အသံတိတ် ဇာတ်ကားကို ပထမဆုံး ရိုက်ကူးခဲ့ပါတယ်။
၁၉၃၇တွင် ဖူးစာရှင် ရုပ်ရှင်အား ရုံတင်ပြသနိုင်ခဲ့ပြီး အသံတိတ်ဇာတ်ကားများ ရိုက်ကူးရာမှ ၁၉၃၈ အေဝမ်းသဘင်ဝန်ဓာတ်ပြားများ ထုတ်လာရာတွင် ဓာတ်ပြားသွင်းခွင့်ရရှိခဲ့တယ်လို့ဆိုပါတယ်။
ရုပ်ရှင်ထဲတွင် သီဆိုခဲ့သော တေးများအပါအဝင် သီချင်းအပုဒ်ပေါင်း(၈၀)ခန့် သီဆိုခဲ့ပါတယ်။ရှေးရေစက် သက်ဝေ ကျောင်းပိတ်ရက် ရုန်းတော် လွှတ်တော် အောင်ခြင်းရှစ်ပါး ပျို့မှာတမ်း ကိုယ်ပိုင်မေတ္တာ ချစ်ပွဲဝင် ချစ်မိရင် ချစ်သဲညှာ ချစ်လွန်းတင် စပယ်ဖြူ ဖူးစာပိုင် မဂ်လာမောင်မယ် စသည့် နာမည်ကြီးသီချင်းများစွာကို သီဆိုခဲ့ပါတယ်
၁၉၃၉ ခုနှစ်တ္ငင် မောင့်လိပ်ပြာ မြတ်လေးငုံ သူံးရာသီ ကိုကို့မျက်နှာ ချစ်သဲညှာ စတဲံ သီချင်းတွေက်ု ဓာတ်ပြားသွင်းခဲ့ပါတယ် နိူင်ငံကျော် အဆိုတော် ရုပ်ရှင်မင်းသမီးဘဝသို့ ရောက်ရှိသွားသောအခါ ဦးတင်မောင်နှင့်တွဲကာ ကားကြီးကားကောင်းများ ရိုက်ကူးခဲ့ရပါတယ်။ဒုတိယကမ္ဘာစစ်အပြီးတွင်လည်း ဆက်လက်ရိုက်ကူးခဲ့ပါတယ်။
ထို့နောက် မြန်မာ့ ရုပ်ရှင်လောက၏ ပထမဆုံး အသံထွက် ဇာတ်ကားဖြစ်သည့် မြှားနတ်မောင် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်များက လက်ခံကာ အောင်မြင်မှုများ တစ်ဟုနိထိုးရရှိခဲ့ပါတယ် တွဲဖက်မင်းသားကြီးဖြစ်သူ ဥ◌ီးတင်မောင် ထက်ဒေါ်မေရှင်ဟာ
၈နှစ် အသက်ငယ်သော်လည်း ထိုဇာတ်ကားထဲတွင်တော့ ဒေါ်မေရှင်က အမနေရာက သရုပ်ဆောင်ခဲ့ပါတယ်။ချစ်အမျှ ချစ်ရေစင် မောင့်ဝိဉာဏ် ဇာတ်ကားများရိုက်ကူးခဲ့ပြီးနောက်မှာတော့ စစ်ဖြစ်သွားခဲ့တယ်လို့ ဒေါ်မေရှင်ကဆိုပါတယ်
ကားများအားလုံးကို ကြိုက်သော်လည်း အေဝမ်းရုပ်ရှင်ကနေရိုက်ကူးခဲ့ပြီးဒါရိုက်တာမောင်တင်မောင်ကိုယ်တိုင် ဇာတ်လိုက်မင်းသမီး မေရှင် မေမြင့် တို့နှင့် သရုပ်ဆောင်ထားသည့် ချစ်အမျှဇာတ်ကားကို အနှစ်သက်ဆုံးဖြစ်ပြီး အောင်ခြင်းရှစ်ပါး တေးဿီချင်းကို အနှစ်သက်ဆုံးဖြစ်တယ်
လို့ မင်းသမီးကြီး ဒေါ်မေရှင်က ဆိုပါတယ် မင်းသမီးကြီးမေရှင်တို့ခေတ်တွင် အကယ်ဒမီ မရှိသေးသော်လည်း ချစ်အမျှဇာတ်ကားကို ချိုပြုံး ဇော်လင်း ခင်ယုမေတို့ နှင့် ပြန်လည်ရိုက်ကူးပြီး ရုပ်ရှင်မင်းသမီးချိုပြုံးက အကယ်ဒမီရရှိခဲ့ပါတယ်။ ဂျပန်ခေတ်စစ်အတွင်းမှာ ရှုပ်ရှင်လုပ်ငန်းများ ဓာတ်ပြားလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ပြီး အခြားရုပ်ရှင်မင်းသားမင်းသမီးများက
ပြဇာတ်များကခဲ့သော်လည်း မင်းသမီးကြီးကတော့ တောထဲမှာပုန်းအောင်းနေခဲ့ရတယ်လို့ ဆိုပါတယ် စစ်ပြီးခေတ်တွင် ချိန်တန်ပြီ အသံထွက်ဇာတ်ကားကို မောင်တင်မောင် မေသစ်တိုနှစ် ရိုက်ကူးခဲ့ပါတယ် မောင့်မေတ္တာ သစ္စာရှင် မောင်မောင်စိူး ရိုက်ကူးတဲ့ မေ့တွက်တာ မမထား ချစ်ညီမ သားတို့ရုပ်ရည် စသည့်ဇာတ်ကားများကို စစ်ပြီးခေတ်မှာ ရိုက်ကူးခဲ့တယ်လို့ ဒေါ်မေရှင်ကဆိုပါတယ်
နောက်ဆုံးရိုက်ကူးခဲ့သော ကားမှာ မေတ္တာမွန် ဇာတ်ကားဖြစ်ပြီး ရုပ်ရှင် ဇာတ်ကားပေါင်း ၁၄ကား နှင့် ဓာတ်ပြား တေးသီချင်းပေါင်း ၄ဝကျော် ကို သီဆို ခဲ့ပါတယ်။ ထို့နောက် ၁၉၆၁ခုနှစ် ဖဆပလ အသက်၄၅နှစ် အရွယ်တွင် ကျန်းမာရေးအခြေအနေကြောင့် ရုပ်ရှင်လောကမှ အနားယူခဲ့ပါတယ်။
ချစ်ပန်းဝေဇာတ်ကားကို ရိုက်ကူးနေစဥ◌် အေဝမ်းရုပ်ရှင်မှ နှုတ်ထွက်ခဲ့ပြီး ၁၉၅၁မှ ၁၉၅၈ခုနှစ်အထိ မြန်မာ့အသံတွင် ၇နှစ်ကြာ အမှုထမ်းခဲ့ပါတယ် ။ ၁၉၅၈ခုနှစ်၌ ဝဏ္ဏကျော်ထင်ဘွဲ့ကို ရရှိခဲ့သော်လည်း မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားတွင် ဘွဲ့ကို လှူဒါန်း ခဲ့ပါတယ်။
အေဝမ်းရုပ်ရှင် တခေတ်တွင် မေရှင်ဟု နာမည်ကြီးသည့် ရုပ်ရှင်မင်းသမီးကြီးနှင့် အဆိုတော်ကြီးလည်း ဖြစ်သူ ဒေါ်မေရှင်၏ အတ္ထုပ္ပတ္တိကို ပန်းတပွင့်ရဲ့ ရင်ခုန်သံ အမည်ဖြင့် စာရေးဆရာမ ဝင်းဝင်းမြင့် (နန်းတော်ရှေ့) က ရေးသား ထုတ်ဝေခဲ့ပါတယ် ။၂၀၀၈ခုနှစ် စက်တင်ဘာလ ၃ရက် ည၁၁နာရီ ၃ဝမိနစ်၊ အသက် -၉၁ နှစ် အရွယ်တွင် မန္တလေးမြို့ရှိ အောင်တော်မူ ရပ်ကွက်၊ ၂၆ ဘီလမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြား၊
မြစန္ဒာလမ်းသွယ်ရှိ ရတနာ နေအိမ်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ရှိပြီလို့ ဆိုပါတယ်။”အဆုတ်ထဲကို ရေဝင်တယ်ဆိုပြီး ဆေးရုံက မှတ်ချက်ချပါတယ်။ ဆရာဝန်က အိမ်ခေါ်သွား ဆိုတော့ အိမ်မှာပဲ ဆုံးသွားတာပါပဲ။ ပြီးခဲ့တဲ့ စနေနေ့ ဆေးရုံတက်တာ ဗုဒ္ဓဟူးနေ့က ဖောက်လာပြီး ဆုံးသွားတာပါ”
ဟု ဒေါ်မေရှင်၏ တူဖြစ်သူ တစ်ဦးက မဇ္ဈိမ သတင်းဋ္ဌာန ကို ပြောပြပါတယ် ဒေါ်မေရှင်၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို စက်တင်ဘာလ ၅ ရက်နေ့၊ ညနေ ၃ နာရီတွင် ကြာနီကန် သုသာန်တွင် ဂူသွင်း သင်္ဂြိုဟ်ရာ မိသားစုများနှင့်အတူ ရုပ်ရှင်၊ဂီတ ပညာရှင်များ၊ မြို့မိမြို့မများ လိုက်လံပို့ဆောင် ပေးခဲ့ကြပါတယ်။
အခုဆိုရင်တော့ မြန်မာအနုပညာလောကရဲ့ နာမည်ကြီး မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ရ နိုင်ငံကျော်မင်းသမီး ဒေါ်မေရှင်အကြောင်းကို တင်ဆက်ပေးသွားတာပဲဖြစ်ပါတယ် ။နောက်ထပ်သော အကြောင်းအရာများအတွက် ကျွန်မတို့ရဲံ သင်ယူပါ ဘိုင်အိုဂရက်ဖီ ချန်နယ် ကို လိုက် အမ် ဖော်လိုး လေးလုပ်ပေးထားကြပါရှင့် ။ပရိတ်သတ်ကြီးများအားလုံးကိူ ကျေးဇူးတင်ပါတယ်ရှင့်။
ZAWGYI VERSION
ဝဏ္ဏကျော်ထင်ဘွဲ့ရ အဆိုတော် ဓာတ်ရှင် မင်းသမီးကြီး ဒေါ်မေရှင် ဘ၀အကြောင်း
ဒီတစ်ခေါက်မှာတော့ ယခုခေတ်လူငယ်တွေ မရင်းနှီးလောက်မယ့် တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ ရှပ်ရှင် အနုပညာလောကတွင်သာမက ဓာတ်ပြားလောကတွင်မှာပါ သူမတူအောင်
ကားများအားလုံးကို ကြိုက်သော်လည်း အေဝမ်းရုပ်ရှင်ကနေရိုက်ကူးခဲ့ပြီးဒါရိုက်တာမောင်တင်မောင်ကိုယ်တိုင် ဇာတ်လိုက်မင်းသမီး မေရှင် မေမြင့် တို့နှင့် သရုပ်ဆောင်ထားသည့် ချစ်အမျှဇာတ်ကားကို အနှစ်သက်ဆုံးဖြစ်ပြီး အောင်ခြင်းရှစ်ပါး တေဿးီချင်းကို အနှစ်သက်ဆုံးဖြစ်တယ် လို့ မင်းသမီးကြီး ဒေါ်မေရှင်က ဆိုပါတယ်
ပြဇာတ်များကခဲ့သော်လည်း မင်းသမီးကြီးကတော့ တောထဲမှာပုန်းအောင်းနေခဲ့ရတယ်လို့ ဆိုပါတယ် စစ်ပြီးခေတ်တွင် ချိန်တန်ပြီ အသံထွက်ဇာတ်ကားကို မောင်တင်မောင် မေသစ်တိုနှစ် ရိုက်ကူးခဲ့ပါတယ် မောင့်မေတ္တာ သစ္စာရှင် မောင်မောင်စိုး ရိုက်ကူးတဲ့ မေ့တွက်တာ မမထား ချစ်ညီမ သားတို့ရုပ်ရည် စသည့်ဇာတ်ကားများကို စစ်ပြီးခေတ်မှာ ရိုက်ကူးခဲ့တယ်လို့ ဒေါ်မေရှင်ကဆိုပါတယ်
Crd